ဇန်နဝါရီလ (၁၃) ရက်နေ့တွင် ကလေးအထူးကု ဆရာဝန်ကြီး ဒေါက်တာအောင်ကြည်ဝင်း ကိုဗစ်ရောဂါနဲ့ ကွယ်လွန်ခဲ့ကြောင်းသိရ

ဇန်နဝါရီလ (၁၃) ရက်နေ့တွင် ကလေးအထူးကု ဆရာဝန်ကြီး ဒေါက်တာအောင်ကြည်ဝင်း ကိုဗစ်ရောဂါနဲ့ ကွယ်လွန်ခဲ့ကြောင်းသိရ

ကဲ ပရိတ်သတ်ကြီးရေ ကလေးဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး (ငြိမ်း) ကလေး အထူးကုဆရာဝန်ကြီး ဒေါက်တာအောင်ကြည်ဝင်း ကိုဗစ် ရောဂါနဲ့ ကွယ်လွန်သွားကြောင်း ရန်ကုန်ကလေး ဆေးရုံကြီးမှ ကလေး အထူးကု ဆရာဝန်ကြီး ဒေါက်တာ ကျော်လင်းက ၎င်းရဲ့ လူမှုကွန်ရက် စာမျက်နှာမှတဆင့် ရေး သား ဖော်ပြလာခဲ့ပါတယ်။

ကလေး အထူးကု ဆရာဝန်ကြီး ဒေါက်တာ အောင်ကြည်ဝင်းဟာ ဇန်နဝါရီလ (၁၃) ရက် ညပိုင်းတွင် ကိုဗစ် ရောဂါနဲ့ ကွယ်လွန်သွားခြင်းဖြစ်ပြီး ၎င်းမှာ ကျန်းမာရေးနှင့် အား ကစားဝန်ကြီးဌာန ကလေးကျန်းမာပညာ အဖွဲ့ဝင်တစ်ဦးဖြစ်ကြောင်းလည်း သိရပါတယ်။

ထို့အတူ ဟင်္သာတပြည်သူ့ဆေးရုံကြီးတွင် သူနာပြု တာဝန်ထမ်းဆောင်နေတဲ့ သူနာပြု ဆရာမကြီး ဒေါ်သန်းသန်းစီမှာလည်း ကိုဗစ် ရောဂါနဲ့ ဇန်နဝါရီလ (၁၂) ရက်က ကွယ်လွန်သွားခဲ့ကြောင်းနှင့် မန္တလေးပြည်သူ့ဆေးရုံကြီးမှ သူနာပြုတာဝန် ထမ်းဆောင်နေတဲ့ သူနာပြု ဆရာမကြီး ဒေါ်အေးဝင်းသန်းမှာလည်း ကိုဗစ် ရောဂါနဲ့ ဇန်နဝါရီလ (၁၃) ရက်နေ့က ကွယ်လွန်သွားခဲ့ကြောင်း သိရပါတယ်။

လွန်ခဲ့တဲ့ ဇန်နဝါရီလဆန်းပိုင်းအတွင်းက ကိုဗစ် ကူးစက်ခံရတဲ့ လှိုင်မြို့နယ် Fever Clinic မှ တာဝန်ခံ ဆရာဝန်ကွယ်လွန်သွားခဲ့ပါတယ် ။ ကွယ်လွန်ခဲ့သူမှာ ဆရာဝန်ကြီး ဒေါက်တာ ညီညီသျှင်ဖြစ်ပြီး ဇန်နဝါရီလ (၃) ရက် နံနက်တွင် ကွယ်လွန်ခဲ့ခြင်းဖြစ်ကြောင်း ဒီဇင် ဘာလ ဆန်းပိုင်းတွင် ရောဂါကူးစက်ခံခဲ့ရပြီး တပ်မတော် ဆေးရုံတွင် တက်ရောက်ကုသမှု ခံယူနေစဉ် ကွယ်လွန်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။

 

ကိုဗစ် ဒုတိယလှိုင်းတွင် ရောဂါကူးစက်ခံရသူ အများဆုံးမှာ ကျန်းမာရေး ဝန်ထမ်းများဖြစ်ပြီး အနည်းဆုံး ကျန်းမာရေးဝန်ထမ်းထောင်နှင့် ချီ ရောဂါကူးစက်ခံခဲ့ရပါတယ်။

၎င်းကူးစက်ခံရသူများအနက် ပထမဆုံး သေဆုံးခဲ့သူမှာ တာမွေမြို့နယ်မှ ကျန်း မာရေး ဦးစီးမှူးဖြစ်ပြီး တိုက်ကြီးမြို့နယ်မှ ကျန်းမာရေးဝန်ထမ်းတစ်ဦး လှိုင်သာယာ ဆေးရုံမှ ကျန်းမာရေး ဝန်ထမ်းတစ်ဦးတို့မှာလည်း ရောဂါ ကူးစက်ခံရပြီးနောက် သေဆုံးခဲ့ကြောင်း သိရပါတယ်။ Credit

Tags:

Add a Comment

Your email address will not be published. Required fields are marked *