တစ်ရက်ကို အောက်စီဂျင်အလုံး ၂၀၀ ကွန်တိန်နာနဲ့ လိုက်ဖြည့်ပေးတော့မယ့် နန္ဒာလှိုင်တို့မိသားစု အလှု

တစ်ရက်ကို အောက်စီဂျင်အလုံး ၂၀၀ ကွန်တိန်နာနဲ့ လိုက်ဖြည့်ပေးတော့မယ့် နန္ဒာလှိုင်တို့မိသားစု အလှု

မင်္ဂလာပါ ပရိတ်သတ်ကြီးရေ ပြည်သူ အချစ်တော် အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ မင်းသမီးချော နန္ဒာလှိုင်းဟာဆိုရင် လတ်တလောမှာ ဖြစ်ပေါ်နေတဲ့ ကိုဗစ်ကြောင့် ကူးစက်ခံရသူတွေမှာ အောက်စီဂျင်တွေ

လိုအပ်နေကိစ္စကို ကူညီဖြေရှင်းနိုင်ဖို့ အောက်စီဂျင် စက်ရုံဆောက်လုပ်ပြီး လှူဒါန်းပေးသွားဖို့ စီစဉ်နေတာ ပရိတ်သတ်ကြီးတွေ သိရှိပြီးသားဖြစ်မှာပါနော်။

ဒီတစ်ခါမှာဆိုရင်လည်း နန္ဒလှိုင်က ပြည်သူ အားလုံးအတွက် သတင်းကောင်း ပါးလိုက်တာပဲဖြစ်ပါတယ်နော်။ “မင်္ဂလာ သတင်းပါ။ အားလုံး လိုအပ်နေတဲ့ အောက်ဆီဂျင် ထုတ်လုပ်တဲ့စက်ရုံ တစ်ခုကို ဝယ်ဖို့ ရွေးချယ်လိုက်ပါပြီ။

အောက်ဆီဂျင် 50Nm3/h ထုတ်လုပ်နိုင်တဲ့ အတွက် တနေ့လျှင် 40L အိုးကြီး အလုံး ၂၀၀ ဖြည့်ပေးလို့ရပါတယ်။

လက်ရှိ အနေအထားအရ အမြန်ဆုံးနဲ့ လူတွေ ပိုပြီးအကျိုးရှိစေမဲ့ အချက်ကို အဓိကထားပြီး ရွေးချယ်လိုက်တာဖြစ်ပါတယ်။

တကယ် လိုအပ်နေတဲ့ ပြည်သူတွေ ဆီရောက်ဖို့အ တွက် ပေ ၂၀ ကွန်တိန်နာထဲထည့်ပြီး နေ့စဉ် လိုအပ် ချက်ရှိနေတဲ့ ရပ်ကွက် မြို့နယ်တွေကို ပတ်ပြီး ထည့်ပေးပါမယ်။

ညဘက်ကျရင်လည်း ဇေကမ္ဘာ ဝင်းထဲမှာ ကားကို ရပ်နားပြီး ဖြည့်ပေးပါမယ်။ ၂၄ နာရီနီးပါး ဖြည့်တင်းနိုင်ဖို့ စီစဉ်ပါမယ်။ အခမဲ့ ဖြည့်ပေးမှာ ဖြစ်ပြီး နောက် ထပ် ခြေလှမ်းအတွက်လဲ ထပ်ကြိုးစားပါအုံးမယ်။

တစ်ခုပဲ အားနာမိပါတယ်။ အမြန်ဆုံးရောက်အောင် ကြိုးစားထားပေမဲ့ အခုမှ စမှာတာဖြစ်လို့ နဲနဲတော့ စောင့်ရလိမ့်မယ်ထင်ပါတယ်။

စိတ်မလျှော့ကြပါနဲ့။ ကျွန်မတို့လိုပဲ တခြား အလှူရှင်တွေလဲ မကြာခင် ပေါ်လာတော့မှာပါ။ ကျန်းမာအောင် နေထိုင်ပေးကြပါရှင်…….”

ဆိုပြီး ပရိတ်သတ်တွေအတွက် ဝမ်းသားစရာ သတင်းကောင်း ပါလာခဲ့တာပဲဖြစ်ပါတယ်နော်။

ဒီသတင်းကို ကြားရတဲ့အတွက် ပြည်သူထဲက ပြည်သူတစ်ယောက်အနေနဲ့ ဝမ်းမြောက် ဝမ်းသာဖြစ်မိပါတယ်။ ဖတ်ရှုပေးတဲ့ ပရိတ်သတ်ကြီးကို အထူးပဲ ကျေးဇူးတင်ရှိပါတယ်။ credit

Add a Comment

Your email address will not be published. Required fields are marked *