တိရစ္ဆာန်သဖွယ် (၆) နှစ်လုံး မိဘတွေရဲ့ လှောင်ပိတ်ထားခံခဲ့ရတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ အဖြစ် (အပြည့်စုံဖတ်ရန် ပုံကိုနှိပ်ကြည့်ပါ)

တိရစ္ဆာန်သဖွယ် (၆) နှစ်လုံး မိဘတွေရဲ့ လှောင်ပိတ်ထားခံခဲ့ရတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ အဖြစ်

မင်္ဂလာပါ ချစ်ပရိတ်သတ်ကြီးရေ ချစ်သူ ရည်းစား ထားတဲ့အခါ ကိုယ် ရည်ရွယ်ထားသူနဲ့ မိဘတွေကြား အဆင်မပြေတာက ပြဿနာကြီးတစ်ရပ်ဆိုလည်း မမှားပါဘူး။ တချို့ မိဘတွေက နားလည် ညှိုနှိုင်းဖို့ လွယ်ကူပေမယ့်လည်း တချို့ကလည်း သိပ်ကို တင်း မာ လွန်းတက်ကြပါတယ်။

တစ်ခါတစ်ရံ မိဘတွေက သားသမီးကို ချစ်တဲ့ အချစ်ထက် ၎င်းတို့ရဲ့ အတ္တက လွန်ကဲလာတဲ့ အခါမျိုးမှာ လူမဆန်တဲ့ အပြုအမူမျိုးတွေကိုတောင် လုပ်လာကြတာကို အခုပဲ မြင်တွေ့ရမှာပါ။

တရုတ်နိုင်ငံ ဟူးပေးပြည်နယ်က အမျိုးသမီးလေး တစ်ဦးက မိဘတွေ သဘောမတူတဲ့ အမျိုးသားတစ်ဦးနဲ့ ချစ်ကြိုက်မိတာကြောင့် မိဘတွေက သူမကို စိတ် ဆိုးပြီး တိရစ္ဆာန်တစ်ကောင်လို ရက်ရက် စက်စက် ဆက်ဆံလာခဲ့ပါတယ်။

သူမရဲ့မိသားစုက သူမကို ဂိုထောင် တစ်လုံးထဲမှာ (၆) နှစ်လုံးလုံး ပိတ်နှောင် ထား ခဲ့တာကြောင့် မိန်းမပျိုလေးက ကောက်ရိုးပုံပေါ်မှာသာ အိပ်ရပါတယ်။ သူမနာမည်ကတော့ ကျန်းကီဖြစ်ပြီး အသက် (၂၄) နှစ်အရွယ်ရှိပါပြီ။

ကျန်းကီက ပိတ်လှောင်ထားတဲ့ ဂိုထောင်ထဲကနေ ထွက်ပြေးဖို့ အကြိမ်ပေါင်းများစွာ ကြိုးစားခဲ့ပေမယ့်လည်း မအောင်မြင်ခဲ့ပါဘူး။ သူမရဲ့ မိဘတွေက ကျန်းကီက စိတ်မကျန်းမမာ ဖြစ်နေတာကြောင့် သူမကို သော့ခတ်ထားရကြောင်း ရွာသူ ရွာသားတွေကို သတင်းလွှင့်လာခဲ့ပါတယ်။

၎င်းကို ရွာနေလူကြီးတစ်ဦးဖြစ်တဲ့ ချောင်ဂျန်ဟာ ကျန်းကီနဲ့ ပတ်သက်လို့ ရွာအာဏာပိုင်တွေက ဘာမှ မလုပ်ဆောင်နိုင်တာကြောင့် သူမရဲ့ အခြေအနေကို ဓာတ်ပုံရိုက်ပြီး အွန်လိုင်းပေါ်တင်လာခဲ့တာဖြစ်ပါတယ်။

ချောင်ဂျန်က ကောင်မလေးရဲ့ မိဘတွေက ရွာမှာ အစစ အရာရာ တောင့်တင်းကြပါတယ်။ ရွာသားတွေကလည်း သူတို့ကိစ္စနဲ့ပတ်သက်ရင် ဘာသူမှ ဝင်မစွက်ရဲဘူး။

ကျွန်တော်ကတော့ ရွာမှာနေတာမဟုတ်ပါဘူးတစ်ခါတစ်လေမှ ရွာကို လာတာဆိုတော့ သူတို့ကိုကြောက်စရာ မရှိဘူးလေ။ နောက်ဆုံး ကျွန်တော် ရွာရောက်တော့ ကောင်မလေးက ကောက်ရိုးပုံပေါ်မှာ လှဲလို့နေပါတယ်။ သူ့နားမှာလည်း စောင်တွေအပုံလိုက်နဲ့ မုန့်တွေလည်း ရှိတာပေါ့။

ကောင်မလေး မိဘတွေပြောသလို ကလေးမမှာ စိတ် ရောဂါ ရှိလား မရှိလား ကျွန် တော်တော့ သေချာမသိခဲ့ပါဘူး။ သို့ပေမယ့် အခုလိုဆက်ဆံတာက လူတစ်ယောက်လို ဆက်ဆံတာမျိုးမှ မဟုတ်တာဗျာ။

ကောင် မလေးနေရတာ တိရစ္ဆာန် သာသာပဲ ရှိပါတယ်။ ထို့ ကြောင့် ကျွန်တော် ဓာတ်ပုံတွေရိုက်ပြီး အွန်လိုင်းတင်လာခဲ့တာပဲ လို့ပြောပြလာခဲ့ပါတယ်။

ပရိတ်သတ်ကြီးအားလုံးလည်း ကောင် မလေးရဲ့ ပုံရိပ်လေးတွေကြည့်ပြီး စိတ်မကောင်းဖြစ်ကြမယ်လို့ ထင်ပါတယ်။

ဖတ်ရူ့အားပေးကြတဲ့ ပရိတ်သတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ် ခင်ဗျာ။

Tags:

Add a Comment

Your email address will not be published. Required fields are marked *