တတိယ အကြိမ် ယှဉ်ပြိုင် ထိုးသတ်ရန် ဗစ်တာလီဘစ်ဒက်ရှ်ရဲ့ စိန်ခေါ်မှုကို လက်ခံလိုက်တဲ့ အောင်လအန်ဆန်

တတိယ အကြိမ် ယှဉ်ပြိုင် ထိုးသတ်ရန် ဗစ်တာလီဘစ်ဒက်ရှ်ရဲ့ စိန်ခေါ်မှုကို လက်ခံလိုက်တဲ့ အောင်လအန်ဆန်

မင်္ဂလာပါ ချစ် ပရိတ်သတ်ကြီးရေ အောင်လအန်ဆန်နှင့် ဗစ်တာလီဘစ်ဒက်ရှ်တို့သည် ပထမအကြိမ်အဖြစ် ၂၀၁၇ ခုနှစ်ဇန်နဝါရီလ အတွင်းက အင်ဒိုနီးရှးာ နိုင်ငံတွင် တွေ့ဆုံခဲ့ရာ၌ ငါးချီ ပြီးဆုံးသည် အထိ နှစ်ဦးစလုံး အလဲ မထိုးနိုင်သောကြောင့် ဒိုင် အဆုံးအဖြတ်ဖြင့် ဗစ်တာလီဘစ်ဒက်ရှ်က အနိုင်ရရှိခဲ့သည် ။

ထို့နောက် (၅) လအကြာ ဇွန်လ အတွင်း၌ မြန်မာနိုင်ငံရန်ကုန်မြို့တွင် ဒုတိယ အကြိမ် ပြန်လည် တွေ့ဆုံခဲ့သည် ။

ဒုတိယ အကြိမ်ပြန်လည် တွေ့ဆုံရာတွင် ပထမအကြိမ် တွေ့ဆုံခဲ့စဉ်က အတိုင်း ငါးချီ ပြီးဆုံးသည်အထိ နှစ်ဦးစလုံး အလဲ မထိုးနိုင်သောကြောင့် ဒိုင်အဆုံးအဖြတ်ဖြင့် အောင်လအန်ဆန်က အနိုင်ရရှိခဲ့သည် ။

ယင်းပွဲအနိုင်ရရှိမှုမှာ အောင်လအန်ဆန် အတွက် ONE MMA ပြိုင်ပွဲများ၌ ပထမဆုံး ချန်ပီ ယံခါးပတ်ကို ပိုင်ဆိုင် ရရှိခဲ့ခြင်းဖြစ်သည် ။

ဒီနေ့မှာတော့ မြန်မာ MMA ဖိုက်တာ အောင်လအန်ဆန်သည် ရုရှား MMA ဖိုက်တာ ဗစ်တာလီဘစ်ဒက်ရှ်၏ တတိယအကြိမ် တွေ့ဆုံ ယှဉ်ပြိုင် ထိုးသတ်ရန် စိန်ခေါ်မှုကို လက်ခံကြောင်းတုံ့ပြန် ပြောဆိုခဲ့သည် ။

ဘစ်ဒက်ရှ်ကကျွန်တော့်စိတ်ထဲမှာ နောက်ထပ်ယှဉ် ပြိုင်ထိုးသတ် ချင်တဲ့သူက တစ်ယောက်ပဲ ရှိတယ် ။သူက အောင်လပဲ ။ အောင်လရေ ငါမင်းကို စောင့်နေမယ် ။

ဒီကို လာခဲ့ဟု စိန်ခေါ် ပြောဆိုခဲ့ခြင်းဖြစ်သည် ။ အောင်လအန်ဆန်က ဟိုးလာခဲ့ပါ ။ မင်းနဲ့ တွေ့ဆုံရမယ်ဆိုရင် ငါစာချုပ်မှာ အကြိမ်ကြိမ် လက်မှတ် ထိုးထားပြီးသားပဲဟု ပြန်လည် တုံ့ပြန် ပြောဆိုခဲ့ခြင်း ဖြစ်သည် ။

ပရိတ် သတ်တွေလည်း အားပေး ကြပါအုံးနော် ။ အဆုံးထိ ဖတ်ပေးကြတဲ့ ပရိတ်သတ် တစ်ယောကါခြင်းစီတိုင်း အထူး ကျေးဇူးတင်လျက်ပါ ။

Tags:

Add a Comment

Your email address will not be published. Required fields are marked *