ဒီလိုချိန်မှာ ခွန်အားဖြစ်စေမယ့် ကမ်းလှမ်းလာတဲ့ လက်တစ်ဖက်စီတိုင်းကို လက် မလွှတ်ဖို့ပြောလာခဲ့တဲ့ ပိုင်တံခွန်

ဒီလိုချိန်မှာ ခွန်အားဖြစ်စေမယ့် ကမ်းလှမ်းလာတဲ့ လက်တစ်ဖက်စီတိုင်းကို လက် မလွှတ်ဖို့ပြောလာခဲ့တဲ့ ပိုင်တံခွန်

မင်္ဂလာပါ ချစ်ပရိတ်သတ်ကြီးရေ ပိုင်တံခွန်က လတ် တလောဖြစ်ပေါ်နေတဲ့ လူထု လှုပ်ရှားမှုတွေမှာ ပြည် သူပြည်သားတွေနဲ့အတူ အားကြိုးမာန်တက် ပူးပေါင်း ပါဝင်ပေးတာ တွေ့ရပါတယ်။

လူငယ်တွေရဲ့ အနာဂတ် အိမ်မက်တွေ မဆုံးရှုံးအောင် တာဝန်သိပြည်သူတစ်ယောက် အနေနဲ့ တတ်နိုင်တဲ့ဘက်ကနေ လုပ်ဆောင်ပေးခဲ့ပါတယ်။

ဒါ့အပြင် ပိုင်တံခွန် က လမ်းမပေါ်ကို ကိုယ်တိုင်ထွက်ပြီး ပြည်သူ့ပရိတ်သတ်တွေနဲ့အတူ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့တဲ့အပြင် စားသောက်စရာလေးတွေလည်း လှူဒါန်းပေးခဲ့ပါတယ်။

အောင်မြင် ကျော်ကြားမှုတွေကို ဘေးချိတ်ထားပြီး ကိုယ်ရောစိတ်ပါနဲ့ တိုင်းပြည်အရေးကို တက်တက်ကြွကြွ လှုပ်ရှားခဲ့တဲ့ အနုပညာရှင် တစ်ယောက်ဆိုလည်း မမှားပါဘူး။

ခုလက်ရှိမှာ ပိုင်တံခွန်ဟာ ပြည်သူ့ပရိတ်သတ်တွေနဲ့အတူ လူထုလှုပ်ရှားမှုတွေမှာ ဦးဆောင်ပါဝင်မှုတွေကြောင့် ထိန်းသိမ်းမခံရအောင် အဝေးမှာ ခေတ္တရှောင် ရှားနေခဲ့ရပါတယ်။

ယခုမှာတော့ ပိုင်တံခွန်က လတ်တလော အကူအညီပေးလာတဲ့ သူတွေကို လက်မလွှတ်ဖို့အကြောင်းကို ပြောပြလာခဲ့ပါတယ်။

အခုချိန်မှာ ကမ်းလာတဲ့ လက်တစ်ဖက်စီတိုင်းက ကျွန်တော်တို့ရဲ့ ခွန်အားကိုဖြစ်စေတဲ့ အတွက် Personal တွေ ဘေးဖယ်ပြီး စည်းစည်း လုံးလုံး နဲ့ နိုင်ငံ့အတွက် တကယ်အားဖြစ်စေနိုင်မယ့် လက်တွေကို ညဏ်နဲ့ယှဉ်ပြီး တွဲထူပေးရမယ့်အချိန်ပါ။

ကိုယ့်ဆီရောက်လာတဲ့ ခွန်အားကို ရန်သူ့ရဲ့ အင်အားအဖြစ် မစေလွှတ်လိုက်ပါနဲ့ ဆိုပြီး ရေးသားထားပါတယ်။ ပိုင်တံခွန် က ယခုလို ပြည်သူတွေ ခွန် အားဖြစ်စေမယ့် အကြောင်းအရာလေးတွေကို လူမှုကွန်မှာ မကြာခဏ ဖော်ပြပေးတာ တွေ့ရပါတယ်။

ပရိသတ်ကြီးရေ ပိုင်တံခွန်ရဲ့ ရင်တွင်းဆန္ဒလေးကို ကူးယူဖော်ပြရင်း မြန် မာပြည်ကြီး အမြန်ဆုံး ငြိမ်း ချမ်းအောင် ဆုမွန်ကောင်း တောင်းပေး လိုက်ပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *