ဒီကနေ့ ရုံးချိန်းမှာ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ချမှတ်ခြင်းခံလိုက်ရတဲ့ အန်ကယ်လေး

ဒီကနေ့ ရုံးချိန်းမှာ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ချမှတ်ခြင်းခံလိုက်ရတဲ့ အန်ကယ်လေး

မင်္ဂလာပါ ချစ် ပရိတ်သတ်ကြီးရေ အကယ်ဒမီ လူမင်းက အနုပညာလောကရဲ့ အောင်မြင်မှု ရှည်ကြာစွာ ထိန်းသိမ်းထားနိုင်တဲ့ မင်းသား တစ်လတ်ဖြစ်ပြီး ပရိတ်သတ်ရဲ့ ချစ်ခြင်းမေတ္တာကို အခိုင် အမာရရှိနေခဲ့တာပဲ ဖြစ်ပါတယ် ။

ဦးလူမင်းက မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှု စတင်ဖြစ်ပေါ်တဲ့နေ့ကစပြီး ပြည်သူနဲ့ အတူရပ်တည်ကာ လူထု ဆန္ဒ ထုတ်ဖော်ပွဲတွေမှာ ပြည်သူနဲ့ တစ်သား တည်း တိုက်ပွဲ ဝင်နေခဲ့တဲ့ သူတစ်ဦးပဲ ဖြစ်ပါတယ် ။

နောက်ပိုင်းမှာတော့ အကယ်ဒမီ လူမင်း အပါအဝင် အနုပညာရှင် ၆ ဦး CDM အရေး ပါဝင်လှုပ်ရှားမှုကြောင့် ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (က) ဖြင့် တရား စွဲဆိုခံခဲ့ရပါတယ် ။

အကယ်ဒမီ လူမင်းကိုတော့ ဖေဖော်ဝါရီလ ၂၂ ရက်နေ့ ညက တိမ်းရှောင်နေတဲ့ အိမ်အထိ အတင်း တံခါးတွေ ရိုက်ဖျက် ချိုးဝင်ကာ ဖမ်းဆီး သွားခဲ့ကြပါတယ် ။

ဒီနေ့ ဒီဇင်ဘာလ ၃၀ ရက်နေ့မှာတော့ သရုပ်ဆောင် လူမင်းကို ထောင်တွင်းတရား ရုံးကနေ အလုပ်ကြမ်းနဲ့ ထောင် ၃ နှစ် ချမှတ်ခဲ့တယ်လို့ တရားရုံးနှင့် နီးစပ်သည့် အသိုင်း အဝိုင်းမှ သိရပါတယ် ။

အခုချမှတ်ခံရတဲ့ ထောင်ဒဏ်တွေဟာ စွပ်စွဲ ခံရတဲ့ ပုဒ်မမှာ အမြင့်ဆုံး ပြစ်ဒဏ်ဖြစ်ပြီး အင်းစိန်ထောင်တွင်း တရားရုံးတွင် ယနေ့အမိန့်ချမှတ်ခဲ့ခြင်း ဖြစ် သည် ။ အဆုံးထိဖတ်ပေးကြတဲ့ ပရိတ်သတ် တစ်ယောက်ခြင်းစီတိုင်း အထူး ကျေးဇူး တင်လျက်ပါ ။

Add a Comment

Your email address will not be published. Required fields are marked *