ဇန်နဝါရီလ (၃) ရက်နေ့ မနက်ပိုင်းတွင် ကိုဗစ်ရောဂါကူးစက်ခံရပြီး ဒေါက်တာ ညီညီသျှင်ကွယ်လွန်ခဲ့ (ကောင်းရာသုဂတိလားပါစေ)

ဇန်နဝါရီလ (၃) ရက်နေ့ မနက်ပိုင်းတွင် ကိုဗစ်ရောဂါကူးစက်ခံရပြီး ဒေါက်တာ ညီညီသျှင်ကွယ်လွန်ခဲ့ (ကောင်းရာ သုဂတိလားပါစေ)

ပရိတ်သတ်ကြီးရေ လှိုင်မြို့နယ် ဖျားနာ လူနာများ (အခမဲ့) ကုသမှုဆေးခန်းက တာ ဝန်ခံ ဆရာဝန်ကြီး ဒေါက်တာ ညီညီသျှင်က ဇန်နဝါရီလ (၃) ရက်မှာ ကိုဗစ် ရောဂါကူးစက်ခံရပြီး ကွယ်လွန် သွားခဲ့တယ်လို့ လှိုင်မြို့နယ် အမှတ် (၁) မဲဆန္ဒနယ်က တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ကျော်ထွန်းကပြောပြလာခဲ့ပါတယ်။

ကွယ် လွန်သွားခဲ့တဲ့ ဆရာဝန်ကြီးက အ သက် (၇၀) နှစ်အရွယ် ဝန်းကျင်ရှိပြီး လှိုင်မြို့နယ် (Fever Clinic) စတင်ဖွင့်လှစ်တဲ့ အ ချိန်ကတည်းက တာဝန် ယူကုသပေးနေတဲ့ ဆရာ ဝန်ကြီးတစ်ယောက် ဖြစ်တယ်လို့ ဦးကျော်ကျော်ထွန်းက ရှင်းပြလာခဲ့ပါတယ်။

ဆရာ ဝန်ကြီး သေဆုံးသွားတာနဲ့ပတ်သက်လို့ ဦးကျော်ကျော်ထွန်းကအခုလို ပြောပြလာပါတယ်။ ဆရာကြီးက ကျန်ခဲ့တဲ့ တစ်လလောက်ကတည်းက ကိုဗစ် ရောဂါပိုးတွေ့ရှိခဲ့ပါတယ်။

ကိုဗစ် တွေ့တဲ့အတွက် သူက စစ် ဆေးရုံဘက်နဲ့နီးစပ်ပါတယ်။ သူအသိတွေရှိတော့ စစ်ဆေးရုံမှာ တင်ထားတာပါ။ စစ် ဆေးရုံမှာတက်ပြီးတော့ သူ့ကိုအိုင်ဆို လေးရှင်းခန်းတွေထဲမှာ ကြပ်မတ် ကုသဆောင်တွေမှာ ကုသနေခဲ့ပါတယ်။

သူက သူ့ကိုယ်သူ မသိလိုက်တာက ဆရာ ကြီးမှာ ဆီးချိုရှိနေတာကို မသိလိုက်ခဲ့ပါဘူး။ အကိုကြားတာ မနက်ကဆုံးတာပါ။ ဆီးချိုရှိတော့ မနက်ကဆုံးသွားတာလို့ ဦးကျော်ကျော်ထွန်းကပြောပြလာခဲ့ပါတယ်။

လှိုင် (Fever Clinic)နှင့် လှိုင် Online Clinic တွင် Volunteer အဖြစ် ဆေးကုသပေးနေတဲ့ ( ဆရာကြီး ဒေါက်တာ ညီညီသျှင် ) ဆရာရေ အသက် အရွယ်ကြီးပေမယ့်လည်း လိုအပ်နေတဲ့ နေရာမို့ ဖြည့်ကူရမယ်ဆိုပြီး ကိုဗစ် ရန်ကုန်မှာ စတွေ့ပြီ ဆိုထဲက လှိုင်မြို့နယ်အ တွက် တာဝန် ကျေခဲ့တဲ့ ဆရာ မြို့နယ်အ တွင်း လူနာများရဲ့အားကိုးရာ လေးစားစွာနဲ့ ဦးညွှတ်လာခဲ့ပါတယ်။

ဆရာငြိမ်းချမ်းစွာအနားယူပါတော့ဗျာ။ မိ သားစုနှင့်ထပ်တူ ဝမ်းနည်းပြီး နှမြှောရပါတယ်။ ပရိတ်သတ်ကြီးအားလုံးလည်း ကွယ် လွန်သွားခဲ့တဲ့ ဒေါက်တာ ညီညီသျှင်အတွက် ဆုတောင်ပေးကြပါအုံးနော်။ ဖတ်ရူ့အားပေးကြတဲ့ ပရိတ်သတ်တွေလည်း မင်္ဂ လာရှိတဲ့ နေ့လေးတစ်နေ့ ဖြစ်ပါစေ။

Tags:

Add a Comment

Your email address will not be published. Required fields are marked *