ဒီကနေ့မှာပဲ စကစ ကဖမ်းဆီးဖို့ အမိန့် ထုတ်ပြန် ခံလိုက်ရတဲ့ မင်းတပ် မီးအိမ်ရှင်မလေး

ဒီကနေ့မှာပဲ စကစ ကဖမ်းဆီးဖို့ အမိန့် ထုတ်ပြန် ခံလိုက်ရတဲ့ မင်းတပ် မီးအိမ်ရှင်မလေး

မင်္ဂလာပါ ချစ်ပရိတ်သတ်ကြီးရေ ခြေထောက် တစ်ဖက်တွင် ဘောင်းဘီကို ဒူးအထိ မ တင်ပြီး ကျန်တစ်ဖက်ကို ခြေမျက်စိအထိ (ဘောင်းဘီ) ချကာ ရှူးဝါးဖိနပ်အစုတ် စီးတဲ့ မျက်မှန်နဲ့လူတစ်ယောက်ကို

လူအများက တလေးတစား ဆက်ဆံနေတာ ခင်ဗျားမြင်ခဲ့မယ်ဆိုရင် အဲ့လူဟာ ကျတော်တို့ မင်းတပ်မြို့ရဲ့ မီးအိမ်ရှင်မလေး (သို့မဟုတ်) ဒေါက်တာအငြိမ်းသာ ဖြစ်ပါလိမ့်မယ်။

သူ့ရဲ့ပုံစံကို ဆယ်တန်းဖတ်စာမှာသင်ရတဲ့ ရေသည်မိန်းမ ဝတ်စားပုံနှင့် ခိုင်းနှိုင်းမယ်ဆိုရင်ရိုင်းရာကျပေမယ့်

ပိုပြီးထင်သာမြင်သာ ရှိစေမှာတော့အမှန်ပါဘဲ။ အငြိမ်းမှန်း ကြိုတင်မသိခဲ့ရင် သူ့ကို စတွေ့တွေ့ချင်း ခင်ဗျားလေးစားမိမယ်လို့ ကျတော်မထင်ဘူး။

ကျတော်ကိုယ်တိုင်လည်း သူ့ကို စတွေ့တွေ့ချင်း ဘယ်ကမှန်းမသိတဲ့ ပွင့်ပွင့်လင်းလင်း ပြောတတ်နေတတ်တဲ့ မိန်းကလေးတစ်ယောက်အဖြစ်သာ သတိထားမိတာ။

ကျတော်မှ မဟုတ်ဘူးအထက်လူကြီးတွေကလည်း သူ့ရဲ့ “ခင်ဗျားတို့ကို ကျွန်မ ပိုက်ဆံသိန်းတစ်ထောင် လှူမယ် ဆိုတဲ့ တွေ့တွေ့ချင်း

ပြောတဲ့စကားကိုမယုံကြည်ခဲ့ကြဘူး။ ကိုယောမာန်ရဲ့ မှတ်ချက်ကို ပြန်လည်မျှဝေရရင် “သူရှိနေလို့ ငါတို့ အခုထိ ခရီးပေါက်နိုင်တဆေးပစ္စည်းကအစ ပိုက်ဆံအဆုံး သူရှိလို့ တော်သေးတယ်သူဟာ ငါတို့အတွက် ဘုရားပေးတဲ့လက်ဆောင်ဘဲ တဲ့။

ဘုရားသခင်ဟာ သခင်ယေရှရဲ့ အသက်ကိုပေးပြီး ကျတော်တို့လူသားတွေကို ရွေးနှုတ် ကယ်တင်ခဲ့တယ်။

အခုလည်း မင်းတပ်မြို့ရဲ့ ဒုက်ခအလီလီကို ဖြေရှင်းပေးမယ့် ဒေါက်တာအငြိမ်းတို့ဇနီးမောင်နှံကို လက်ဆောင်ပေးပြန်တယ်။

ဟုတ်တယ်……သူတို့ဟာ မင်းတပ်မြို့အတွက် ဘုရားသခင် ပေးတဲ့လက်ဆောင်ဘဲ။ရှေ့တန်းကပြန်လာတဲ့ ရဲဘော်တွေကို နွေးနွေးထွေးထွေး ကြိုဆိုပြီး မုန့်ဖိုးတွေပေးတယ်။

ဒဏ်ရာရလာတဲ့သူကို သူကိုယ်တိုင်ဆေးကုပေးတယ်။ ပြည်သူတွေကို ဆေးတွေလိုက်လံ ဝေငှပေးတယ်။

ဒါတင်ဘဲလား မဟုတ်ပြန်ဘူး CDM ဝင်တဲ့ ဝန်ထမ်းသုံးထောင်ကျော်ကိုတစ်ယောက်ချင်းစီ ဖုန်းခေါ်ပြီး ထောက်ပံ့ကြေးပေးတယ်။

အဲ့လို အလုပ်ရှုပ်နေတဲ့ သူ့ကိုကြည့်ပြီး “ဒေါက်တာရယ်..ဆရာမစိမ်းပါယ်တို့ ဆရာမအောင်လိုင်းတို့ မဘေဘီ တို့ကိုအကူအညီတောင်းလို့ ရပါတယ် ဒါတွေကိုက အစ လုပ်ပေးစရာမလိုပါဘူးဗျာ ဆိုတေ

ာ့ သူက ကျတော့်ကိုကြည့်ပြီး “ငါပင်ပန်းနေရင်သူတို့ရဲ့အသံတွေက ငါ့ကို အေးမြစေတယ် ဆရာမတွေကိုလည်းအကူအညီတောင်းထားပါတယ် တဲ့။ အခုတလောဆို သူ့ရဲ့ဆရာမတွေအတွက် ဆိုပြီး စားစရာတွ

ေ ရောက်ရောက်လာတတ်တယ်။ကျတော်က ဆရာမတွေဘေးမှာ နေရတော့ “ဆင်ဖြူတော်မှီပြီး ကြံစုပ်တယ် ဆိုပါတော့။ သူ့ရဲ့ စေတနာမေတ္တာတွေကိုကြံဖန်ပြီး ဖြည့်စွတ်ပြောတယ် မထင်ပါနဲ့။

သူ့အကြောင်းသေသေချာချာ လေ့လာကြည့်ပါ။ ကျတော်ရေးတာ လိုနေသေးကြောင်း တွေ့ရပါလိမ့်မယ်။ ကျတော်တို့ကလည်း ကျတော်တို့ပါဘဲလေ..။

အလကား ကူညီတာကိုတောင် ဝေဖန်ဖို့လောက်ဘဲချောင်းနေကြတယ်။ ကူညီမယ်လို့တော့ မတွေးတတ်ကြဘူး။ဘုရားပေးတဲ့လက်ဆောင်ကို တန်ဖိုးမထားခြင်းဟာ ဘုရားသခင်ကို အထိရောက်ဆုံး စော်ကားခြင်းပါဘဲ။

ဒါကြောင့် ဝေဖန်ဖို့ထက် ကူညီဖေးမ တန်ဖိုးထားကြဖို့ တိုက်တွန်းရင်း……။ အဆုံးထိဖတ်ပေးကြတဲ့ ပရိတ်သတ် တစ်ယောက်ခြင်းစီတိုင်း အထူး ကျေးဇူးတင်လျက်ပါ။

Tags:

Add a Comment

Your email address will not be published. Required fields are marked *