တောင် ကို ရီး ယား သ တင်းများမှာ ဖော် ပြခြင်း ခံရပြီး ကို ရီး ယား လူမျိုး များရဲ့ စိတ် ဝင်စားခြင်းကိုရရှိလာခဲ့တဲ့ ဟားငါးကောင်အဖွဲ့ (အပြည့်စုံဖတ်ရန် ပုံကိုနှိပ်ကြည့်ပါ)

တောင်ကိုရီးယား သတင်းများမှာ ဖော်ပြခြင်းခံရပြီး ကိုရီးယားလူမျိုးများရဲ့ စိတ်ဝင်စားခြင်းကိုရရှိလာခဲ့တဲ့ ဟား ငါးကောင်အဖွဲ့

မင်္ဂလာပါ ချစ်ပရိတ်သတ်ကြီးရေ ပြည်သူ့အချစ်တော် ဟားငါးကောင်အဖွဲ့ကတော့ လက်ရှိအချိန်မှာ တောတွင်းတစ်နေရာကို ရောက်ရှိလို့နေပြီပဲ ဖြစ်ပါတယ် ။

အမှန်တရားကို လက်ကိုင်ထားပြီး ပြည်သူတွေဘက်ကနေ ခိုင်ခိုင် မာမာရပ်တည်ခဲ့တဲ့ ဟားငါးကောင်အဖွဲ့က အားလုံးနဲ့အတူ တစ်သားတည်းရှိနေကြောင်း ပြသခဲ့တာ ဖြစ်ပါတယ်။

သူတို့အဖွဲ့ကတော့ မြို့ပေါ်မှာရှိတဲ့ အချိန်တုန်းကလည်း လူထု လှုပ်ရှားမှုပွဲတွေမှာ တတ်နိုင်သလောက် ပါဝင် အားဖြည့်ပေးခဲ့ကြတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကစပြီး လူရွှင်တော် တိုင်းကျော်နဲ့ လူရွှင်တော် ပိုးလေးတို့က သူတို့ရဲ့လူမှုကွန်ရက် စာမျက်နှာမှတဆင့် ပုံတစ်ချို့ကို မျှဝေပေးလာတာ ဖြစ်ပါတယ်။

တိုင်းကျော်၊ ပြည်ကျော်၊ တိုးကျော်၊ ဝိုင်းကျော်နဲ့ ပိုးလေးတို့ငါးယောက်လုံးက အခုဆိုရင် တောထဲတောင်ထဲမှာ ခိုလှုံနေရတာပဲ ဖြစ်ပါတယ်။

သူတို့အဖွဲ့ကတော့ အနုပညာအလုပ်တွေ လုပ်စဉ်တုန်းကလည်း တက်ညီ လက်ညီရှိကြသလို အခုလိုအချိန်မှာလည်း စည်းလုံး ညီညွတ်နေကြတာ ဖြစ်ပါတယ်။

အခုချိန်မှာတော့ ဟားငါးကောင်ရဲ့ အမှန်တရားအတွက် တိုက်ပွဲဝင်နေတဲ့ ပုံရိပ်များဟာ တောင်ကိုရီးယားရဲ့ သတင်းများမှာပါ ဖော်ပြခြင်းခံနေရပြီ ဖြစ်ပါတယ်။

အဆိုပါ သတင်းနဲ့ ပက်သက်ပြီး မရွှေမိုးကတော့ သူမရဲ့ ဆိုရှယ်မီဒီယာကနေတဆင့် အခုလိုပဲ ရေးသားခဲ့ပါတယ်။

” တောင်ကိုရီးယား သတင်းထဲမှာ နာမည်ကြီး မြန်မာလူရွှင်တော် ဟား ၅ ကောင် အကြောင်းပါလာပြီ။

နာမည်ကျော်လူရွှင်တော် “ Ha 5 Gown” (“ ပြုံးနေသောလူငါး ဦး” လို့အဓိပ္ပာယ်ရတဲ့) ၅ ယောက်ဟာ

အခုတော့ မြန်မာပြည်သူတွေကို ကာကွယ်ဖို့ ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ ( PDF ) ကိုရောက်နေပြီဆိုတာပေါ့။

ဒီနေ့တောင်ကိုရီးယားတွေပြောနေကြတဲ့ သတင်း။ ” ဟု ရေးသားဖော်ပြထားပါတယ်။

မြန်မာနိုင်ငံရဲ့ နွေဦးတော်လှန်ရေးက တကမ္ဘာလုံးက စောင့်ကြည့်ကာ ချီးကျူး အံ့အားသင့်ခဲ့ရတဲ့ အထိ ပြည်သူတွေရဲ့ စည်းလုံး ညီညွတ်မှုက အံ့မခန်းပဲ ဖြစ်ပါတယ်။

အဆုံးထိ ဖတ်ပေးကြတဲ့ ပရိတ်သတ်ကြီးအားလုံးကိုလည်း အထူးပဲ ကျေးဇူးတင်ရှိပါတယ်။ Credit

Add a Comment

Your email address will not be published. Required fields are marked *