တရားစခန်း ၉ ရက် ဝင်ရင်း တရားပေါက်သွားကာ ခန္ဓာဉာဏ် ရသွားပြီလို့ ဆိုလာပြန်တဲ့ အဘ သမီးလေး ရွှေရူပါဦး

တရားစခန်း ၉ ရက် ဝင်ရင်း တရားပေါက်သွားကာ ခန္ဓာဉာဏ် ရသွားပြီလို့ ဆိုလာပြန်တဲ့ အဘ သမီးလေး ရွှေရူပါဦး

မင်္ဂလာပါ ချစ်ပရိတ်သတ်ကြီးရေ Dr. ကေသာဦး (ကိုယ့်စိတ်ကိုယ်စစ်) International Zoom Online ယောဂီ ဟောင်း သေနည်း သင်တန်း ၉ ရက် တာ

ကာလ ဒီနေ့ပဲ ပြီးဆုံးသွားပြီမို့ ပြုခဲ့သမျှ ကုသိုလ်လေးကို အမျှပေးချင်လိုတဲ့ ဆန္ဒကြောင့် ဒီ Status လေးကို ရေးလိုက်ရပါတယ်။

တရားစခန်း ဝင်ဖို့ သဒ္ဓါတရား ဘယ်လောက် ထက် သန်လဲ ဆိုရင် ယောဂီဟောင်း စာရင်း၂၀၀ နီးပါးမှာ ယောဂီ နံပါတ် (၁) မို့ အံ့ဩရပါတယ်။

(တရားကို အာသာ ငမ်းငမ်းလိုချင်လွန်းလို့ စာရင်းပေးတာ လက်မြန်ချက်ပေါ့)

ယောဂီဟောင်း စခန်းဆိုတော့ တစ်ကြိမ်ထိုင်လျှင် ကြာမြင့်ချိန် ၃ နာရီ ကစပြီး ထိုင်ရပါတယ်။

နောက်နေ့ တွေမှာတော့ ၂ ချိန် ဆက်တိုက် ကြားမှာ နားချိန် ၁ နာရီ ပေါင်းလို့ နာရီရှည် ၇ နာရီထိ ကြိုးစား ထိုင်နိုင်ခဲ့ပါတယ်။

အလားတူ နောက်နေ့ တွေမှာလည်း ထပ်မံ ပြီးကြိုးစား ခဲ့ပြန်ပါတယ်။

အမေကတော့ ယောဂီထိန်းလို အနားမှာ လိုအပ်တာ စောင့်ကြည့်ပေးပြီး သတိ လွတ်မှာရယ် ငိုက်မှာရယ် သည်းမခံနိုင်မှာ စိုးလို့ သတိပေးနေခဲ့ပါတယ်။

အရေ အတွက်ကို ပဓာန မထားပဲ ခန္ဓာဉာဏ် ရောက်အောင် အားထုတ်ဖို့လည်း အမြဲမှာပါတယ်။

ဒါ့အပြင် အခန်းတွင်း အပူ အအေး မျှတအောင် နဲ့ အချိန်မီ ဆွမ်းစားဖို့က အစ ပါရမီ ဖြည့်ပေးနေခဲ့ပါတယ်။

ဒီ တရားစခန်း ဝင်ဖို့ ကိုလည်း အမေ့ရဲ့ တစ်ချက်လွှတ် အမိန့်လည်း ပါတာပေါ့။

ယခုလိုမျိုး သဒ္ဓါ ထန်သန်စွာ အားထုတ်ဖို့ ဖြစ်လာအောင် ကျေးဇူးကြီး သူကတော့ ဆရာ Dr ကေသာဦး ပါ။

ဆရာ့ရဲ့ ယောဂီတွေအပေါ်မှာ ထားရှိတဲ့ မေတ္တာနဲ့သဒ္ဓါတရားဟာ အင်မတန်မှ ကြီးမားပြီး ကျေးဇူးကြီးတာမို့ ဒီနေရာကနေ ကန်တော့လိုက်ရပါတယ်ရှင်။

တော်တော်ကို ပင်ပန်းခံနိုင်တဲ့ ဆရာပါ သဒ္ဓါတရားကတော့ သူမ တူအောင်ပါပဲ။

ဆရာ့ ကျေးဇူးတွေကိုလည်း ဘာဝနာ တရားတွေ ပွားများပြီး ပြန်လည် ဆပ်သွားပါ့မယ်ရှင်။

ပြုသမျှကုသိုလ် အမျှ အမျှ အမျှ ပေးဝေပါတယ်ရှင်။ နတ် လူ သာဓုခေါ်စေသော်။ Credit

Add a Comment

Your email address will not be published. Required fields are marked *