ဈေးက ဝယ်ယူခဲ့တဲ့ခရုထဲကနေ ပေါင်နှစ်သိန်းခွဲတန် ပုလဲရရှိခဲ့တဲ့ ထိုင်းကုန်တင်ကားမောင်းသမား(အပြည့်စုံဖတ်ရန် ပုံကိုနှိပ်ကြည့်ပါ)

ဈေးအတွင်းက ဝယ်ယူခဲ့တဲ့ခရုထဲကနေ ပေါင်နှစ်သိန်းခွဲတန် ပုလဲရရှိခဲ့တဲ့ ထိုင်းကုန်တင်ကားမောင်းသမား

စာဖတ် ပရိတ်သတ်ကြီးရေ ခုပြောပြမယ့် အကြောင်းလေးကတော့ ပြီးခဲ့တဲ့ ရက်သ တ္တပတ်တွေအတွင်းက ထိုင်းငါးဖမ်းသမားတစ်ဦး ရရှိခဲ့တဲ့ လိမ္မော်ရောင် ပုလဲမျိုးကို ကုန်တင်ကား ဒရိုင်ဘာတစ်ဦးက ထပ်မံတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

Melo ပုလဲလို့ အမည်ရှိတဲ့ ပုလဲမျိုးဖြစ်ပြီး ပင်လယ်ခရုအတွင်းက ရရှိခဲ့တာဖြစ်ကာ တန်ဖိုးအားဖြင့်လည်း ပေါင်နှစ် သိန်းခွဲအထိ တန်ကြေးရှိတယ်လို့ သိရပါတယ်။

ဒီတစ်ခါ တွေ့ရှိခဲ့သူကတော့ အသက် (၄၀) နှစ်အရွယ် Monthian Jansuk ဖြစ်ပြီး ချောင်ဘူရီ စီရင်စုအတွင်း သူ့နေအိမ်အနီးနားမှာရှိတဲ့ ဈေးကနေ ဖေဖော်ဝါရီလ (၁၀) ရက်နေ့က ဝယ်ယူခဲ့တဲ့ ခရုအတွင်းကနေ ရရှိခဲ့တာ လို့ သိရပါတယ်။

သူနဲ့ သူ့အမျိုးသမီး Wasana တို့ဟာ ခရုကို ပြုတ်ကာစားသောက်ဖို့ ပြင်ဆင်ခဲ့ကြပြီး သားဖြစ်သူက မာကျောတဲ့ အရာတစ်ခုကို ဝါးမိခဲ့တယ်လို့ ဆိုပါတယ်။

ခရုကို ဝယ်ယူခဲ့စဉ်က ထိုင်းဘတ်ငါးဆယ်သာ ပေးခဲ့ရတယ်လို့ သိရပြီး သားဖြစ်သူ ဝါးမိခဲ့တဲ့နောက် ခရုအတွင်းကို ကြည့်ရာမှာတော့ လိမ္မော်ရောင်ပုလဲ လုံးကို တွေ့ရှိခဲ့ရပြီး အလေးချိန် အားဖြင့် (၇) ဂရမ် ရှိတယ်လို့ ဆိုပါတယ်။

အစောပိုင်းမှာ ခရုဥဖြစ်မယ်လို့ တွေးခဲ့ကြပေမယ့် အမှန်တကယ်တမ်းမှာတော့လိမ္မော် ရောင် ပုလဲဖြစ်နေခဲ့ပြီး နေ့ချင်းညချင်းပဲ ကြွယ်ဝချမ်းသာတော့မှာ ဖြစ်ပါတယ်။

ငါးဖမ်းသမားတစ်ဦးက ဒီပုလဲမျိုးကို တွေ့ရှိခဲ့ကြောင်းလည်း သူတို့တွေကြားသိထားဖူးတယ်လို့ ဖွင့်ဟခဲ့ကာ အခုလိုရရှိ လိမ့်မယ်လို့ မျှော်လင့်မထားခဲ့ကြောင်းလည်း ပြောဆိုခဲ့ပါတယ်။

“ကျွန်တော့်မိသားစု နဲ့ အိမ်နီးချင်းအားလုံးလည်း ဒါမျိုးကို အရင်က မမြင်ဖူးခဲ့ကြပါဘူး၊ ဒါက တန်ဖိုးကြီးပုလဲဖြစ်ဖို့ ကျွန်တော်တို့လည်း မျှော်လင့်ခဲ့ကြပါတယ်၊ ပိုက်ဆံ အများကြီးရမယ်လို့လည်း မျှော်လင့်ခဲ့ပါတယ်၊ ကျွန်တော့်ဘဝကို ဒီပုလဲက ပြောင်းလဲစေနိုင်တော့မှာပါ” လို့ ကုန်တင်ကားမောင်းသူ Jansuk က ပြောပြခဲ့ပါတယ်။

လက်ရှိမှာတော့ ပြီးခဲ့တဲ့လအတွင်း ငါးဖမ်းသမားတစ်ဦးရရှိခဲ့တဲ့ ပုလဲကို ဝယ်ယူဖို့အတွက် Hatchai Niyomdechaက ထိုင်းဘတ်ငွေ (၁၀) သန်းနဲ့ ကမ်းလှမ်း ထားတယ်လို့ သိရပါတယ်။

Jansuk ရဲ့ ပုလဲကလည်း ငါးဖမ်းသမားရရှိခဲ့တဲ့ ပုလဲနဲ့တူညီမှု ရှိတဲ့အတွက်ကြောင့် အ ဆိုပါပမာဏအထိ ရရှိနိုင်မှာဖြစ်ကာ သူတို့နှစ်ဦးစလုံး ကြွယ်ဝချမ်း သာတော့မှာလည်း ဖြစ်ပြီး ထိုင်းလူမျိုးတွေအတွက်တော့ Melo ပုလဲက အကျိုးပေးနေပြီလို့ ဆိုရတော့မှာဖြစ်ပါတယ်။

အဆုံးထိ ဖတ်ပေးကြတဲ့ ပရိတ်သတ်တွေကိုလည်း ကျေးဇူးတင်လျက်ပါ။ Credit

Add a Comment

Your email address will not be published. Required fields are marked *