တိုက်ပွဲမှာ ကျဆုံးသွားခဲ့တဲ့ (၁၅) နှစ်အရွယ် သူရဲကောင်းမလေး ရေးခဲ့တဲ့စာ (အပြည့်စုံ ဖတ်ရန်ပုံကိုနှိပ်ကြည့်ပါ)

တိုက်ပွဲမှာ ကျဆုံးသွားခဲ့တဲ့ (၁၅) နှစ်အရွယ် သူရဲ ကောင်းမလေး ရေးခဲ့တဲ့စာ

မင်္ဂလာပါ ချစ်ပရိတ်သတ်ကြီးရေ တောင်ဒဂုံမှာ ကျဆုံးသွားတဲ့ အသက် (၁၅) နှစ်အရွယ် သူရဲကောင်း မလေးရေးခဲ့တဲ့စာကြောင့် စိတ်မကောင်းဖြစ်နေရတဲ့ ပြည်သူများ

ဖေဖော်ဝါရီလ ကတည်းကနေ အခုချိန်အထိ ကိုယ့်နိုင်ငံ အကျိုးအတွက် ကြိုးစားပေးနေတဲ့ ပြည်သူတွေထဲမှာတော့ လူငယ်တွေက ထိပ်ဆုံးနေရာကနေ ပါဝင်နေကြတာ ဖြစ်ပါတယ်။

ဆယ်ကျော်သက် အရွယ်လေးတွေ ဖြစ်ကြပေမယ့်လည်း အန္တရာယ်ကိုတောင် မကြောက်ရွံ့ဘဲ ရဲရဲဝင့်ဝင့် ဆန္ဒထုတ်ဖော်နေကြတဲ့ လူငယ်တွေကို အားလုံးက ချီးကျူးနေရတာ ဖြစ်ပါတယ် ။

အခုဆိုရင်လည်း အသက် (၁၅) နှစ်အရွယ်သာရှိသေးတဲ့ သူရဲကောင်း မိန်းကလေးတစ်ဦးက ပြီးခဲ့တဲ့ရက်ကပဲ ကျဆုံးသွားခဲ့ရတာ ဖြစ်ပါတယ် ။

သူမကတော့ တောင်ဒဂုံမြို့နယ် (၅၅) ရပ်ကွက်မှာ နေထိုင်တဲ့ ပြည်သူတစ်ဦးဖြစ်ပြီး နာမည်ကတော့ “မဇူးဝင့်ဝါ” ပဲ ဖြစ်ပါတယ် ။

အသက် ငယ်သေးပေမယ့်လည်း မြင့်မြတ်တဲ့ စိတ် ထားကို ပိုင်ဆိုင်ခဲ့တဲ့ မဇူးဝင့်ဝါက သူမ အသက်ရှိနေတဲ့ အချိန်ကတည်းကပင် ရဲရင့်ပြတ်သားတဲ့ ဆုံးဖြတ် ချက်တစ်ခုကို ချခဲ့တာ ဖြစ်ပါတယ် ။

မဇူးဝင့်ဝါက စာရွက်တစ်ခုမှာ သူမရဲ့ရင်ထဲက ဖြစ်စေချင်ခဲ့တဲ့ ဆန္ဒတွေကို လက်မှတ်ထိုးပြီး ရေးသားဖော်ပြခဲ့တာလည်း ဖြစ်ပါတယ် ။

စာထဲမှာတော့ သူမရဲ့နာမည်နဲ့ လိပ်စာအပြင် “သမီးသေသွားခဲ့ရင် မကယ်ပါနှင့် သမီးကိုထားပြီး နိုင်အောင်ကြိုးစားကြပါ ဒီတိုက်ပွဲအောင်ရင် သေပျော်ပါပြီ ကမ္ဘာမကြေဘူး” ဆိုပြီး ရေးသားခဲ့တာပဲ ဖြစ်ပါတယ် ။

မဇူးဝင့်ဝါရဲ့ ဓာတ်ပုံဘေးမှာရှိနေခဲ့တဲ့ ဒီစာ‌လေးကို ဖတ်ရှုလိုက်ရတဲ့ ပြည်သူတွေအနေနဲ့ကလည်း သူမရဲ့စိတ်ဓာတ်ကို ချီးကျူးလေးစားနေကြတာ ဖြစ်ပါတယ် ။

ရေးထားတာလေးက (၁၅) နှစ်သမီး က သူငယ်ချင်းတွေကို စာလှမ်းပေးသလိုပါလား ညီမလေးရေ ညီမလေးရဲ့စာ ကို ခံစားရတဲ့ လူတွေအကုန်လုံး ကြားရသိရပါစေ ကောင်းကင်က ကြယ်လေးတွေရေ

ကောင်း ကင်မှာဘဲနေပါ ထပ်မကြွေ ပါနဲ့တော့ အာဇာ နည်သူရဲကောင်းမလေး မဇူးဝင့်ဝါ အသက် ( ၁၅ ) နှစ်တောင်ဒဂုံ (၅၅) ရပ်ကွက် သူရေးခဲ့တဲ့စာလေးကိုမျှဝေပေးလိုက်ပါတယ်။

သမီးသေသွားခဲ့ရင် မကယ်ပါနှင့် သမီးကို ထားပီးနိုင်အောင်ကြိုးစားကြပါ ဒီတိုက်ပွဲအောင်ရင်သေပျော်ပါပီ။ ကမ္ဘာမကြေဘူး။

ကျဆုံးသွားတဲ့ အသက် (၁၅) နှစ်အရွယ် သူရဲကောင်းမလေး ရေးသားခဲ့တဲ့စာ‌ကို ပရိတ်သတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။

မမဇူးဝင့်ဝါလည်း ကောင်းရာသုဂတိလားပါစေလို့ အားလုံးကိုယ်စား ဆုတောင်းပေးလိုက်ပါတယ်။ Credit

Tags:

Add a Comment

Your email address will not be published. Required fields are marked *