ဆံပင်သွားညှပ်ရာ ဆိုင်ပိုင်ရှင်ရဲ့ ပေါ့ဆမှုကြောင့် ဆံပင်နဲ့လျှာကို မှားညှပ်ခံခဲ့ရတဲ့ ခွေးကလေးရဲ့အဖြစ် (အပြည့်စုံဖတ်ရန် ပုံကိုနှိပ်ကြည့်ပါ)

ဆံပင်သွားညှပ်ရာ ဆိုင်ပိုင်ရှင်ရဲ့ ပေါ့ဆမှုကြောင့် ဆံပင်နဲ့လျှာကို မှားညှပ်ခံခဲ့ရတဲ့ ခွေးကလေးရဲ့အဖြစ်

မင်္ဂလာပါ ချစ်ပရိတ်သတ်ကြီးရေ ခုပြောပြမယ့် အကြောင်းလေးကတော့ Brazil နိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်လေး တစ်ခုဖြစ်ပြီး ခွေးပိုင်ရှင်ရဲ့ နာမည်က Vanda Souza အမည်ရှိသူ တစ်ယောက် ပဲဖြစ်ပါတယ် ။

သူက သူ့ရဲ့ ခွေးလေးကို pet salon ကိုပို့ခဲ့စဉ် ခွေးလေးက ဒီဖြစ်ရပ် ဆိုးကြီးနဲ့ ကြုံခဲ့ရတာပဲ ဖြစ်ပါတယ် ။

ဖြစ်ပုံကတော့ Vanda Souza က သူ့ရဲ့ခွေးလေးကို pet salon ပို့ပြီး ဆံပင်ညှပ်ပေးနေစဉ် ဝန်ထမ်းတွေရဲ့ မတော်တဆ မှုတစ်ခုကြောင့် ခွေးလေးရဲ့ လျှာက အညှပ်ခံခဲ့ရတာပဲ ဖြစ်ပါတယ် ။

ဒါ့ကြောင့် Vanda Souza က တော်တော်လေး စိတ်မကောင်း ဖြစ် ကြောင်း လူမှုကွန်ရက် စာမျက်နှာပါ်တင်ခဲ့ပေမယ့် သူသွားခဲ့တဲ့ pet salon နာမည်ကိုတော့ ဖော်ပြခဲ့ခြင်းမရှိပါဘူး ။

ပုံတွေထဲမှာ မြင်ရတဲ့ အတိုင်းဆိုရင်လည်း ခွေးလေးရဲ့လျှာက တော်တော်လေး ပြတ်သွားခဲ့ပြီး ခွေးလေးက မငိုပေမယ့်လည်း မျက်လုံးထဲမှာ မျက်ရည်တွေ ဝိုင်းနေတာကို တွေ့ရပါတယ် ။

အံကြိတ် တောင့်ခံထားပေမယ့်လည်း ခွေးလေး ဘယ် လောက်တောင် နာကျင်နေလိုက်မလဲ မသိဘူးနော် ။

ဒီစာကို ဖတ်နေစဉ် ပရိတ်သတ်ကြီး အားလုံးရဲ့ ရင်ထဲမှာ ခွေးလေးအပေါ် သနားနေမိမယ်လို့ ထင်ပါတယ် ။

အဆုံးထိဖတ်ပေးကြတဲ့ ပရိတ်သတ် တစ်ယောက်ချင်းစီတိုင်း အထူး ကျေးဇူး တင်လျက်ပါ ။ credit

Tags:

Add a Comment

Your email address will not be published. Required fields are marked *