ဇနီးဖြစ်သူ မွေးနေ့ကို သူမရဲ့ အုတ်ဂူရှေ့မှာ ကလေးတွေနဲ့အတူ ကျင်းပပေးခဲ့တဲ့ မီးမီးခဲရဲ့ ချစ်ခင်ပွန်း

ဇနီးဖြစ်သူ မွေးနေ့ကို သူမရဲ့ အုတ်ဂူရှေ့မှာ ကလေးတွေနဲ့အတူ ကျင်းပပေးခဲ့တဲ့ မီးမီးခဲရဲ့ ချစ်ခင်ပွန်း

မင်္ဂလာပါ ချစ်ပရိတ်သတ်ကြီးရေ အဆိုတော် မီးမီးခဲက ကင်ဆာ ရောဂါဝေဒနာကို အချိန် အတော်ကြာခံစားခဲ့ရပြီး အောက်တိုဘာလ (၁၆) ရက်နေ့တွင် ၎င်း ရောဂါကြောင့်ပဲ ဘဝတစ်ပါးသို့ ကူးပြောင်းသွားခဲ့ရတာ ဖြစ်ပါတယ် ။

မီးမီးခဲကို ကိုချစ်ကြတဲ့ ပရိတ်သတ်တွေကလည်း အခု ချိန်ထိကို ဝမ်းနည်းနေကြဆဲပဲ ဖြစ်ပါတယ် ။

ကွယ်လွန် သွားပြီဖြစ်ပေမယ့်လည်း သူမရဲ့ သီချင်းလေးတွေကတော့ အားလုံးရဲ့ ရင်ထဲမှာ အခုချိန်ထိ ရှိနေဆဲ ဖြစ်ပါတယ် ။

မနေ့ကတော့ မီးမီးခဲရဲ့ မွေးနေ့ရက်မြတ်လေးပဲ ဖြစ်ပါတယ် ။

မကြာသေးခင် နာရီပိုင်းက မီးမီးခဲ ခင်ပွန်းရဲ့ လူမှုကွန်ယက် စာမျက်နှာပေါ်တွင် ဓာတ်ပုံ တစ်ချို့နဲ့ ဗီဒီယို ဖိုင်လေးကို တင်ထားတာ ဖြစ်ပါတယ် ။

ဒါကတော့ ဇနီးဖြစ်သူရဲ့မွေးနေ့ကို မမေ့ မလျော့ဘဲ မီးမီးခဲရဲ့ အုတ်ဂူရှေ့မှာ ကလေးတွေနဲ့အတူ ကျင်းပပေးခဲ့တဲ့ ဗီဒီယိုဖိုင်လေးပဲ ဖြစ်ပါတယ် ။

သူကလည်း ” Happy Heavenly Birthday Eh Tone ပြန်ဆုံမယ့် နေ့မှာကွယ် ” ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ် ။

ပရိတ်သတ်တွေကလည်း ဒီပို့စ်ရဲ့အောက်မှာ မီးမီးခဲအတွက် မွေးနေ့ဆုတောင်းများ comment တွင် ရေးသားထားကြတာကို မြင်တွေ့ရပါတယ် ။

မီးမီးခဲတစ်ယောက် ငြိမ်းချမ်းတဲ့ ဘုံဘဝမှာ အေးချမ်းစွာဖြင့် နေထိုင်နိုင်ပါစေလို့ ဆုတောင်း ပေးလိုက် ရပါတယ် ။

အဆုံးထိဖတ်ပေးကြတဲ့ ပရိတ်သတ် တစ်ယောက်ခြင်းစီတိုင်း အထူး ကျေးဇူးတင်လျက်ပါ ။

Add a Comment

Your email address will not be published. Required fields are marked *