ညီမဖြစ်သူ ဝရမ်းပြုတ်သွားခဲ့လို့ ဝမ်းသာ ပီတိဖြစ်ရကြောင်း ပြောလာခဲ့တဲ့ နှင်းဝတ်ရည်သောင်း

ညီမဖြစ်သူ ပုဒ်မ ၅၀၅ (က)နဲ့ ဝရမ်းပြုတ်သွားခဲ့လို့ ဝမ်းသာ ပီတိဖြစ်ရကြောင်း ပြောလာခဲ့တဲ့ နှင်းဝတ်ရည်သောင်း

မင်္ဂလာပါ ချစ် ပရိတ်သတ်ကြီးရေ မအေးသောင်းလို့ အများက ချစ်စနိုးနဲ့ ခေါ်ကြတဲ့ သရုပ်ဆောင် မင်း သမီးချော အေးဝတ်ရည်သောင်းက တော်လှန် ရေး တိုက်ပွဲကြီးမှာ ပြည်သူတွေ ဘက်က ရပ်တည်ခဲ့တာကြောင့် ၅၀၅ က ဖြင့် အမှုဖွင့် အရေးယူခြင်း ခံထားရတဲ့ အနုပညာရှင်တွေထဲက တစ်ဦးလည်း ဖြစ်ပါတယ်။

ဇွန်လ (၂၉) ရက်နေ့ ညမှာတော့ ပုဒ်မ ၅၀၅ က ဖြင့် အမှုဖွင့် တရားစွဲ ခံထားရတဲ့ အနုပညာရှင် (၂၄) ယောက်ကို အမှုပြန်လည် ရုတ်သိမ်း ပေးလိုက်တဲ့အကြောင်း စစ်ကောင်စီရဲ့ သတင်းဌာနတွေက ထုတ်ပြန် ကြေညာခဲ့ပြီး အဲ့ဒီ အထဲမှာ မအေးသောင်းကလည်း ပါဝင်ခဲ့ပါတယ်။

အဆိုပါ သတင်းကြောင့် ကာယကံရှင် မိသားစုဝင်တွေ အပြင် ပြည်သူ ပရိတ်သတ်တွေကပါ ဝမ်းသာနေကြပြီး ညီမဖြစ်သူ မအေးသောင်းအတွက် နှင်းဝတ်ရည်သောင်းကလည်း ဝမ်းသာ နေရတဲ့အကြောင်း စာလေးရေးပြီး ပြောပြလာခဲ့ပါတယ်။

“I am so happy finally she is home Home time baby Home time love you su ma” Su maaaaaa Ma g is so happy ” ဆိုပြီး ညီမဖြစ်သူအတွက် အပျော်လေးတွေကို ရေးသားပြောပြ ထားတာပဲ ဖြစ်ပါတယ်။

ညီအစ်မ သုံးယောက်ထဲက အငယ်ဆုံးလေးဖြစ်တဲ့ ဆွိဝတ်ရည်သောင်းကလည်း အစ်မအတွက် ဝမ်းသာသလို အားလုံးအတွက်လည်း ဝမ်းသာ နေရတဲ့အကြောင်းကို ပြောပြထားပါသေးတယ်။

သူတို့ရဲ့ ပို့စ်အောက်မှာတော့ ပရိတ်သတ်တွေကလည်း မအေးသောင်းနဲ့အတူ အမှု ပြန်လည် ရုတ်သိမ်း ခံရတဲ့ အခြား အနုပညာရှင်တွေအတွက် ဝမ်းသာနေကြတဲ့ အကြောင်းတွေကိုလည်း မှတ်ချက်တွေ ပေးထားကြတာ တွေ့ရပါ တယ်။

အဆုံးထိဖတ်ပေးကြတဲ့ ပရိတ်သတ် တစ်ယောက်ချင်းစီတိုင်း အထူး ကျေးဇူးတင်လျက်ပါ။ Credit

Add a Comment

Your email address will not be published. Required fields are marked *