တော်လှန်ရေးမှာ နေထိခံလို့မရတဲ့ အရေပြားရောဂါ ခံစားနေရတာတောင် ပါဝင်ခဲ့တဲ့ သက်မွန်မြင့်ရဲ့

တော်လှန်ရေးမှာ နေထိခံလို့မရတဲ့ အရေပြားရောဂါ ခံစားနေရတာတောင် ပါဝင်ခဲ့တဲ့ သက်မွန်မြင့်ရဲ့အကြောင်း

မင်္ဂလာပါ ချစ်ပရိတ်သတ်ကြီးရေ သရုပ်ဆောင် သက်မွန်မြင့် အနုပညာ သက်တမ်း ဆယ်စုနှစ်တွေ များစွာတိုင်အောင် ပရိတ်သတ်တွေများစွာရဲ့ ချစ်ခင် အား ပေး မှုကိုရရှိထားသူလည်း ဖြစ်ပါတယ်။

အရေးကြုံလာရင်လည်း ပြည်သူတွေနဲ့ တစ်သွေးတည်း တစ်သားတည်း ပါဝင်ခဲ့သူဖြစ်တာကြောင့် အားလုံးကလေးစားအား ကျနေကြရပါတယ်။

ချစ်သက်က နေမကောင်းပေမယ့်လည်း လတ်တလောဖြစ်ပေါ်နေတဲ့ လူထု လှုပ်ရှားမှုတွေမှာလည်း ခင်ပွန်းဖြစ်သူနဲ့ အတူတက်ကြွစွာ ပါဝင် ခဲ့ပါတယ်။

ပြည်သူတွေ ဒီထက်ပိုပြီး ပူးပေါင်း ပါဝင်ရန်အတွက်လည်း သူမရဲ့ လူမှုကွန်ယက် စာမျက်နှာများမှ တစ် ဆင့် အမြဲ တိုက်တွန်း ပေးနေသူ တစ်ယောက်လည်း ဖြစ်ပါတယ်။

မကြာသေးခင် နာရီပိုင်းလောက်ကလည်း သက်မွန်မြင့်ရဲ့ Facebook Page မှာ ဒီလှုပ်ရှားမှုအတွက် သူမ လုပ်ပေးနိုင်တဲ့ အရာလေးတစ်ခုကို ရေးသားထားပါတယ်။

ဒါကတော့ကိုယ်တိုင် ရှာဖွေထားတဲ့ ချွေးနှဲစာနဲ့ ပြည်သူ့ ဝန်ထမ်းအတွက် တတ်အားသရွေ့ ကူညီ လှူဒါန်းသွားမယ့် အကြောင်းပြောပြ လာတာပဲဖြစ်ပါတယ်။

သူမကလည်း သက်မွန် တော်တော် နေကောင်းလာလို့ ဝမ်းသာ နေခဲ့တာပါ။

Feb ၁ ရက်နေ့ကတည်းကနေ မကောင်းပြန်ဖြစ်တာ မတရားမှုကို ခံပြင်းလွန်းလို့ မနေနိုင် မခံနိုင်လို့ထွက်ခဲ့တယ် တစ်တပ် တစ်အား ပါဝင်ခဲ့တယ်။

ခုလဲတာ ၃ ရက်လောက်ရှိပြီ ဒီတစ်ခေါက်ပဲ ကိုယ့်ရောဂါကိုယ် ဒေါသထွက်ဖူးတယ်။

နေကောင်းတာနဲ့ ပန်းတိုင် မရောက်မချင်းပြည်သူနဲ့ အတူပါဝင်မယ် ပြည်သူ့ဝန်ထမ်းတွေအတွက် ကျွန်မ ကိုယ့်ခွန်ကိုယ့်အားနဲ့ ရှာဖွေထားတဲ့ ချွေးနှဲစာကနေလည်း လှူဒါန်းသွားပါမည်။

Fighting ပါဆိုပြီး ရေး သားထားတာပဲဖြစ်ပါတယ်။

ပရိတ်သတ်တွေအတွက် ဒီသတင်းလေးကို တစ်ဆင့် ပြန်လည် တင်ဆက် ပေးလိုက်ရပါတယ်။

ဖတ်ရှူ့အာပေးကြတဲ့ ပရိတ်သတ်ကြီး အားလုံးလည်း သာယာ ပျော်ရွှင်တဲ့ နေ့လေး တစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *