တောထဲတောင်ထဲမှာ အိမ်လေးဆောက်နေရင်း သူ့ရဲ့ခံစားချက် ဆန္ဒအမှန်ကိုပြောပြလိုက်တဲ့ လူရွှင်တော်တိုင်းကျော် (ဟား ၅ကောင်)

တောထဲတောင်ထဲမှာ အိမ်လေးဆောက်နေရင်း သူ့ရဲ့ခံစားချက် ဆန္ဒအမှန်ကိုပြောပြလိုက်တဲ့ လူရွှင်တော်တိုင်းကျော် (ဟား ၅ကောင်)

မင်္ဂလာပါ ချစ်ပရိတ်သတ်ကြီးရေ လူရွှင်တော် တိုင်းကျော်က ပြည်သူချစ် သရုပ်ဆောင် တစ်ဦးဖြစ်သလို ဟားငါးကောင် အဖွဲ့ရဲ့ အဖွဲ့ဝင် တစ်ဦးလည်း ဖြစ်ပါတယ်။

တိုင်းကျော်က လူထု လှုပ်ရှားမှုတွေ စတင်ပြုလုပ်တဲ့ အချိန်ကတည်းက လမ်းပေါ်ထွက်ပြီး တစ်တပ် တစ် အား ပါဝင်အားဖြည့်ခဲ့သူ ဖြစ်ပါတယ်။

ခုလက်ရှိမှာဆိုရင် တိုင်းကျော်က ပြည်သူတွေအတွက် စိတ်ခွန်အားဖြစ်စေမယ့် ဗီဒီယိုလေးတွေ ဖန်တီးရိုက် ကူးပြီး လူမှုကွန်ရက် စာမျက်နှာမှတစ်ဆင့် မျှဝေပေးနေတာ ဖြစ်ပါတယ်။

အမှန်တရားဘက်ကနေ ရဲရဲဝင့်ဝင့်ရပ်တည်ခဲ့တဲ့ လူရွှင်တော် တိုင်းကျော်က အခုလည်း သူ့ရဲ့ Facebook Account မှာ ဓာတ်ပုံ တစ်ချို့ကို မျှဝေခဲ့တာ ဖြစ်ပါတယ်။

တိုင်းကျော်က “အရေးတော်ပုံ အောင်ရမည်” ဆိုပြီး တောထဲတောင်ထဲကို ရောက်ရှိနေတဲ့ ပုံရိပ်တွေကို တင်ထားတာ ဖြစ်ပါတယ် ။

လက် သုံးချောင်း ထောင်ပြီး သူ့ရဲ့ ရင်တွင်း ဆန္ဒအမှန်ကို ဖော်ထုတ်ပြသနေတဲ့ တိုင်းကျော်က ရောက်ရာ နေရာကနေ တာဝန် ကျေပွန်ကြောင်း ပြသခဲ့တာပဲ ဖြစ်ပါတယ် ။

ဓာတ်ပုံထဲမှာတော့ တိုင်းကျော်က တောတွင်း တစ်နေရာကို ရောက်ရှိနေတာဖြစ်ပြီး နေထိုင်ဖို့အတွက် အိမ်ဆောက်နေတာကို မြင်တွေ့ရမှာ ဖြစ်ပါတယ် ။

ပြည်သူတွေကတော့ ရဲရင့်တဲ့ စိတ်ဓာတ် အပြည့်ရှိတဲ့ လူရွှင်တော် တိုင်းကျော်ကို လေးစားချီးကျူးနေကြပြီး ဘေးကင်းစေဖို့အတွက်လည်း ဆုတောင်းပေးနေကြတာပဲ ဖြစ်ပါတယ် ။

ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း တိုင်းကျော်က သူ့အတွက် စိုးရိမ်နေတဲ့ ပရိတ်သတ်တွေကို စိတ်မပူဖို့ပြောပြီး သူ့အနေနဲ့ ဘေးကင်းလုံခြုံကြောင်း ပြောပြခဲ့သေး တာပဲ ဖြစ်ပါတယ် ။

စာဖတ် ပရိတ်သတ်ကြီးအားလုံးလည်း အထူး ကျေးဇူးတင်လျက်ပါ။

Add a Comment

Your email address will not be published. Required fields are marked *