တိုက်ကြီး မြို့နယ် ရဲတပ်ဖွဲ့မှူး အပါအဝင် အမှတ် (၁၈) လုံခြုံရေး ရဲတပ်ဖွဲ့ခွဲ နေ ပြည်တော်မှ ရဲအရာရှိအချို့ CDM တွင် ပါဝင်လာခဲ့

တိုက်ကြီး မြို့နယ် ရဲတပ်ဖွဲ့မှူး အပါအဝင် အမှတ် (၁၈) လုံခြုံရေး ရဲတပ်ဖွဲ့ခွဲ နေ ပြည်တော်မှ ရဲအရာရှိအချို့ CDM တွင် ပါဝင်လာခဲ့

ကဲ… ပရိတ်သတ်ကြီးရေ အာဏာ သိမ်းစစ်ကောင်စီ လက်အောက် တာဝန် မထမ်းဆောင် လိုသောကြောင့်ဟု ဆို

တိုက်ကြီးမြို့နယ် ရဲတပ်ဖွဲ့မှူး အပါအဝင် အမှတ် (၁၈) လုံခြုံရေး ရဲတပ်ဖွဲ့ခွဲ ( နေပြည်တော်) က ရဲအရာရှိအချို့ CDM တွင် ပါဝင်လာပြီဟု သိရသည်။

တိုက်ကြီးမြို့နယ် ရဲတပ်ဖွဲ့မှူး CDM တွင် ပါဝင်လာခြင်းနှင့် ပတ်သက်ပြီး ဦးတင်ရှိန် (အမှတ် (၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ၊ တိုက်ကြီးမြို့နယ်) က ” တိုက်ကြီးမြို့နယ် ရဲတပ်ဖွဲ့မှူးဝင်းကိုသည်

နေပြည်တော်သို့ပြောင်းရွေ့ခံရပြီး အာဏာ သိမ်း စစ်ကောင်စီ လက်အောက်တွင် တာဝန်မထမ်းဆောင် လိုပါသဖြင့် (၂၀၂၁) ခုနှစ် ဖေဖော်ဝါရီလ (၂၂) ရ က်နေ့တွင် CDM တွင် ပါဝင်ကြောင်းနှင့် ပြည်သူ့ အစိုးရ လက် ထက်တွင် တာဝန် ထမ်းဆောင်မည်ဖြစ် ကြောင်း သတင်းပို့ပါသည်” ဟုပြောသည်။

အလားတူ အမှတ် (၁၈) လုံခြုံရေး ရဲတပ်ဖွဲ့ခွဲ ( နေပြည်တော်) က ဒုရဲအုပ် တစ်ဦးနှင့် ရဲတပ်သား သုံးဦးတို့သည် CDM ကို ဖေဖော် ဝါရီလ (၂၇) ရက်နေ့ကစပြီး ပြုလုပ်လိုက်ပြီဟု သိရသည်။

နိုင်ငံဝန်ထမ်းများ CDM ပြုလုပ်မှုသည် ယခုတွင် ပို အရှိန်မြင့်လာကာ ရဲတပ်ဖွဲ့ ၊ ဥပဒေ ရေးရာနင့် တရားရေးမှ အရာရှိ ရာထူးကြီးပိုင်းများပါ ပါဝင်လာသည်။ Source ; Myanmar Harp Media

Add a Comment

Your email address will not be published.