ဒီနေ့ မနက် ၁၀ နာရီ ၄၅ မိနစ် မှာကွယ်လွန် သွားပြီဖြစ်တဲ့ ပြည်သူချစ်တဲ့ ဝါရင့် ဟာသ လူရွှင်တော်ကြီး ဦးစိန်ရိုး

ဒီနေ့ မနက် ၁၀ နာရီ ၄၅ မိနစ် မှာကွယ်လွန် သွားပြီဖြစ်တဲ့ ပြည်သူချစ်တဲ့ ဝါရင့် ဟာသ လူရွှင်တော်ကြီး ဦးစိန်ရိုး

မင်္ဂလာပါ ချစ် ပရိတ်သတ်ကြီးရေ သဘင် လောကမှာ လျှမ်းလျှမ်းတောက် အောင်မြင်ခဲ့တဲ့ ဝါရင့် ဟာသ လူရွှင်တော်ကြီး ဦးစိန်ရိုးက ဟာသ ဉာဏ်ရွှင်ပြီး မရိုးနိုင်တဲ့ ပျက်လုံးတွေကြောင့် ပရိတ်သတ်ရဲ့ အားပေးမှုကို အပြည့်အဝ ရရှိခဲ့တဲ့ လူရွှင်တော်ကြီး တစ်ယောက်ပဲဖြစ်ပါတယ်။

ပရိတ်သတ်ကို အမြဲလေးစား တန်ဖိုးထားတဲ့ ဦးစိန်ရိုးက ပရိတ်သတ်တွေ အားပေးလို့ ဦးစိန်ရိုးဆိုတာ ဖြစ် လာတဲ့အတွက် ပရိတ်သတ်တွေကို ဘယ်တော့မှ မမေ့ဘူး ပရိတ်သတ်တွေက သူ့ရဲ့ ကျေးဇူးရှင်တွေလို့ အင် တာဗျူး တစ်ခုမှာ ပြောထားတာကိုလည်း တွေ့ခဲ့ရပါသေးတယ်။

လူရွှင်တော် လောကမှာ ခေါင်းဆောင် တစ်ယောက်ဖြစ်ခဲ့တဲ့အတွက် တပည့်များစွာကိုလည်း မွေးထုတ် ပေးနိုင်ခဲ့တဲ့ တကယ်ကို အရည်အချင်း ပြည့်ဝခဲ့တဲ့ ဟာသ လူရွှင်တော်ကြီးတစ်ယောက်ပဲ ဖြစ်ပါတယ်။

ဦးစိန်ရိုးက ကန်တော့ခံ သက်ကြီး လူရွှင်တော် တစ်ဦးဖြစ်သလို လူရွှင်တော် အသင်းရဲ့ နာယက တစ်ဦးလည်း ဖြစ်ပါတယ်။

ပြည်သူချစ်တဲ့ ဟာသ လူရွှင်တော်ကြီး ဦးစိန်ရိုးက ဒီနေ့မနက် ၁၀ နာရီ ၄၅ မိနစ်မှာ ကွယ်လွန် သွားကြောင်းကို သိခဲ့ရတဲ့အတွက် မိသားစုနဲ့ ထပ်တူ ကြွေကွဲ ဝမ်း နည်းရပါတယ်။

ကွယ်လွန်ချိန်မှာ အသက် (၈၇) နှစ်ရှိပြီးဖြစ်တဲ့ တန်ဖိုးရှိတဲ့ အနုပညာ ကြယ်တစ်ပွင့် ဆုံးရှုံးသွားရတဲ့ အ တွက်လည်းများစွာ စိတ်မကောင်း ဖြစ်ရပါတယ်။

ဦးစိန်ရိုး တစ်ယောက် ကောင်းရာ ဘုံဘဝမှာ အေးချမ်းစွာနဲ့ အနားယူ နိုင်ပါစေလို့ ဆုတောင် ပေးလိုက်ပါတယ်။ ဖတ်ရှုအားပေးကြတဲ့ ပရိတ်သတ်ကြီး အားလုံးလည်း အထူးပင် ကျေးဇူး တင်လျက်ပါ။

Add a Comment

Your email address will not be published. Required fields are marked *