တောင်ဥက္ကလာက ကျူးအိမ်လေးတွေ ပြုပြင် ဆောက်လုပ်ရန်အတွက် အလှူခံနေတဲ့ ဝေဠုကျော် ဖောင်ဒေးရှင်း

တောင်ဥက္ကလာက ကျူးအိမ်လေးတွေ ပြုပြင် ဆောက်လုပ်ရန်အတွက် အလှူခံနေတဲ့ ဝေဠုကျော် ဖောင်ဒေးရှင်း

ချစ်ခင် လေးစားရပါသော စာဖတ် ပရိတ်သတ်ကြီး ခင်ဗျာ…ပရဟိတ အလုပ်တွေကို အင်တိုက် အားတိုက် လုပ်ဆောင်ပြီး ပြည်သူတွေနဲ့ တစ်သားတည်း ရပ် တည်ပြီး လိုအပ်နေသူတွေအတွက် အမြဲ ဖေးမကူညီတတ်တဲ့ ဝေဠုကျော် ဖောင်ဒေးရှင်းကိုတော့ ပရိသတ်တွေအားလုံးလည်း လေးစား ချစ်ခင် နေကြတာပဲ ဖြစ်ပါတယ်။

ဝေဠုကျော် ဖောင်ဒေးရှင်းကတော့ စားဝတ် နေရေး ခက်ခဲနေကြတဲ့ ပြည်သူတွေအတွက် စားသောက်ကုန်တွေ ပေးဝေ လှူဒါန်းသလို ယိုင်လဲ ပြိုကျနေတဲ့ ကျူးအိမ်တွေကိုလည်း ပြုလုပ် တည်ဆောက်ပေးနေတာ မကြာ ခဏဆိုသလို တွေ့ရပါတယ်။

စေ တနာရှင်တွေရဲ့ လှူဒါန်းမှုတွေနဲ့ ခက်ခဲပြီး လိုအပ်နေသူတွေအတွက် ဖေးမ ကူညီနေတဲ့ ဝေဠုကျော်က ဒီနေ့မှာလည်း တောင်ဥက္ကလာက ကျူးအိမ်လေးတွေ ပြုပြင် ဆောက်လုပ်ပေးဖို့ အလှူငွေတွေ ကောက်ခံ တိုက်တွန်းလာပါတယ်။

တောင်ဥက္ကလာက ပလုံကောက် မိသားစု ကျူးအိမ်လေးတွေကို အမိုး မိုးပေးဖို့ စီစဉ်နေရင်း ပြိုကျသွားတဲ့ မိသားစု အိမ်လေးအတွက် အသစ် ပြန်လည် တည် ဆောက်ပေးဖို့ အလှူရှင်တွေဆီမှာ အလှူငွေ တောင်းခံတိုက်တွန်းလိုက်တာပဲ ဖြစ်ပါတယ်။ ဝေဠုကျော် ဖောင်ဒေးရှင်းနဲ့ အတူ ပါဝင်လှူဒါန်းလိုပါက အောက်ပါ ဖုန်းနံပတ်များကို ဆက်သွယ် လှူဒါန်းလို့ရပါတယ်။


09-455500010 (K Pay) 09-455500014 Source; ;Wai Lu Kyaw Foundation Fb page

Add a Comment

Your email address will not be published. Required fields are marked *