တော် လှန် ရေး ကိ စ္စ တွေမှာ တိတ် ဆိတ် လွန် းနေပေမဲ့ လည်း အလှူမှာတော့ ရက်ရောခဲ့တဲ့ Mytel မင်းသား နေတိုး

တော်လှန်ရေး ကိစ္စတွေမှာ တိတ်ဆိတ် လွန်းနေပမဲ့လည်း အလှူမှာတော့ ရက်ရောခဲ့တဲ့ Mytel မင်းသား နေတိုး

မင်္ဂလာပါ ချစ်ပရိတ်သတ်ကြီးရေ သရုပ်ဆောင် နေတိုးကတော့ မတူညီတဲ့ ဇာတ်ကောင်တွေကို ပီပြင်တဲ့ သရုပ်ဆောင် ချက်တွေနဲ့ အတူ ပရိတ်သတ်ကြီးရဲ့ ချစ်ခင် အားပေးမှုကို ရရှိထားပြီး အကယ်ဒမီတွေကို ပိုင်ဆိုင် ထားနိုင်တဲ့ မင်းသားတစ်လက်ပဲ ဖြစ်ပါတယ်။

အနေ အေးပြီး ချစ်စရာကောင်းနေတာမလို့ ၁၀ စုနှစ်တိုင်အောင် ယခုထိ အောင်မြင်နေတဲ့ မင်းသားတစ်ယောက် ပဲဖြစ်ပါတယ်။

ထို့အပြင် အလှူအတန်းတွေမှာလည်း လက်မနှေးတန်း လှုဒါန်းတာကြောင့် ပရိတ်သတ်တွေကလဲ အားပေး လေးစားနေ ရပါတယ်။

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက်နေ့ကတည်း ကစတင်ခဲ့တဲ့ လူထု လှုပ်ရှားမှုများမှာလဲ ပြည်သူတွေနဲ့ အတူ တစ်သားတည်းပါဝင်ခဲ့ပြီး အမှန်တရားကိုရဖို့ တော်လှန်ရေးကြီးမှာလဲပါဝင် လာခဲ့ပါတယ်။

ဒီနောက်ပိုင်းမှာတော့ အခြေ အနေ အမျိုးမျိုးကြောင့် လမ်းပေါ်ထွက် ဆန္ဒပြတာတွေမှာ ပါဝင်လာခြင်းမရှိခဲ့ပါဘူး။

ရုတ်တရက် ဆိုသလိုပဲ ဒီနေ့မှာ မင်းသား နေတိုးက အလိုတော်ပြည့် ဘုန်းကြီးကျောင်းမှာ အလှူသွားလုပ်တယ်လို့ သိရပါတယ်။

မင်းသား နေတိုးက ကျန်ခဲ့တဲ့ ဇွန်လ ၂၇ ရက်နေ့မှာ ရန်ကုန်မြို့မှာရှိတဲ့ အလိုတော်ပြည့် ဘုန်းကြီးကျောင်းမှာ အရှင် ကုမာရဆီကို အလှူငွေများ လှူဒါန်းနေကြောင်း သိရပါတယ်။

ဘုန်းဘုန်း အရှင် ကုမာရကလဲ ဒီနေ့ မင်းသားနေတိုးရဲ့ ကုသိုလ် တော်ကောင်းမူ အလိုတော် ပြည့်ပါစေဆိုပြီးတော့လဲ ဆုပေးထားပါသေးတယ်။

အခုလို အချိန်ပေးပြီး ဖတ်ရှု့အားပေးကြတဲ့ ပရိတ်သတ်ကြီး အားလုံးလည်း သာယာသောနေ့လေးဖြစ်ပါစေ ကျေးဇူးလည်း အထူးတင် ရှိပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *