ထိန် းသိမ်း ထားခံရပြီး လွတ်မြှောက်လာပြီး ပြေတီဦးနှင့်အိနြာကျော်ဇင်တို့ အကြောင်းကို ပြောပြလာခဲ့တဲ့ မေတိုးခိုင်

ထိန်းသိမ်းထားခံရပြီး လွတ်မြှောက်လာပြီး ပြေတီဦးနှင့်အိနြာကျော်ဇင်တို့ အကြောင်းကို ပြောပြလာခဲ့တဲ့ မေတိုးခိုင်

မင်္ဂလာပါ ချစ်ပရိတ်သတ်ကြီးရေ အနုပညာရှင်တွေ အများစုက မြန်မာ့ အရေးနဲ့ ပတ်သက်ပြီး ပရိတ်သတ်တွေနဲ့ အတူ အပြည့်အဝ ရပ်တည်ခဲ့ကြပါတယ် ။

သူတို့ရဲ့ အောင်မြင် ကျော်ကြားမှုတွေကို ခနထားပြီး ပြည်သူတွေနဲ့ တစ်သားတည်း လမ်းမပေါ် အထိ ထွက်ပြီး ဆန္ဒ ထုတ်ဖော်ခဲ့ကြတာပါ ။

ထို့အပြင် သူတို့ရဲ့အကောင့်တွေကနေလည်း အစွမ် းကုန် နေ့ရောညပါ soeak out တွေလည်း လုပ်ခဲ့ကြပါတယ် ။

ဒါ့ကြာင့်လည်း ပုဒ်မ (၅၀၅-က) နဲ့ တရား စွဲဆိုခံရသူတွေ ရှိသလို တစ်ချို့ နာမည်ကြီး အနုပညာရှင်တွေဆို ကံမကောင်းစွာနဲ့ပဲ ဖမ်းဆီး ခံခဲ့ကြပါတယ် ။

ဇွန်လ (၃၀) ရက်နေ့ မနက် အစောပိုင်းလောက်မှာတော့ ဖမ်းဆီးခံထားရတဲ့ အနုပညာရှင်တွေအပြင် အခြား နိုင်ငံရေးသမားများကို လွှတ်ပေးမယ်ဆိုတဲ့ သတင်းတွေ ထွက်ရှိခဲ့ပါတယ် ။

အားလုံးကလည်း ရင်ခုန်စွာနဲ့ စောင့်နေခဲ့ကြသလို တစ်ချို့ဆို လွှတ်ပေးမယ့် နာမည် စာရင်းတွေပါ ကြိုသိနေကြသလို ပိုတောင် ရင်ခုန် နေကြတာတွေ ရှိနေပါတယ် ။

အခုလည်း တစ်မနက်လုံး အားလုံး မျှော်လင့် စောင့် စားနေကြတဲ့အတိုင်း မေတိုးခိုင်တော့ ပြန်လည် လွှတ်မြောက်လာပြီး အိမ်ပြန် ရောက်နေပြီ ဖြစ်ကြောင်း သိရှိရပါတယ် ။

မိသားစုနဲ့ ထပ်တူ ဝမ်းသာ ပျော်ရွှင်မိတာကြောင့် ပရိတ်သတ်ကြီးအတွက် သတင်း ကောင်းလေးကို ပြန်လည် ဝေမျှပေးလိုက်ပါတယ် ။

အဆုံးထိဖတ်ပေးကြတဲ့ ပရိတ်သတ် တစ်ယောက်ချင်းစီတိုင်း အထူး ကျေးဇူးတင်လျက်ပါ။

Add a Comment

Your email address will not be published. Required fields are marked *