တော်လှန်ရေး နယ်မြေတစ် နေရာမှာပဲ နေထိုင်ရင်း မွေးနေ့လေးကို ဖြတ်သန်းခဲ့ရတဲ့ အကြောင်းကို ရင်ဖွင့်လာတဲ့ သီဟထွန်း

တော်လှန်ရေး နယ်မြေတစ် နေရာမှာပဲ နေထိုင်ရင်း မွေးနေ့လေးကို ဖြတ်သန်းခဲ့ရတဲ့ အကြောင်းကို ရင်ဖွင့်လာတဲ့ သီဟထွန်း

မင်္ဂလာပါ ချစ်ပရိတ်သတ်ကြီးရေ နွေဦးတော် လှန်ရေးကြီးမှာ အနုပညာရှင် တွေကလည်း ပြည်သူတွေနဲ့

အတူ ပူးပေါင်း ရပ်တည်ပြီး အရေးတော်ပုံကြီး အောင် မြင်ဖို့အတွက် ကြိုးစားနေကြတာ ပဲဖြစ်ပါတယ်။

မင်းမော်ကွန်း၊ ကိုပေါက်၊ ထားထက်ထက် ၊ဟားငါးကောင် ၊မြနှင်းရည်လွင် ၊ဟိန်းထက် စတဲ့ အ နုပညာရှင်

တွေလည်း လွတ်မြောက် နယ်မြေ အ သီးသီးကို ရောက်ရှိနေကြပြီး မော်ဒယ်လ် သရုပ် ဆောင်တစ် ဦးဖြစ်တဲ့ သီဟထွန်း လည်း ရောက်ရှိနေပြီပဲ ဖြစ်ပါတယ် ။

သီဟထွန်းကတော့ အရေးတော် ပုံကြီးစတင်ခဲ့တဲ့ အချိန်တည်း ကစတင်ကာ ရှေ့ဆုံးက နေတက်တက်ကြွကြွ ပါဝင်ခဲ့တဲ့ သူဖြစ်ပြီး ၅၀၅ (က) နဲ့လည်း ဝရမ်းထုတ်ခံ ထားရတာပဲ ဖြစ်ပါတယ်။

လက်ရှိမှာ ဆိုရင်လည်း သီဟထွန်း ဟာ တော် လှန်ရေး နယ်မြေတစ်ခုကို ရောက်နေပြီး သူ့ရဲ့ (၂၉) နှစ်ပြည့် မွေးနေ့လေးကို တော်လှန်ရေးကိစ္စတွေပြု လုပ်ရင်း ကုန်ဆုံးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

အနာဂတ်တွေပျောက်ဆုံးပြီး တော်လှန်ရေးလုပ်ရင်းအသက်တစ်နှစ်ကြီးသွားခဲ့ပြီ မအလကြောင့် ဒီနှစ်မွေးနေ့ ကမိဝေးဖဝေး ချစ်ရတဲ့သူတွေနဲ့ အဝေးမှာ

တော်လှန်ရေးနဲ့ အတူ ရည်ရွယ်ချက် ခံယူချက်တူတဲ့ မိတ်ဆွေအသစ်တွေနဲ့ အခက်ခဲကြားမှာကျော်ဖြတ်ရတဲ့ ၂၉ နှစ်ပြည့်မွေးနေ့အမှတ်တရပါပဲ..

ဒီနှစ်မွေးနေ့မှာအလိုချင်ဆုံးဆုကတော့ ကိုယ်အပါဝင် အိမ်နဲ့ဝေးနေတဲ့သူတွေ ကိုယ့်အိမ်ကိုယ့်ယာကို့ လုံခြုံစွာလွတ်လပ်စွာနဲ့ ပြန်ရဖို့တော် လှန်ရေးအောင်မြင်ပြီး ဒီမိုကရေစီ အမြန်ဆုံးပြန်ရဖို့ပါပဲ။

အားလုံးလည်းဒီနှစ်ရဲ့မွေးနေ့လက်ဆောင်အဖြစ် တော်လှန်ရေးအတွက်အားတက်သရောအဖက်ဖက်ကနေပါဝင်ပြီးလက်ဆောင်အဖြစ်ပေးဖို့ပဲတောင်းဆိုပါရစေနော်။

နှစ်တိုင်းသတိတရ မွေးနေ့ဆုတောင်း ပေးကြတဲ့သူငယ်ချင်းတွေ ၊အခုချိန်ပြေးရ ပုန်းရနဲ့ ဘာမှအချိန်ပေးပြီး မလုပ်ပေးနိုင် ပေမယ့်လည်း ချစ် ခင်အားပေးမြဲ အားပေးဆဲဖြင့် မွေးနေ့ဆုတောင်းပေးကြသော

အမာခံပရိတ်လေး များအားလုံးကို့ အရမ်းလည်းသတိရသလို ကျေးဇူးလည်းအများ ကြီးတင်ပါတယ်နော် မနေ့ကတစ်နေကုန် မအားတာ နဲ့ အခုမှပဲ ပိုစ့်တင်နိုင်တော့ တယ်ဆိုပြီး

မွေးနေ့ အမှတ်တရလေး အနေနဲ့လည်း သီဟထွန်းဟာ သူ့ရဲ့ Facebook စာမျက်နှာမှာ မွေးနေ့မှာအလို ချင်ဆုံးအရာ ကတော့ တော်လှန်ရေးမှာလူတိုင်း အဘက်ဘက် ကနေအားမလျော့ ကြပဲ ကြိုးစား ပေးကြဖို့နဲ့

ဝေးကွာနေ ကြတဲ့မိသားစုတွေ မိတ်ဆွေ တွေလည်း အမြန်ဆုံး ပြန်လည်ပေါင်းစည်း နိုင်ကြဖို့ပဲ ဖြစ်တယ်ဆို ပြီးရေးသားထားတာကို ပရိတ်သတ်တွေ အတွက် ပြန်လည်မျှဝေပေး လိုက်ပါတယ် ။

Add a Comment

Your email address will not be published. Required fields are marked *