တစ်နှစ်လုံး ဖုန်းမသုံးဘဲနေနိုင်သူ ဒေါ်လာ ၁ သိန်း ပေးမယ်လို့ စိန်ခေါ်ခဲ့တဲ့ ကုမ္ပဏီ (အပြည့်စုံဖတ်ရန် ပုံကိုနှိပ်ကြည့်ပါ)

တစ်နှစ်လုံး ဖုန်းမသုံးဘဲနေနိုင်သူ ဒေါ်လာ ၁ သိန်း ပေးမယ်လို့ စိန်ခေါ်ခဲ့တဲ့ ကုမ္ပဏီ

မင်္ဂလာပါ ပရိတ်သတ်ကြီးရေ Vitaminwater ကုမ္ပဏီဟာ တစ်နှစ်ပတ်တာကာလလုံး ဖုန်း၊ တက်ဘလက် လုံးဝမသုံးဘဲ နေနိုင်သူကို ဒေါ်လာ ၁ သိန်းပေးမယ်လို့ စိန်ခေါ်မှုပြုလုပ်ခဲ့ကြောင်း OC သတင်းမှာ ဖော်ပြထားတာပါ။

Coca Cola ကုမ္ပဏီက ပိုင်ဆိုင်တဲ့ Vitaminwater ကုမ္ပဏီက ဒီ challenge မှာ ပါဝင်ယှဉ်ပြိုင်ဖို့လည်း ဖိတ်ခေါ်ထားပြီးတော့ ယှဉ်ပြိုင်လိုသူတွေဟာ သူတို့ ဘာကြောင့် ဖုန်းမသုံးချင်တာလဲဆိုတဲ့ အကြောင်း အရာကို ရေးသားပြီးတော့ nop honeforayear နဲ့ contest ဆိုတဲ့စာနဲ့အတူ အင်စတာဂရမ် ဒါမှမဟုတ် တွစ်တာမှာ ဓာတ်ပုံတပုံတင်ပြီးတော့ ကုမ္ပဏီကို အကြောင်းကြားရမှာပါ။

ကုမ္ပဏီဘက်က လာမယ့် ဇန်နဝါရီ ၈ ရက်နေ့အထိ ပြိုင်ပွဲဝင်တွေကို ဖိတ်ခေါ်ထားပြီးတော့ အဆိုပြုထားတဲ့ ပြိုင်ပွဲဝင်တွေထဲကကုမ္ပဏီဘက်က ဒီ challenge နဲ့ အသင့်တော်ဆုံးသူကို ရွေးချယ်မှာပါ။ရွေးချယ်ခံရသူတွေကို လာမယ့် ဇန်နဝါရီ ၂၂ ရက်နေ့မှာ ထုတ်ပြန်ကြေညာပေးမယ်လို့လည်း ကုမ္ပဏီဘက်က ပြောပါတယ်နော်။

ရွေးချယ်ခံရသူတွေအနေနဲ့ ကုမ္ပဏီဘက်ကချမှတ်ထားတဲ့ စည်းကမ်းချက်တွေကို လိုက်နာရမှာဖြစ်ပြီးတော့ သူများဖုန်းတွေကိုလည်း ငှားရမ်းအသုံးပြုလို့ရမှာမဟုတ်ပါဘူးတဲ့။

အခုလို ခေတ်ကြီးမှာ ဖုန်းတွေက မရှိမဖြစ်အရေးပါတဲ့ အခန်းကဏ္ဍမှာ ရှိနေတာကြောင့် ဒီ စိန်ခေါ်မှုဟာလူအများစုအတွက် ခက်ခဲမှာဖြစ်ပေမယ့်လည်း ကုမ္ပဏီဘက်က ပြောဆိုဆက်သွယ်ရေးအတွက် ဖုန်းပြောခြင်း တမျိုးတည်းကိုပဲ သုံးနိုင်တဲ့ ၁၉၉၆ ခုနှစ်ထုတ် ဖုန်းတလုံးကို ပေးထားမှာဖြစ်ပါတယ်နော်။

အခုချိန်မှာ Vitaminwater ကုမ္ပဏီရဲ့အစီအစဉ်ဟာ လူမှုကွန်ရက်အသုံးပြုတွေကြားမှာ အတော်လေးရေပန်းစားနေပြီးတော့ ကုမ္ပဏီဘက်ကတော့ ဒါဟာ ဟာသပြုလုပ်တာမဟုတ်ဘူးလို့ အခိုင်အမာပြောပါတယ်နော်။

ဒီ challenge ဟာ ဖုန်းတွေနဲ့ အချိန်ကုန်နေသူတွေအတွက်သူတို့အချိန်နဲ့ တခြားစိတ်ဝင်စားစရာ အကြောင်းအရာတွေကို ဆောင်ရွက်ဖို့ အကောင်းဆုံးနဲ့ အထိရောက် ဆုံးနည်းလမ်းဖြစ်တယ် လို့ ကုမ္ပဏီရဲ့ မန်နေဂျာတဦးဖြစ်သူက ပြောခဲ့တာပါနော်။ Credit

Tags:

Add a Comment

Your email address will not be published. Required fields are marked *