ဆေးခြောက်ကို မှုးယစ်ဆေးဝါး အဖြစ်မှ ပယ်ဖျက်ခဲ့တဲ့ အပြင် စိုက်မယ့်သူတွေကိုပါ ချေးငွေ ထုတ်ပေးမယ့် ထိုင်း အစိုးရ

ဆေးခြောက်ကို မှုးယစ်ဆေးဝါး အဖြစ်မှ ပယ်ဖျက်ခဲ့တဲ့ အပြင် စိုက်မယ့်သူတွေကိုပါ ချေးငွေ ထုတ်ပေးမယ့် ထိုင်း အစိုးရ

မင်္ဂလာပါ ချစ်ပရိတ်သတ်ကြီးရေ ထိုင်း အစိုးရကနေ ဆေးခြောက်ကို မူးယစ်ဆေးဝါး အဖြစ်မှ ပယ်ဖျက်ပြီးနောက် ထိုင်း လယ် ယာ စိုက်ပျိုးရေး သမ ဝါယမ ဘဏ် (BAAC) မှ ဆေးခြောက် စိုက်ပျိုးတဲ့

တောင်သူများနှင့် စိုက်ပျိုးရေး သမဝါယမများအတွက် ယခုလမှစပြီး ချေးငွေ ထုတ်ချေးမယ်လို့ BAAC ရဲ့ ဒုတိယ ဥက္ကဋ္ဌ Somkiat Kimawaha ကပြောကြား ခဲ့ပါတယ်။

ဆေးခြောက် စိုက်ပျိုးတဲ့ တောင်သူတွေ အတွက် ဘဏ်အတိုးနှုန်းကို ပထမ သုံးနှစ်အတွက် ဝ.၀၁ ရာခိုင်နှုန်းဖြင့် ထုတ်ချေးမှာ ဖြစ်ပါတယ်။

ဆေးခြောက် စိုက်ပျိုးခြင်းကနေ ရရှိတဲ့ဝင်ငွေရဲ့ ၂၅-၃၅% ကို ထည့်သွင်းလိမ့်မယ် လို့လည်း ဆိုထားပါသေးတယ်။

စိုက်ပျိုးရေး ဝန်ကြီးက ဆေးခြောက်ပင် (Cannabis) ကနေ များစွာသော ဆေးဝါးတွေ ထုတ်လုပ်နိုင်ပြီး Hemp ကနေ အလှကုန်နှင့် ချည်မျင်များ ထုတ်လုပ်

နိုင်တဲ့ အတွက် ဆေးခြောက် ပင်စိုက်ပျိုးရေးတွေ တိုးချဲ့ခွင့် ပြုပေးခြင်းအားဖြင့် တောင်သူတွေရဲ့ ဝင်ငွေတိုးစေပြီး နိုင်ငံရဲ့ စီးပွားရေးကိုလည်း အများကြီး အထောက်အကူ ဖြစ်စေတယ်လို့ ပြောကြားခဲ့ပါသေးတယ်။

မစ္စတာ Somkiat ကတော့ BAAC ကို Prachin Buri၊ Nakhon Ratchasima နှင့် Khon Kaen တို့တွင် တစ်ဦးလျှင် ဆေးခြောက် ချေးငွေ စုစုပေါင်းဘတ် ၅.၁ သန်းကို ပေးအပ်ခဲ့ပါတယ်။

BAAC ကခန့်မှန်းခြေအားဖြင့် တစ်နိုင်ငံလုံးရှိ လူဦးရေ ၁၀၀၀၀ အနက် ၁၅၇ ဦးဟာ ဆေးခြောက် စိုက်ပျိုးခြင်းမှာ ပါဝင်လာရန် အလား အလာရှိတယ်လို့လည်း ဆိုထားခဲ့ပါတယ်။

အဆုံးထိဖတ်ပေးကြတဲ့ ပရိတ်သတ် တစ်ယောက်ခြင်းစီတိုင်း အထူး ကျေးဇူးတင်လျက်ပါ။

Tags:

Add a Comment

Your email address will not be published. Required fields are marked *