တောင်းပန်တာတောင် ခွင့်လွှတ် နိုင်စရာ အကြောင်းမရှိဘူးလို့ ဒဲ့ပြောလိုက်တဲ့ မြနှင်းရည်လွင်

တောင်းပန်တာတောင် ခွင့်လွှတ် နိုင်စရာ အကြောင်းမရှိဘူးလို့ ဒဲ့ပြောလိုက်တဲ့ မြနှင်းရည်လွင်

မင်္ဂလာပါ ချစ် ပရိတ်သတ်ကြီးရေ MRTV-4 မှ ထုတ်လွှင့်ပြသတဲ့ ဇာတ်လမ်းတွဲ တစ်ခုဖြစ်တဲ့ အဆိပ်သွေး ဇာတ်လမ်းတွဲနဲ့ ပရိတ်သတ် အားပေးမှု့ကို ပိုမိုရရှိလာခဲ့တဲ့ မြနှင်းရည်လွင် ဟာ လက်ရှိမှာ ခက်ခဲကြမ်းတမ်းတဲ့ လွတ်မြောက် နယ်မြေကို ရောက်ရှိနေပါတယ်။

သူမက အာဏာ စသိမ်းတဲ့နေ့မှစပြီး အခု လက်ရှိ အချိန်အထိတိုင် အာဏာရှင်ကို တိုက်ထုတ်ဖို့ ကြိုးစား အားထုတ်နေသူ တစ်ဦးပဲ ဖြစ်ပါတယ်။ ပြည်သူတွေအားလုံး အမှန်တရား အတွက် လမ်းမပေါ်ထွက် ဟစ် ကြွေးကြတဲ့ အချိန်ကတည်းက ပြည်သူတွေနဲ့အတူ ဆန္ဒပြခဲ့တဲ့မင်းသမီး တစ်လက်ပဲ ဖြစ်ပါတယ်။

ဒါကြောင့် ပုဒ်မ ၅၀၅ ကနဲ့ တရား စွဲဆိုခံထားရပေမယ့် မြနှင်းရည်လွင် ဟာ လွတ်မြောက်နယ်မြေမှာ စစ်သင် တန်း တတ်ရောက်ပြီး လက်နက်ကိုင်စွဲပြီး ဆက်လက် တွန်းလှန်နေဆဲဖြစ်ပါတယ်။ ဒီနေ့မှာတော့ ဆရာမင်းကိုနိုင် ရေးသားထားတဲ့ စာပိုဒ်လေးထဲက စာသား တစ်ချို့ကို မြနှင်းကသဘောကျနေတာပဲ ဖြစ်ပါတယ်။

မြနှင်းရည်လွင် ကတော့ ဆရာမင်းကိုနိုင် ရေးသားထားတဲ့ စာ‌သားလေးကို သူမရဲ့ဖေ့ဘွတ်မှာ ပြန်လည် ကူးယူပြီးရေးတင်ထားတာကို တွေ့ရပါတယ်။ အဆိုပါ စာသားလေးကို သူမနဲ့အတူ ပရိတ်သတ်တွေက ကြိုက် နှစ်သက်နေကြတာကိုလဲ တွေ့ရပါတယ်။

” ငါတို့ကို ခွင့်လွှတ်နိုင်လားလို့ မမေးခင် သူတို့ကို တောင်းပန်မှာလားလို့ အရင်မေးပါအုံး (မင်းကိုနိုင်) ” ဆိုတဲ့ စာသားလေးကို ပရိတ်သတ်ကြီးလဲ သိရအောင်ပြန်လည် ဖော်ပြပေးလိုက်ပါတယ်။ သူမဟာ တစ်ခါ တလေ‌ တော်လှန်ရေး အတွက် အင်အားဖြစ်စေမဲ့ ကဗျာလေးတွေလဲ ပရိတ်သတ်ကြီး အတွက် ဖတ်ပြတတ်ပါသေးတယ်။

လွတ်မြောက် နယ်မြေကိုရောက်ရှိနေတဲ့ မြနှင်းရည်လွင် ကိုအားပေးချစ်ခင်တဲ့ ပရိတ်သတ်တွေက သူမအတွက် အမြဲတမ်း ဂုဏ်ယူ လေးစားနေရတာပဲ ဖြစ်ပါတယ်။ ဒါကြောင့် အချို့ပရိတ်သတ်တွေက ပုံတူ ပန်းချီကားလေးတွေနဲ့ သူမကို ဂုဏ်ပြုတတ်ကြပါသေးတယ်။

ပရိတ်သတ်ကြီးရေ ပြည်သူ့ အချစ်တော် မင်းသမီးချော မြနှင်းရည်လွင် ပြန်လည် ကူးယူတင်ပြထားတဲ့ စာသားလေးကတော့ သူမရဲ့ခိုင်မာတဲ့ စိတ်ဓာတ်ကို အကြွင်းမဲ့ ဖော်ပြပေးနေတာပဲ ဖြစ်ပါတယ်။

အဆုံးထိ ဖတ်ပေးကြတဲ့ ပရိတ်သတ် တစ်ယောက်ခြင်းစီတိုင်း အထူး ကျေးဇူးတင်လျက်ပါ။

Add a Comment

Your email address will not be published. Required fields are marked *