တပ်မတော်ကို ထောက်ခံ အားပေးမှု ပြုလုပ်နေတဲ့ သားဖြစ်သူ အေးနေဝင်းကို အမွှေဖြတ် စွန့်လွတ်ကြောင်း ကြေညာ

တပ်မတော်ကို ထောက်ခံ အားပေးမှု ပြုလုပ်နေတဲ့ သားဖြစ်သူ အေးနေဝင်းကို အမွှေဖြတ် စွန့်လွတ်ကြောင်း ကြေညာ

မင်္ဂလာပါ ချစ် ပရိတ်သတ်ကြီးရေ တပ်မတော်ကို ထောက်ခံအားပေးမှု ပြုလုပ်နေတဲ့ သားဖြစ်သူ အေးနေဝင်းကို အမွှေဖြတ် စွန့်လွတ်ကြောင်းကို နိုင်ငံပိုင် သတင်းစာမှာ ကြေညာလာခဲ့ပါတယ်။

နိုင်ငံရေးနှင့် ပတ်သက်သော ဝေဖန်မှုများနဲ့ တပ်မ တော်ကို ထောက်ခံ အားပေးမှုများ ဆက်တိုက်ပြုလုပ်နေတဲ့ သားဖြစ်သူ အေးနေဝင်းကို မိဘများမှ အမွှေဖြတ်စွန့်လွတ်ကြောင်းကြေညာခဲ့ပါတယ်။

တစ်ချိန်က မြန်မာနိုင်ငံကို အချိန်တော်ကြာ အုပ်ချုပ်ခဲ့တဲ့ ဦးနေဝင်းရဲ့ မြေးဖြစ်တဲ့ အေးနေဝင်းက ပရိတ်သတ်တွေ မသိသူမရှိ ဖြစ်ပါတယ်။

စစ်တပ် ထောက်ခံသူ တစ်ယောက် ဖြစ်တာကြောင့် အမြဲလိုလို စစ်တပ်နဲ့ ပြိုင်ဘက်တိုင်းကို မကောင်း ပြောလေ့ ရှိတာပါ။

ဒါကြောင့် လူမှု ကွန်ရက်တွေမှာ လူတော်တော် များများရဲ့ ဝေဖန်မှုကို ခံရတဲ့ သူတစ်ယောက် ပဲဖြစ်ပါတယ်။

ဝေဖန်မှုတွေ ခံရပေမယ့်လည်း သူကတော့ ဆက်ပြီး တိုက်ခိုက်နေတာ ပဲဖြစ်ပါတယ်။

ဒါကြောင့် မကြာ ခဏဆိုသလို သတင်းစာတွေထဲမှာ သူရဲ့ မိဘတွေက သူပြောဆိုတာတွေဟာ မိဘတွေနဲ့ မပတ်သတ်ကြောင်း အမြဲပြောလေ့ရှိတာပါ။

ခုလို အာဏာ သိမ်းချိန်မှာလည်း အေးနေဝင်းက စစ်တပ်ဘက်မှ ထောက်ခံကာ အင်တာဗျူးတွေ ဖြေဆိုမှုတွေ ရှိခဲ့တာပါ။

ဒါကြောင့် မိဘတွေကလည်း ဖြစ်ခဲ့ကိစ္စ အဝဝကို သူနဲ့သာ ဆိုင်ကြောင်း နိုင်ငံပိုင် သတင်းစာက တစ်ဆင့် ကြော်ငြာခဲ့တာပါ။

ဒါကြောင့် ပရိတ်သတ်တွေလည်း အေးနေဝင်း အပေါ် မှတ်ချက် စကားလေးတွေ ပြောပေးသွားကြပါအုံးနာ်။

အဆုံးထိ ဖတ်ပေးကြတဲ့ ပရိတ်သတ် တစ်ယောက်ခြင်းစီတိုင်း အထူး ကျေးဇူးတင်လျက်ပါ။

Add a Comment

Your email address will not be published. Required fields are marked *