တိုက်ပွဲဝင်နေကြတဲ့ လူငယ်တွေကို လမ်းပျောက်နေပြီလားလို့ မေးလာတဲ့သူတွေကို ထိထိ မိမိ ပြန်လည် ချေပလိုက်တဲ့ ဟဲဗီးဖြိုး

တိုက်ပွဲဝင်နေကြတဲ့ လူငယ်တွေကို လမ်းပျောက်နေပြီလားလို့ မေးလာတဲ့သူတွေကို ထိထိ မိမိ ပြန်လည် ချေပလိုက်တဲ့ ဟဲဗီးဖြိုး

မင်္ဂလာပါ ချစ် ပရိတ်သတ်ကြီးရေ ခုလက်ရှိ အရေး အခင်းမှာ လူငယ် အများစုက လမ်းပေါ်ထွက်ပြီး အာဏာရှင်ကို တော်လှန်နေ ကြတာအားလုံးလည်း သိကြမှာပါ။

လူငယ်တွေက အမြင်သစ် အတွေးသစ်တွေနဲ့ လူကြီးတွေ မတွေးလိုက်နိုင်တဲ့ ထောင့်ပေါင်းစုံကနေ စဉ်းစားတွေးခေါ်ပြီး အကွက် ကျကျ စီစဉ် တတ်ကြသူတွေဆိုလည်း မမှားပါဘူး။

လေ့လာမှုအားကောင်းတာရယ် အသစ် အဆန်းတွေ လေ့လာ စရာပေါတဲ့ ခေတ်ကြီးမှာ ဘက်ပေါင်းစုံ ထောင့်ပေါင်းစုံက ကူညီပေးကြတဲ့ Gen X,Y,Z တို့ရဲ့

အားအပြင် အာဏာရှင်ကို ဆန့်ကျင်ကြတဲ့ CDM ကလည်း ၎င်း အရေးတော်ပုံမှာ အရေးကြီးတဲ့ကဏ္ဍတစ်ခုက ပါဝင်လာခဲ့ပါတယ်။

တိုးတက်ရမယ့် အနာဂတ်တွေ အားလုံး မှောင်အတိ ကျသွားတာမျိုး ဘယ်သူမှ လက်မခံနိုင်ကြပါဘူး။

အမှောင်ခေတ်ကို ကျော်ဖြတ်လာတဲ့ သူတွေက အလင်းပြပြလေး မြင်နေရချိန်မှ အမှောင်ထဲ ပြန်မရောက် ချင်ကြသူတွေချည်း ပါပဲ။

ခုလက်ရှိအချိန်ထိ တော်လှန်ရေးတွေ လုပ်နေကြတာက အရေးတော်ပုံ အောင်မြင်မယ်ဆိုတဲ့ ယုံကြည်ချက် တစ်ခုတည်းနဲ့ပါ။

လူငယ်တွေကို လမ်းပျောက်နေပြီလားဆိုတဲ့ မေးခွန်း မေးကြသူတွေကို မင်းတို့ လူငယ်တွေ လမ်းပျောက်နေတာလား ?

ကျွန်တော်တို့ လူငယ်တွေ လမ်းဖောက်နေတာပါ ဆိုပြီး ဟဲဗီးဖြိုးက သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာကတဆင့် ပြောပြလာခဲ့ပါတယ်။

လူငယ်တိုင်းက ခွန်အား အပြည့်နဲ့ အာဏာရှင်ကို တော်လှန်နေကြတဲ့ အချိန်မှာ လူကြီးတွေကလည်း လူငယ်တွေအတွက် ခွန်အားအဖြစ် ပေးဖို့လိုအပ်ပါတယ်။

ရည်ရွယ်ချက်ပန်းတိုင်တွေ တူညီနေပြီဆိုပြီး စုပေါင်းအားနဲ့ အာဏာရှင်ကို တော်လှန်နိုင်မှာ အသေ အချာပါပဲဗျာ။

အရေးတော်ပုံကြီး အောင်ရမည်။

အဆုံးထိ ဖတ်ပေးကြတဲ့ ပရိတ်သတ်တွေလည်း ကျေးဇူးတင်လျက်ပါ။

Add a Comment

Your email address will not be published. Required fields are marked *