တော်လှန်ရေးမှာ ဟန်ပြပဲ ပါဝင်လာခဲ့တဲ့ လင်းလင်း အကြောင်းကို ဒဲ့ရေးသားလာခဲ့တဲ့ လွတ်မြောက် နယ်မြေရောက် နိဗန်ထူး

တော်လှန်ရေးမှာ ဟန်ပြပဲ ပါဝင်လာခဲ့တဲ့ လင်းလင်း အကြောင်းကို ဒဲ့ရေးသားလာခဲ့တဲ့ လွတ်မြောက် နယ်မြေရောက် နိဗန်ထူး

မင်္ဂလာပါ ချစ် ပရိတ်သတ်ကြီးရေ အဆိုတော် နိုဗန်ထူးက လက်ရှိမှာ လွတ်မြောက် နယ်မြေတစ်နေရာတွင် တော်လှန်ရေးတိုက်ပွဲများ အတွက် အားသွန်ခွန်စိုက် ကြိုးစားဆောင်ရွက်နေပါတယ်။

တစ်ချို့ အနုပညာရှင်တွေက လေကြီးလေကျယ် သာပြောပြီး တော်လှန်ရေး ကိစ္စတွေမှာ ပါဝင်ခြင်းမရှိတဲ့ အတွက် နိုဗန်တစ်ယောက် ဒေါသ ထွက်နေပါတယ်။

နောင် တစ်ချိန် အရေးတော်ပုံ အောင်သွားတဲ့ အခါမှာလည်း အပြောပဲ ရှိခဲ့တဲ့ အနုပညာရှင်တိုင်းကို နှိမ်ဖို့ အစီစဉ်ရှိကြောင်းကိုလည်း နိုဗန်ထူးမှ ဆိုပါတယ်။

ဒီအကြောင်းကို သူ့ရဲ့ လူကွန်ယက် စာမျက်နှာမှ တဆင့် ရေးသား စဉ် ပရိတ်သတ်တစ်ဦးမှ လင်းလင်းနဲ့ ဖြစ်တဲ့ ပြသနာကို ပြန်အစပျိုးလာခဲ့တာကြောင့် နိုဗန်ထူးမှ အခုလို ပြန်လည် ရေးသားလာခဲ့ပါတယ်။

“မင်းတို့လို စောက်ရူးနားကန်းတွေ ရှိလို့ဘဲ ပြောနေရတာ။ စောက်ခွက်ရိုက်တယ် (အုပ်စုဖွဲ့) ဆိုတာကို ငါ့ဘက်က လက်ဖျားနဲ့တောင် ပြန်မထိခဲ့ဘူးဆိုတာ

ဖြစ်ရလောက်တဲ့ ကိစမဟုတ်လို့ လူကြီးတွေလည်း အနီးအနားမှာရှိတော့ Respect ထားလို့ သူမူးပြီး

မှားနေမှန်းသိလို့ အချိန်တန် အမှန်မြင်မလားလို့ (သက်သေ စုထားတာ အကုန်ရှိတယ်) ပြီးတော့ အောက်တန်းကျပြီး သူမှန်သလို story ရေးတာတို့က

မင်းပြောသလို ကိုလင်းလင်းမို့ စိတ်လျော့လိုက်ဆိုတာ ဖက်ဆစ်စိတ်ဓာတ်ကို အားပေးသလို ဖြစ်နေတာဘဲ။ ငါပြောနေတာက ငါ့အတွက် လုပ်နေတာ မဟုတ်ဘူး။

နောက် မျိုးဆက်အတွက် အမူအကျင့် ကောင်းတွေ ကူးစက်စေချင်တာ။ အုပ်စုဖွဲ့ စောက်နိုင်ကျင့်မူက အောက်တန်းကျတယ်ဆိုတာ သိစေချင်တာ။ သူ့ကိုလည်း မှားရင် တောင်းပန်ရဲရတဲ့ စိတ် ထားစေချင်တာ။

မြောက်စားလို့ တက်လာတာလားကိုယ့်ဖန်တီးမူနဲ့ ကိုယ် လုပ်နေတာလားကိုတော့ ဂီတအကြောင်းနားလည်တဲ့ မင်းကိုးကွယ်တဲ့ ဆရာတွေ မေးကြည့်

VCD ခေတ်မှာ ငါလည်း ကလေးဘဲ ရှိသေးတာကို နှိုင်းယှဉ်တာတော့ ထူးဆန်းပါပေ့ နိုင်ငံရေအရ ပြောရင် မတရားလို့ ဆိုတဲ့ ခေါင်းစဉ်အောက်က တိုက်နေတာ။

ငါတို့ မကျေနပ်တာကို မကျေနပ်တဲ့ အကြောင်းနဲ့ ကြုံးနေတာ။ (ကိုလင်းကို စိန်ခေါ်ထိုးချင်သလိုပေါ့) ရှင်းရှင်းပြောရင် လုပ်စားနေတာ မဟုတ်ဘူး။

နိုင်ငံရေးအကြောင်း ပိုနားလည်ရင် ပိုတောင် လူထုရှေ့လုပ်ပြရအုန်းမယ်။ အခုလည်း မင်းတို့ သတ်မှတ်တဲ့ နာမည်ကြီး Role အနုပညာရှင်တွေ လုပ်နေတဲ့ လူတွေလည်း ရှိနေတာဘဲ။

အနုပညာအရ ပြောရအောင် ငါတို့ကြိုက်တာ ငါတို့ ဖန်တီးနေတာ စစ် အစိုးရအောက်မှာ ကြီးပြင်းလာတော့ တဖက်ပိတ် လာငြင်းကတည်းက မင်းကို အပြစ်မတင်တော့ဘူး။

မင်းလိုလူတွေ ထပ်ပေါက်ဖွားမှာဆိုးလို့ အခု ဖက်ဆစ်တပ်ကို အမြစ်ကလှန်ဖို့ ကြိုးစားနေကြတာဘဲ။

ပြီးတော့ ပရိတါသတ်ကြီးတို့ ချစ်ပါအုန်း အတွက် Music လုပ်နေတာမှ မဟုတ်တာ။ ထမင်းရှင် ဟင်းရှင်ဆိုတဲ့ Logic ကြီးနဲ့ ၂၀၂၁ ထိ ရှင်သန်နေတုန်းလား။

ဗြူးဗြူး ဗြဲဗြဲလို့ သတ်မှတ်သရွေ့မင်းဒီတစ်သက် Metal ကို လက်လှမ်း မမှီတာကိုနားလည်ပေးလိုက်မယ်။

Music အမျိုးအစား မတူတာကို အတင်းကြီး ဆွဲညှိတာ နောက်မလုပ်နဲ့ ရှက်စရာကြီး။ ဘယ်ကောင် ဘာလည်းဆိုတာတချိန် သမိုင်းက စကားပြောရုံဘဲ။

အခုတော့ ဘုံရန်သူ ဖက်ဆစ် စစ်တပ်ကို အရင်ဆွဲကြတာပေါ့။ ” ဆိုပြီး ရေးသားထားပါတယ်။

ပရိတ်သတ်တွေရဲ့ အမြင်ကိုလည်း ဝေဖန်ပေးခဲ့ကြပါအုံးနော်။ အဆုံးထိ ဖတ်ပေးကြတဲ့ ပရိတ်သတ် တစ်ယောက်ခြင်းစီတိုင်း အထူးကျေးဇူးတင်လျက်ပါ။

Add a Comment

Your email address will not be published. Required fields are marked *