ထမင်းခြောက်ကိုတောင် ရေဖျော်သောက်နေရတဲ့အထိ အခက်ခဲဖြစ်နေတဲ့ သာကေတနဲ့ တောင်ဒဂုံကြားက ကျူးကျော်တဲလေးများ

ထမင်းခြောက်ကိုတောင် ရေဖျော်သောက်နေရတဲ့အထိ အခက်ခဲဖြစ်နေတဲ့ သာကေတနဲ့ တောင်ဒဂုံကြားက ကျူးကျော်တဲလေးများ

မင်္ဂလာပါ ယခု အရမ်းကိုမှ အခက်ခဲ ဖြစ်နေကြတဲ့ သာကေတ နဲ့ တောင်ဒဂုံ ကြားက ကျူးကျော်တဲလေး အိမ် ထောင်စုပေါင်း ၁၅၀ က ထမင်းခြောက်ကိုတောင်ရေဖျော်ပြီး သောက်ရတဲ့အထိကိုတောင် ဒုက္ခရောက်နေကြတဲ့ အကြောင်းလေးပဲ ဖြစ်ပါတယ်။

ထို ကျူး ကျော်နေအိမ်လေးတွေက နဂိုထဲကမှ ငွေကြေးမတတ်နိုင်တဲ့အတွက် ကျူးကျော်ပြီး နေနေကြရတာပါ။

ဒါ့အပြင် ယခုကလည်း နိုင် ငံ ရေး မကောင်းတဲ့ ကာလမို့ လုပ်ကိုင်စားသောက်ဖို့က လုံးဝအဆင်မပြေတဲ့အချိန်ပါ။

အဆိုပါ ကျူးတဲလေးတွေက ဖေဖော် ဝါရီ လ တုန်းက စုဆောင်းထားတာလေးတွေနဲ့ စားသောက်ကြပေမယ့် ယခု ဒီ မတ် လ အကုန်ပိုင်းလောက်မှာတော့ သူတို့လေးတွေလည်း အဆက်တွေ့နေကြပါတယ်။

အခုခေတ်အခါက ပြည် သူ ကို ပြည် သူ က ပြန်စောင့်ရှောက်တဲ့ နိုင် ငံ မို့ အခုလည်း တ ကယ်ကို အခက်ခဲ ဖြစ်နေတဲ့ နေရာလေးမို့ သွား ရောက်လှူဒါန်းပေးကြဖို့ကို မေတ္တာရပ်ခံပါရစေခင်ဗျာ။

အလှူရှင် တစ်ဦးကလည်း အဆိုပါ အိမ်ထောင်စု ၁၅၀ စာ အတွက်ရိက္ခာထုတ်ဖြစ်တဲ့ မြေပဲ မုန့် ဆန် ဆီ ခေါက်ဆွဲ များကို တတ်နိုင်သလောက်လေး လှူဒါန်းပေးခဲ့ပါတယ်တဲ့။ အဆိုပါ အလှူရှင်နှင့် ပေါင်းစည်းပြီး လှူဒါန်းပေးကြသော အလှူရှင်များကိုလည်း ကျေးဇူးအထူးတင်ပါတယ်ဗျာ။

ရပ်ကွက်ထိပ်မှာ စောင့်ကြည့်ပေးကြတဲ့ သူအားလုံးကိုလည်း ကျေးဇူးပါဗျာ။ ကျနော်တို့ လိုက်လှူနေရင်း သူတို့ရဲ့အခက်ခဲတွေကို ပြောပြကြတာ စိတ်တောင်မကောင်းဘူး။ တချို့ဆို အော်တောင်ငိုကြတယ်ဗျာ။

ဒါ့ကြောင့် တတ်နိုင်ရင် ကူညီပြီး လှူဒါန်းပေးကြပါဦးဗျာ။ ကျနေယ်လှူခဲ့တာလေးက သူတို့အတွက် ၅ရက် တစ်ပတ်စာလောက်ပဲ ရှိတာမလို့ အလှူရှင်မရှိတော့ရင် သူတို့လေးတွေအတွက် ဒီထက်ပို ခက်ခဲလာနိုင်လို့ပါ။

ဖတ်ရှု့အားပေးခဲ့ကြတဲ့ ပရိသတ်ကြီးလည်း မလှူနိုင်ရင်တောင် share ခြင်းဖြင့် ကူညီပေးကြပါဗျာ။

Tags:

Add a Comment

Your email address will not be published. Required fields are marked *