တက္ကသိုလ် ဝင်တန်း စာမေးပွဲ ဖြေဆိုခွင့်လျှောက်လွှာ အချိန်မှီ ပေးပို့ခြင်း မရှိပါက ဖြေဆိုခွင့် ရမည်မဟုတ်ကြောင်း စစ်ကောင်စီ ပြောကြား

တက္ကသိုလ် ဝင်တန်း စာမေးပွဲ ဖြေဆိုခွင့်လျှောက်လွှာ အချိန်မှီ ပေးပို့ခြင်း မရှိပါက ဖြေဆိုခွင့် ရမည်မဟုတ်ကြောင်း စစ်ကောင်စီ ပြောကြား

တက္ကသိုလ်ဝင်တန်းစာမေးပွဲများ ကျင်းပသွားမည့် ကာလကို မတ်လ ၃၀ ရက်မှ ဧပြီ ၉ ရက်အထိ ကျင်းပသွားမည်ဟု ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန် ကြီးဒေါက်တာညွှန့်ဖေက ရန်ကုန်တက္ကသိုလ်ပါမော က္ခချုပ်အပါအဝင် တာဝန်ရှိသူများနှင့် ဒီဇင်ဘာလ ၄ရက်နေ့က တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

တက္ကသိုလ်ဝင်တန်းစာမေးပွဲ‌ အဖြေလွှာများကို အ ချိန်မီစစ်ဆေးနိုင်ရေး ပြင်ဆင် စီမံ ဆောင်ရွက် လျက်ရှိကြောင်းလည်း ဝန်ကြီးက ထည့်သွင်းအသိပေးခဲ့သည်။

မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက နိုဝင်ဘာ ၁၁ရက်က တက္ကသိုလ်ဝင်ခွင့် စာမေးပွဲ ဖြေဆိုခွင့် လျှောက်ထားခြင်းနှင့်ပတ်သက်၍ဆောင်ရွက်မည့် အစီအစဉ်ကို ထုတ်ပြန်ကြေညာရာတွင် ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ ဖြေဆိုခွင့်လျှောက်လွှာများကို ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ (၁၅) ရက်နေ့မှ ဒီဇင်ဘာလ (၃၀) ရက်နေ့အတွင်း လျှောက်ထားရမည် ဖြစ်ပြီး

စာမေးပွဲဖြေဆိုခွင့် လျှောက်လွှာတင်သွင်းရာ၌ ဘာ သာတွဲ အမှတ်စဉ် (၁)၊ (၅)၊ (၆)၊ (၇)၊ (၈) များဖြင့် ဖြေဆိုမည့်သူများ အတွက် အစိမ်းရောင် ဖြေဆိုခွင့်လျှောက်လွှာနှင့် ကတ်ပြားပုံစံ ဖြင့်လည်းကောင်း၊ ဘာသာတွဲ အမှတ်စဉ် (၂)၊(၃)၊(၄) များဖြင့် ဖြေဆိုမည့်သူများအတွက် ပန်းရောင် ဖြေဆိုခွင့်လျှောက်လွှာနှင့် ကတ်ပြားပုံစံဖြင့် တင်သွင်းရန် အရောင်နှစ်မျိုး ခွဲခြားသတ်မှတ်ထားကြောင်း ထည့်သွင်း ကြေညာထား သည်။

ယင်းအပြင် အခြေခံပညာအထက်တန်းကျောင်းများ၊ ကျောင်းခွဲများ၊ တွဲဖက်ကျောင်းများနှင့် ကိုယ်ပိုင်အ ထက်တန်းကျောင်းများမှ လျှောက်လွှာတင်သွင်းမည့် ကျောင်းသား၊ ကျောင်းသူများ အတွက် ကျောင်းအုပ်ကြီးများသည်

ဖြေဆိုခွင့်လျှောက်လွှာ တစ်စောင်လျှင် (၂၀ဝိ/-)ကျပ်နှင့် စာမေးပွဲဝင်ကြေး ၇၀ဝိ/- ကျပ်တန် ငွေသွင်းတံ ဆိပ်ခေါင်းများဝယ်ယူပြီး၊ လျှောက်လွှာတစ်စောင် တွင် တံဆိပ်ခေါင်းတစ်ခုကပ်၍ လျှောက်လွှာများကို စုပေါင်းပြီး မြန်မာနိုင်ငံစာစစ်ဦးစီးဌာနသို့ သတ်မှတ်ရက်အတွင်း အချိန်မီ ပေးပို့ကြရန်နှင့်

