ဆေးပညာ အတွက် အသုံးချဖို့ မျက်ကြည်လွှာနဲ့ ခန္ဓာကိုယ်ကို လှူဒါန်းခဲ့တဲ့အကြောင်း ပြောလာတဲ့ သူဌေးကြီး ဇေသီဟ

ဆေးပညာ အတွက် အသုံးချဖို့ မျက်ကြည်လွှာနဲ့ ခန္ဓာကိုယ်ကို လှူဒါန်းခဲ့တဲ့အကြောင်း ပြောလာတဲ့ သူဌေးကြီး ဇေသီဟ

မင်္ဂလာပါ ချစ်ပရိတ်သတ်ကြီးရေ ဒီနေ့ ဟိုအရင်ထဲက ရှိတဲ့ ဆန္ဒတစ်ခု ပြည့်ခဲ့ရပါပြီ ။

ရန်ကုန်ဆေးတက္ကသိုလ် ၁ မှာ မျက်ကြည်လွှာနဲ့ ခန္ဓာကိုယ်ကို ဆေးပညာအတွက် အသုံးချဖို့ ဆန္ဒပြု လှူဒါန်းလိုက်ပါတယ် ။

ဘဝမှာ မိဘတွေကြောင့် ပြည့်ပြည့်စုံစုံ နေခဲ့ရတဲ့အတွက် အခုလို စိတ်ကူးထားတာတော့ ကြာပါပြီ ။

ဒီလို လှူဖြစ်သွားစေတဲ့ တွန်းအားတွေထဲက တစ်ခုကတော့ ပြီးခဲ့တဲ့ ၁ ပတ်ကျော်က အဖေ့ဆီက ဘယ်တုန်းကမှ မမျှော်လင့်ထားတဲ့ စကားကြောင့်ပါပဲ ။

ရယူခဲ့တာတွေ များလေ ပြန်လည် ပေးဆပ်ရမဲ့ တာ ဝန်ရှိလေပါပဲ ။

ပိုင်ဆိုင်မှုတွေ ဘယ်လောက်ရှိရှိ ပြည့်စုံပါပြီလို့ ပြောလို့ရပေမဲ့ စွန့်လွှတ်ခြင်းကိုလဲ ပိုင်ဆိုင်တတ်ဖို့ လိုပါတယ် ။

အဖေ့ မွေးနေ့နဲ့ အမေ့ မွေးနေ့ ဘယ်မွေးနေ့မှာ လှူရင်ကောင်းမလဲ စဉ်းစားရင်းက မစောင့်နိုင်တော့ပဲ ဆန္ဒပြင်းပြလာတဲ့ အတွက် ချက်ချင်း လှူဖြစ်သွားတာပါ ။

ဤကုသိုလ်ကြောင့် မိဘတွေ ကျန်းမာစွာ အသက်ရှည်ဖို့ အထောက်အကူဖြစ်ပါစေ ။

ဤခန္ဓာကို အသုံးချပြီး ဆေးပညာအလင်း ပွင့်လင်းကြပါစေ ။

ပိုင်ဆိုင်မှု များစွာထဲမှာ စွန့်လွှတ်ခြင်းကိုလဲ ပိုင်ဆိုင်ပါတယ် ။

ဒီနေ့ ဟိုအရင်ထဲက ရှိတဲ့ ဆန္ဒတစ်ခု ပြည့်ခဲ့ရပါပြီ ။

ပရိတ်သတ်တွေကလည်း ဦးဇေသီဟရဲ့ အလှူလေးကို သာဓု ခေါ်ပေးကြပါအုံးနော် ။

အဆုံးထိဖတ်ပေးကြတဲ့ ပရိတ်သတ် တစ်ယောက်ခြင်းစီတိုင်း အထူး ကျေးဇူးတင်လျက်ပါ ။

Add a Comment

Your email address will not be published. Required fields are marked *