ဒီနေ့လား မနက်ဖန်လား မသေချာတဲ့ ဘဝမှာ အပူစာတွေ မစားချင်ကြပါနဲ့လို့ ထိထိ မိမိပြောလာခဲ့တဲ့ အောင်မင်းခန့်

ဒီနေ့လား မနက်ဖန်လား မသေချာတဲ့ ဘဝမှာ အပူစာတွေ မစားချင်ကြပါနဲ့လို့ ထိထိ မိမိပြောလာခဲ့တဲ့ အောင်မင်းခန့်

မင်္ဂလာပါ ချစ်ပရိတ်သတ်ကြီးရေ သရုပ်ဆောင် မင်း သား အောင်မင်းခန့်က MRTV-4 ရဲ့ ရုပ်သံ ဇာတ် လမ်း တွဲများမှာ အဓိက သရုပ်ဆောင် မင်းသားအဖြစ်

နဲ့ ပရိတ်သတ်တွေရဲ့ အားပေး ချစ်ခင် ရင်းနှီးမှုတွေကို ရရှိ ပိုင်ဆိုင်ထားသူပဲ ဖြစ်ပါတယ်။

ကျရာ ဇာတ်ရုပ်တိုင်းကို ပီပြင်အောင် သရုပ်ဆောင် နိုင်သူ အောင်မင်းခန့်က သူ့ရဲ့ ကာရိုက်တာ အပေါ် သရုပ် ဆောင် နိုင်ချက်တွေနဲ့ ဇာတ်လမ်း တွဲတိုင်းမှာ ပရိတ်သတ်တွေအတွက် ကာရိုက်တာတိုင်းကို

ထင်ကျန်စေခဲ့သူ အောင်မင်းခန့်ကို ပရိတ်သတ်တွေက ”ဝိညာဉ်ရှိုက်သံ” ဇာတ် လမ်းတွဲကနေ စတင်ကာ သတိထားမိခဲ့ပြီး အားပေးခဲ့ကြတာပါ။

ထာဝရမန္တလေး ဇာတ်လမ်းတွဲမှာလည်း ပရိတ်သတ်တွေရဲ့ အားပေးမှုကို အပြည့် အဝ သိမ်းပိုက်ထားနိုင်ခဲ့ပြီး အောင်မြင်မှုတွေနဲ့ အတူ အမျိုးသမီးလေးတွေရဲ့ ကြားမှာ ရေပန်းစားတဲ့ မင်းသား တစ်လက်အဖြစ် ရပ်တည်နေသူပဲ ဖြစ်ပါတယ်။

အောင်မင်းခန့်က အလှူအတန်းလည်း ရက်ယောပြီး လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေး အခြေ အနေတွေမှာလည်း ပြည်သူတွေနဲ့ တစ်သားတည်း ရှိနေသူလည်း ဖြစ်ပါတယ်။

ခု လက်ရှိမြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ ကိုဗစ် ကပ်ရောဂါဆိုးကြီးဟာ နေရာအနှံ့ ပြန့်ပွားနေတဲ့အတွက် ပြည်သူ တော်တော်များများက ဒုက္ခတွေနဲ့ ရင်ဆိုင်နေ

ရချိန်မှာ ကိုယ်ချင်းစာစိတ် မရှိပဲ အမြတ်ထုတ် အပူစာ စားနေကြတဲ့ သူတွေကို အခုလိုပဲ သူ့ရဲ့လူမှုကွန်ယက် စာမျက်နှာမှတဆင့် ထိထိမိမိ ပြောလာခဲ့တာပဲ ဖြစ်ပါတယ်။

အောင်မင်းခန့်က အသက်လု နေရတဲ့အချိန်မှာ အ မြတ်မလုပါနဲ့ အသက်တွေ ဘဝတွေကို ရင်းပြီး စီပွားမရှာရပါနဲ့ ဘာပဲ လုပ်လုပ် ကိုယ်ချင်းစာ တရားနဲ့ လုပ်ပါ ကိုယ်ချင်းစာ တရားနဲ့ စီးပွါးရှာပါ။

မတော် လောဘ မဖြစ်ပါစေနဲ့ ဘယ်လောဘနဲ့ ရှာရှာ သေရင် ထားခဲ့ရမှာ ဒီနေ့လား မနက်ဖြန်လား မသေ ချာတဲ့ ဘဝမှာ အပူစာတွေ မစားပါနဲ့ ဆိုပြီးတော့ ရေး သား လာခဲ့တာပဲ ဖြစ်ပါတယ်။

အခုလို ကာလကြီးမှာ အားလုံးပဲ တစ်ဦးနဲ့တစ်ဦး အ ပြန်အလှန် စောင့်ရှောက်ကြရင်း ကိုယ်ချင်း စာစိတ် လေးနဲ့ နေထိုင်သွားပြီး အကောင်းဆုံး ပါပဲနော်။

ပရိတ်သတ်ကြီးအားလုံးလည်း ကပ်ကြီး သုံးပါးစလုံးကနေ လွတ်မြောက်နိုင်ကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ရပါတယ်။ C r d

Add a Comment

Your email address will not be published. Required fields are marked *