ထန်တလန်မြိုကိုကြည့်ပြီး ဝမ်းနည်းမှုနဲ့ နာကျည်းမှုတွေကို တပြိုင်တည်း ခံစားနေရတဲ့ ပိုင်ဖြိုးသု

ပျက်စီးဆုံးသွားတဲ့ ထန်တလန်မြိုကိုကြည့်ပြီး ဝမ်းနည်းမှုနဲ့ နာကျည်းမှုတွေကို တပြိုင်တည်း ခံစားနေရတဲ့ ပိုင်ဖြိုးသု

မင်္ဂလာပါ ချစ် ပရိတ်သတ်ကြီးရေ သရုပ်ဆောင် မင်းသမီး တစ်ယောက်ဖြစ်သလို ဆရာဝန်မလေး တစ်ယောက်လည်းဖြစ်တဲ့ ပိုင်ဖြိုးသုက သွက်လက်ချက် ချာပြီး ထက်ထက် မြက်မြက်ရှိတဲ့ အမျိုးသမီးလေး တစ်ယောက်ပါပဲ။

လူလေးလှသလို စိတ်ထားလေးလည်း ဖြောင့်မတ် မှန်ကန်တဲ့ ပိုင်ဖြိုးသုက လက်ရှိ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး အခြေအနေတွေ

ကြားမှာလည်း ဓမ္မဘက်က ရပ်တည်ပြီး သူမရဲ့ အောင်မြင်မှု ပြည့်စုံမှုတွေကို လျစ်လျူရှုပြီး ပြည်သူတွေနဲ့ တစ်သားတည်း ရပ်တည်နေသူ ဖြစ်ပါတယ်။

ဒီတစ်ခါမှာလည်း ပိုင်ဖြိုးသုက အောက်တိုဘာလ (၂၉) ရက်နေ့မှာ ဖြစ်ပွားခဲ့တဲ့ ထန်တလန်မြို့ မီး လောင်မှုနဲ့ ပက်သတ်ပြီး အခုလိုပဲ ခံစား ပေါက်ကွဲနေတာကို တွေ့ရပါတယ်။

ပိုင်ဖြိုးသုက “သမာအာဇီဝ လုပ်အားနဲ့ စီးပွားရှာရတဲ့ လူ‌တွေအတွက် ကိုယ်ပိုင် အိမ် တစ်လုံးပိုင်ဆိုင်ဖို့ ဘယ်လောက် ခက်ခဲတယ် ဆိုတာကို သူတို့ဘယ်သိပါ့မလဲ ပြည်သူဆီက ခိုးထားဝှက်ထားတဲ့

ငွေတွေနဲ့ ထားစရာမရှိအောင် ချမ်းသာနေကြတာကိုး ကိုယ်ပိုင် အိမ် တစ်လုံးတောင် မပိုင်တဲ့ သူတို့လက် အောက်ခံထားရာ နေစေရာ သွားတွေကလည်း သူတို့ ခိုင်းသမျှ လုပ်မှာပဲ သူတို့မှ အိမ်မပိုင်ဘူးတာ

ချွဲနည်းစာနဲ့ ဆောက်ထားတဲ့ အိမ်လေးကို ဆုံးရှုံးလိုက်ရတဲ့ ခံစားချက်သူတို့ ဘယ်သိပါ့မလဲ စစ်အာဏာရှင် စနစ် အမြန်ဆုံး ကျရှုံးပါစေ” ဆိုပြီး သူမရဲ့ လူမှုကွန်ယက် စာမျက်နှာကနေ ရင်ဖွင့်လာပါတယ်။

ပိုင်ဖြိုးသုကတော့ ပြည်သူထဲက ပြည်သူ တစ်ယောက်ပီပီ ပြည်သူတွေရဲ့ အပူမီးက သူမကိုပါ ပူလောင်စေ

တာမို့ အခုလိုပဲ ခံစားချက်တွေ ပေါက်ကွဲထွက်လာတာဖြစ်ပါတယ်။ ပရိတ်သတ်တွေ အတွက် ပြန်လည် တင်ဆက်ပေးလိုက်ပါတယ်။

အဆုံးထိဖတ်ပေးကြတဲ့ ပရိတ်သတ် တစ်ယောက်ခြင်းစီတိုင်း အထူး ကျေးဇူးတင်လျက်ပါ။

Add a Comment

Your email address will not be published. Required fields are marked *