တချိန်က မိုက်ကိုင်တဲ့ လက်တွေက သေနတ်ကိုင်ရမယ်လို့ ဘယ်တုန်းကမှ မတွေးခဲ့ပါဘူးဆိုတဲ့ လူရွှင်တော် တိုင်းကျော်နဲ့ ပိုးလေး

တချိန်က မိုက်ကိုင်တဲ့ လက်တွေက သေနတ်ကိုင်ရမယ်လို့ ဘယ်တုန်းကမှ မတွေးခဲ့ပါဘူးဆိုတဲ့ လူရွှင်တော် တိုင်းကျော်နဲ့ ပိုးလေး

မင်္ဂလာပါ ချစ်ပရိတ်သတ်ကြီးရေ ချစ်ခင် အားပေးရတဲ့ ဟားငါးကောင် လူရွှင်တော် အဖွဲ့က အငြိမ့်စဉ်ပေါ်

မှာ ဟာသပြက်လုံးတွေနဲ့ အားလုံးကို ရီမော ပျော်ရွင်အောင် လုပ်နိုင်သူတွေပါ ။

ဟားငါးကောင်က နယ်တကာလှည့်ပြီး ဖျော်ဖြေပေးခဲ့တာပဲ ဖြစ်ပါတယ် ။

အာဏာ သိမ်းပြီးနောက်ပိုင်းမှာ ဟားငါးကောင် အဖွဲ့က စစ် အာဏာရှင်ကို တော်လှန်ခဲ့ပြီး ပြည်သူတွေနဲ့ အမှန် တရားဘက်က ရပ်တည်က လမ်းမပေါ်ထိ ထွက်ကာ ဆန္ဒ ထုတ်ဖော် ပေးခဲ့တာ ပဲဖြစ်ပါတယ် ။

နောက်ပိုင်းမှာ ပြည်သူတွေနဲ့ အတူ အနုပညာရှင် အချို့ကို ဖမ်းဝရမ်း ထုတ်ခဲ့ပြီး တချို့လည်း ဖမ်းဆီးခံခဲ့ရတာ ပဲဖြစ်ပါတယ် ။

ဟားငါးကောင် အဖွဲ့က လွတ်မြောက် နယ်မြေကို ရောက်သွားပြီး ဆက်လက် တော်လှန်နေဆဲ ဖြစ်ပါတယ် ။

မိုက်ကိုင်တဲ့ လက်တွေက သေနတ် ကိုင်ရမယ်လို့ ဘယ်တုန်းကမှ မတွေးခဲ့ပါဘူး ။

ခုတော့ တကယ် ဖြစ်လာခဲ့ပြီလေ ။

မင်းတို့ အလှည့် ရောက်ပြီနော် ဆိုပြီး ဟားငါးကောင် ဟာသ အဖွဲ့ထဲက လူရွှင်တော် ပိုးလေးနဲ့ တိုင်းကျော်က ပြောပြထားတာပဲ ဖြစ်ပါတယ် ။

ပရိတ်သတ်ကြီးအားလုံးလည်း ဟားငါးကောင် အဖွဲ့အတွက် ဆုတောင်း ပေးကြပါအုံးနော် ။

အဆုံးထိဖတ်ပေးကြတဲ့ ပရိတ်သတ် တစ်ယောက်ခြင်းတိုင်း အထူး ကျေးဇူးတင်လျက်ပါ ။

Add a Comment

Your email address will not be published. Required fields are marked *