တစ်သက်မှာ တစ်ကြိမ်ကြုံရဖို့ ခဲယဉ်းပြီး သဘာဝအတိုင်း ဖြစ်ပေါ်နေတဲ့ နီလာ ခရမ်းကျောက်အကြောင်း (အပြည့်စုံဖတ်ရန် ပုံကိုနှိပ်ကြည့်ပါ)

တစ်သက်မှာ တစ်ကြိမ်ကြုံရဖို့ ခဲယဉ်းပြီး သဘာဝအတိုင်း ဖြစ်ပေါ်နေတဲ့ နီလာ ခရမ်းကျောက်အကြောင်း

မင်္ဂလာပါ ချစ်ပရိတ်သတ်ကြီးကို အခုတစ်ခေါက် ပြောပြမယ့် အကြောင်းလေးကတော့ တစ်သက်မှာ တစ်ကြိမ်ကြုံဖို့ ခဲယဉ်းပြီး သဘာဝအတိုင်း ဖြစ်ပေါ် နေတဲ့နီလာ ခရမ်းကျောက်ရဲ့ အကြောင်းပဲ ဖြစ်ပါတယ်။

အခု လူတွေ သတ်မှတ်ထားကြတဲ့ အသဲပုံ သဏ္ဍာန်လေးက (၆) ရာစု (၅) ရာစု ဘီစီ လောက်က စပြီး ပေါ်ပေါက်လာခဲ့တာပါ။

တကယ် တမ်းလူ့နှလုံးသားပုံစံက လူတွေသိနေတဲ့ အသဲပုံ သင်္ကေတနဲ့ လုံးဝမတူပေမယ့်လည်း သဘာဝ တရားကတော့ ဒီသင်္ကေတကို အသိအမှတ် ပြုပုံရပါတယ်။

မကြာသေးခင်ကတော့ မိုင်းတွင်းသမား အချို့ဟာ ထူးခြားတဲ့သဘာဝတရားရဲ့ အလှကို တွေ့လာခဲ့ကြပါတယ်။ Boredpanda သတင်းအရ ဘရာဇီး နယ်စပ်အနီး ဥရုဂွေးနိုင်ငံ Artigas က Santa Rosa မိုင်းတွင်း အသစ်မှာ မိုင်းသမားတွေက တူးဖော်ရင်း နီလာ ခရမ်းကျောက်တွေကို ရှာဖွေတွေ့ရှိခဲ့တာပဲဖြစ်ပါတယ်။

မိုင်း အလုပ်သမားတွေ က Artigas မှာ မိုင်းတူး ရတဲ့သာ မန်နေ့ တစ်နေ့မှာပဲ ဒီအသဲပုံ ကျောက်တွေကို တွေ့ခဲ့ရတာပဲ ဖြစ်ပါတယ်။ မီးတောင် ကျောက်တွေကို ခွဲရတာ အရမ်းကို မာလွန်းတဲ့အတွက်ကြောင့် မိုင်းသမားတွေကတောင် ဒီထဲမှာ ထူးခြားမှု တစ်ခုခုရှိလိမ့်မယ်ဆိုပြီး ခန့်မှန်းထားခဲ့ကြပါတယ်။

အသဲပုံ ကျောက်ကို ရဖို့အတွက်ကတော့ (၂) နာရီ (၃) နာရီလောက် အချိန် ပေးခဲ့ရပါတယ်။ မီးတောင် ချော်ကျောက်တွေဟာ သာမန် ကျောက်တွေထက် တော့ပိုမာပါတယ်။ ကျောက်ကို ရယူဖို့အတွက်လည်း အများကြီး ခွန်အားစိုက်ထုတ်ခဲ့ရတာ ဖြစ်ပါတယ်။

အခုဆိုရင်တော့ မီးတောင် ချော်ကျောက်တွေကို ပုံသဏ္ဍာန် အမျိုးအစား အရွယ်အ မျိုးမျိုးနဲ့ တွေ့နေရပြီပဲဖြစ်ပါတယ်။ ဒီအ ကြောင်းလေးကို ပရိတ်သတ်ကြီးအားလုံးအတွက် ပြန်လည် မျှဝေပေးလိုက်ပါတယ် ခင်ဗျာ။

အဆုံးထိ ဖတ်ရူ့အားပေးခဲ့ကြတဲ့ ပရိတ်သတ်ကြီးအားလုံးကိုလည်း ကျေး ဇူးတင်လျက်ပါ။ ဖတ်ရူ့အားပေးကြတဲ့ ပ ရိတ်သတ်ကြီးအားလုံးလည်း သာယာ ပျော်ရွှင်တဲ့ နေ့လေး တစ်နေ့ ပိုင်ဆိုင်နိုင် ကြပါစေ။ Credit

Add a Comment

Your email address will not be published. Required fields are marked *