ပြင်ပဖြေဆိုရန် လျှောက်လွှာတင်သွင်းသူများသည် သက်ဆိုင်ရာ မြို့နယ်ပညာရေး မှူးရုံးများတွင် ဖြေဆိုခွင့်လျှောက်လွှာ တစ်စောင်လျှင် (၂၀ဝိ/-)ကျပ်နှင့် စာမေးပွဲဝင်ကြေးအတွက် ၇၀ဝိ/- ကျပ်တန် ငွေသွင်းတံဆိပ်ခေါင်းများ ဝယ်ယူပြီး ဝင်ခွင့်လျှောက်လွှာ၏ လက်ဝဲဘက်ထိပ်ပိုင်း တွင်ကပ်၍

မိမိတို့ အမှန်တကယ် နေထိုင်သည့်မြို့နယ်ရှိ မြို့နယ်ပညာရေးမှူးရုံးတွင် သတ်မှတ်ရက် အတွင်း အချိန်မီ တင်သွင်းကြရမည် ဖြစ်ကာ သတ်မှတ်ထားသောရက်များအတွင်း အချိန်မီ ပေးပို့ခြင်း မရှိသူများသည် စာမေးပွဲ ဖြေဆိုခွင့် ရရှိကြမည် မဟုတ်ကြောင်းနှင့် စာဖြေသူတင်သွင်းသည့် စာမေးပွဲဖြေဆိုခွင့်လျှောက်လွှာ နှင့် ဖြေဆိုခွင့်ကတ်ပြားတွင် ဖော်ပြပါရှိသည့် ဘာသာတွဲမှအပ အခြားဘာသာတွဲသို့ ပြောင်းလဲဖြေဆိုခွင့်ပြုမည် မဟုတ်သဖြင့်

မိမိဖြေဆိုမည့် ဘာသာတွဲအလိုက် ပုံစံများ မှန်ကန်မှု ရှိ/မရှိ သေချာစွာ စစ်ဆေးပြီး မှန်ကန်စွာ ဖြည့်စွက်ပေးပို့ကြရန် ဖြစ်ကြောင်း သတိပြုစေလိုကြောင်း ကျောင်းများယာယီပိတ်ထားသဖြင့် ကျောင်းဖွင့်ရက်နောက်ကျသော တိုင်းဒေသကြီး/ ပြည်နယ် (၉) ခုမှ မြို့နယ် (၄၆) မြို့နယ်ရှိ အခြေခံပညာကျောင်းများ၏ ကျောင်းသား၊ကျောင်းသူများ နှင့်

ပြင်ပဖြေဆိုမည့်သူများအတွက် လျှောက်လွှာရောင်း ချခြင်းနှင့် ပြန်လည်ပေးပို့ခြင်းတို့ကို သတ်မှတ် ရက်တိုးမြှင့် ဆောင်ရွက်ပေးမည် ဖြစ်ပါသည်ဟုမြန် မာနိုင်ငံစာစစ်ဦးစီးဌာနက ပြောဆိုထုတ်ပြန်ထားသည်။

ယခုနှစ် ပညာသင်နှစ် အခြေခံပညာစာသင်နှစ်၏ ပထမ နှစ်ဝက်စစ်ဆေးခြင်းကို လာမည့် ဇန်နဝါရီလထဲနှင့် နှစ်ဆုံးစစ်ဆေးခြင်းအား မတ်လ ထဲတွင် ဆောင်ရွက်မည်ဟုနစကပြန်ကြားရေးအဖွဲ့ခေါင်း ဆောင်ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောဆိုထားပြီးဖြစ်သည်။

ဇွန်လ၁ရက်နေတွင် ဖွင့်လှစ်ပြီး ဇူလိုင်လတွင် ကိုဗစ်ကြောင့် ပြန်ပိတ်ကာ နိုဝင်ဘာ ၁ရက်တွင် ပြန်ဖွင့်သည့် အခြေခံပညာကျောင်းများ၏ စာသင်နှစ်သည် အချိန်ကာလအားဖြင့် ၆လသာ ရှိပြီး ပညာရေးဝန်ကြီးဌာနက သင်ခန်းစာများအား ပြင်ဆင်ရေးဆွဲထားသည်ဟု သိရသည်။

Tags:

Add a Comment

Your email address will not be published. Required fields are marked *