ဒီတစ်ခါတော့ ကျွန်တော် အလည့်ဆိုပြီး လွှတ်မြောက် နယ်မြေ အဝေးကနေ ဖြေမဆည်နိုင်အောင် ဝမ်းနည်းနေရတဲ့  ညီနန္ဒ

ဒီတစ်ခါတော့ ကျွန်တော် အလည့်ဆိုပြီး လွှတ်မြောက် နယ်မြေ အဝေးကနေ ဖြေမဆည်နိုင်အောင် ဝမ်းနည်းနေရတဲ့  ညီနန္ဒ

မင်္ဂလာပါ ချစ်ပရိတ်သတ်ကြီးရေ သရုပ်ဆောင် ညီနန္ဒဟာဆိုရင် ဒီတစ်ခါတော့ ကျွန်တော် အလည့်ဆိုပြီး လွှတ်မြောက်နယ်မြေ အဝေးကနေ ဖြေမဆည်နိုင်အောင် ဝမ်းနည်းနေရတာပဲ ဖြစ်ပါတယ်။

အနုပညာလောကမှာ နှစ်ပေါင်း များစွာတိုင်အောင် ရပ်တည်အောင်မြင်နေပြီး ပရိတ်သတ်တွေရဲ့ အား ပေးမှုကို အခိုင် အမာ ရရှိထားတဲ့ ဝါရင့် သရုပ်ဆောင် ညီနန္ဒ ကိုတော့သိပြီးသား ဖြစ်မှာပါ။

သူကတော့ ခုလတ်တလော မှာဆိုရင် ပုဒ်မ ၅၀၅ က နဲ့ တရားစွဲဆိုခြင်း ခံထားရတာကြောင့် လွတ်မြောက်ရာကို ထွက်ပြေး တိမ်းရှောင်နေရတာပဲ ဖြစ်ပါတယ် ။

မကြာခင် နာရီ ပိုင်းလောက်က ကိုဗစ်ရောဂါ ကူးစက်ခံထားရတဲ့ ဖခင်ဖြစ်သူရဲ့ ကျန်းမာရေး အခြေ အနေကို ပုံလေးနဲ့ တကွ ရေးသား ဖော်ပြလာခဲ့ပါတယ် ။

ဖခင်ဖြစ်သူမှာ အောက်ဆီဂျင်တွေ ၆၀ အထိ ထိုးကျ နေပြီး အနားမှာ ပြုစုခွင့် မရတာကြောင့် အဝေးကနေ စိတ်ပူပန်နေရှာတာ ပဲဖြစ်ပါတယ် ။

ဒီလိုတင်ပြီး ခဏမှာပဲ ဖခင်ဖြစ်သူကို ဆုံးရှုံး လိုက်ရပြီဖြစ်ကြောင်း စိတ်မကောင်းစာ ဝေမျှလာပါတယ် ။

” ဒီတစ်ခါ ကျွန်တော့အလှည့် ကျွန်တော့ အဖေ ည ၇:၃၁ မှာ ဆုံးပြီ ” ရေးသားဖော်ပြထားရာ ထပ်တူ ဝမ်းနည်းမိတာကြောင့် ပရိတ်သတ်ကြီး အတွက် ပြန် လည် ဖော် ပြပေးရင်း ညီနန္ဒရဲ့ ဖခင်လည်း ကောင်းရာ သုဂတိ လားပါစေလို့ ဆုတောင်းပေး လိုက်ပါတယ် ။

အခုလို ဝင်ရောက် ဖတ်ရှု့ပေးကြတဲ့ ပရိတ်သတ် တစ် ယောက် ခြင်းစီတိုင်း ကျန်းမာ ပျော်ရွှင် သော နေ့ရက် များပိုင် ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေး လိုက်ပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *