တိရစ္ဆာန်သဖွယ် မိဘတွေရဲ့ (၆) နှစ်တာ လှောင်ပိတ်ထားခံရတဲ့ အမျိုးသမီးရဲ့အဖြစ် (အပြည့်စုံဖတ်ရန် ပုံကိုနှိပ်ကြည့်ပါ)

တိရစ္ဆာန်သဖွယ် မိဘတွေရဲ့ (၆) နှစ်တာ လှောင်ပိတ်ထားခံရတဲ့ အမျိုးသမီးရဲ့အဖြစ် (အပြည့်စုံဖတ်ရန် ပုံကိုနှိပ်ကြည့်ပါ)

မင်္ဂလာပါ ချစ်ပရိတ်သတ်ကြီးရေ ခုပြောပြမယ့် အကြောင်းလေးကတော့ ချစ်သူ ရည်း စားထားတဲ့အခါ ကိုယ်ရည်ရွယ်ထားသူနဲ့ မိဘတွေကြား အဆင်မပြေတဲ့ ပြဿနာကြီးတစ်ခုဆိုလည်း မမှားပါဘူး။ တချို့မိဘတွေက နားလည်ညှိုနှိုင်းဖို့ လွယ်ကူပေမယ့် တချို့ကလည်း သိပ်ကိုတင်းမာလွန်းကြပါတယ်။

တစ်ခါတစ်လေ မိဘတွေက သား သမီးကို ချစ်တဲ့ အချစ်ထက် ၎င်း တို့ရဲ့အတ္တက လွန် ကဲလာတဲ့အခါမျိုးမှာ လူမဆန်တဲ့ အပြုအမူမျိုးတွေကိုတောင် လုပ်လာကြတာကို အခုတွေ့ရမှာပဲဖြစ်ပါတယ်။

တရုတ်နိုင်ငံ ဟူးပေးပြည်နယ်က အမျိုးသမီးလေးတစ်ဦးက မိဘသဘောမတူတဲ့ အ မျိုးသားတစ်ဦးနဲ့ ချစ်ကြိုက်မိတာကြောင့် မိဘတွေက သူမကို စိတ်ဆိုးပြီး တိရစ္ဆာန်တစ်ကောင်လို ရက်ရက်စက်စက် ဆက်ဆံခဲ့ပါတယ်။

သူမရဲ့မိသားစုက သူမကို ဂိုထောင်တစ်လုံးထဲမှာ (၆) နှစ်လုံးလုံး ပိတ်နှောင်ထားခဲ့တာကြောင့် မိန်းမပျိုလေးက ကောက်ရိုးပုံပေါ်မှာသာ အိပ်ခဲ့ရပါတယ်။ သူမနာမည်ကတော့ ကျန်းကီဖြစ်ပြီး အသက် (၂၄) နှစ်ရှိပါပြီ။

ကျန်းကီက ပိတ်လှောင်ထားတဲ့ ဂိုထောင်ထဲကနေ ထွက်ပြေးဖို့ အကြိမ်ပေါင်းများစွာ ကြိုးစားခဲ့ပေမယ့်လည်း မအောင်မြင်ခဲ့ပါဘူး။ သူမရဲ့ မိဘတွေက ကျန်းကီကို စိတ်မကျန်းမမာ ဖြစ်နေတာကြောင့် သူမကို သော့ ခတ်ထားရကြောင်း ရွာမှာ သတင်းလွှင့်လာခဲ့ပါတယ်။

ဒါကို ရွာနေလူကြီးတစ်ဦးဖြစ်တဲ့ ချောင်ဂျန်က ကျန်းကီနဲ့ ပတ်သက်လို့ ရွာအာဏာပိုင်တွေက ဘာမှ မလုပ်ဆောင်နိုင်တာကြောင့် သူမရဲ့ အခြေအနေကို ဓာတ်ပုံရိုက်ပြီး အွန်လိုင်းပေါ်မှာ တင်လာခဲ့တာပဲဖြစ်ပါတယ်။

ချောင်ဂျန်က ကောင်မလေးရဲ့ မိဘတွေက ရွာမှာ အစစ အရာရာ တောင့်တင်းကြပါတယ်။ ရွာသားတွေကလည်း သူတို့ကိစ္စနဲ့ပတ်သက်ရင် ဘာမှဝင်မစွက်ရဲပါဘူး။ ကျွန်တော်က ရွာမှာနေတာမဟုတ်ပါဘူး။ တစ်ခါတစ်လေမှ ရွာကိုလာတာဆိုတော့ သူတို့ကိုကြောက်စရာမရှိပါဘူး။

နောက်ဆုံးကျွန်တော် ရွာရောက်တော့ ကောင်မလေးက ကောက်ရိုးပုံပေါ်မှာ လှဲလို့ သူ့နားမှာလည်း စောင်တွေ အပုံလိုက်နဲ့ မုန့်တွေလည်း ရှိနေခဲ့ပါတယ်။ ကောင်မလေး မိဘတွေပြောသလို ကလေးမမှာ စိတ်ရောဂါရှိလား မရှိလား ကျွန်တော်တော့ သေချာမသိပါဘူး။ ဒါပေမယ့် အခုလိုဆက်ဆံတာက လူတစ်ယောက်လို ဆက်ဆံတာမျိုးမှ မဟုတ်တာဗျာ။

ကောင်မလေးနေရတာ တိရစ္ဆာန်သာသာပါ။ ဒါကြောင့် ကျွန်တော် ဓာတ်ပုံတွေရိုက်ပြီး အွန်လိုင်းတင်ခဲ့တာပဲ လို့ပြောပြလာခဲ့ပါတယ်။ ပရိတ်သတ်တွေလည်း ၎င်းကောင်မလေးအပေါ် ထင်မြင်ချက်လေးတွေ ရေးသားခဲ့ပါအုံးနော်။ အဆုံးထိဖတ်ပေးကြတဲ့ ပရိတ်သတ်တွေလည်း ကျေးဇူးတင်လျက်ပါ။ Credit

Tags:

Add a Comment

Your email address will not be published. Required fields are marked *