ဒီနေ့ ဇန်နဝါရီလ (၁၉) ရက်နေ့မှာ အသဲကွဲတဲ့ရောဂါ သီချင်း ပိုင်ရှင်ကြီး အဆိုတော် ကိုကျော်နိုင်သူ (ခ) လာဇရု ကွယ်လွန်ခဲ့

ဒီနေ့ ဇန်နဝါရီလ (၁၉) ရက်နေ့မှာ အသဲကွဲတဲ့ရောဂါ သီချင်း ပိုင်ရှင်ကြီး အဆိုတော် ကိုကျော်နိုင်သူ (ခ) လာဇရု ကွယ်လွန်ခဲ့

မင်္ဂလာပါ ချစ်ပရိတ်သတ်ကြီးရေ ဒီနေ့ ဇန်နဝါရီလ (၁၉) ရက်နေ့မှာတော့ အသည်း ကွဲတဲ့ရောဂါ သီချင်း ပိုင်ရှင်ကြီး အဆိုတော် လာဇရု ကွယ်လွန် သွားခဲ့ကြောင်း သိရ၍ များစွာ စိမ်မကောင်းဝမ်းနည်းမိပါတယ် ခင်ဗျာ။ ဂီတ ကြယ်တစ်ပွင့် ကြွေလွင့်ခဲ့ရပြီ။

ကိုကျော်နိုင်သူ (ခ) လာဇရု ဇန်န ဝါရီလ (၁၉) ရက်နေ့ (၂၀၂၁) ခုနစ် ဒီနေ့မနက် (၄)နာရီ (၅၀) မိနစ် အချိန်တွင် သူချစ်တဲ့ ကမ္ဘာကြီး သူချစ်တဲ့ အနုပညာ သူချစ်တဲ့ သူတွေ အားလုံးကို နှုတ်ဆက်ခွဲခွာခဲ့ပါတယ်။ မပြောပြတတ်တဲ့ ဆုံးရှုံးမှုကြီး တစ်ခုကို ကျွန်တော်တို့ ရင်ဆိုင် လက်ခံလိုက်ရပြီ။

တေးရေး တေးဆို လာဇရု မတော်တဆ ချော်လဲပြီး ဦးခေါင်း ဒဏ်ရာ ရရှိခဲ့တာကြောင့် မြောက်ဥက္ကလာပ ဆေးရုံမှာ အရေးပေါ် တင်ထားရတာကနေ ဆုံးပါးသွားတာပဲဖြစ်ပါတယ်။ ကောင်းရာဘုံဘဝမှာ စံစား ခံစားနေပါ အစ်ကို ဝမ်းနည်းခြင်းများစွာဖြင့် ဆုတောင်း ပေးလိုက်ပါတယ်။

ပရိတ်သတ်ကြီးအားလုံးလည်း ကွယ်လွန် သွားခဲ့ပြီဖြစ်တဲ့ တေးရေး တေးဆို ကိုကျော်နိုင်သူ (ခ) လာဇရု အတွက် ဆုတောင်း ပေးကြပါအုံးနော်။ ဖတ်ရူ့ အားပေးကြတဲ့ ပရိတ်သတ်ကြီးအားလုံးလည်း သာယာ ပျော်ရွှင်တဲ့ နေ့လေး တစ်နေ့ ဖြစ်ပါစေလို့ ဆုတောင်း ပေးလိုက်ပါတယ် ခင်ဗျာ။

Add a Comment

Your email address will not be published. Required fields are marked *