ဆော်ကြည်မလားလို့ ရေထဲ ခုန်ချပြီး ရေကူးပြစဉ် မိကျောင်းဆွဲခံရတဲ့ အမျိုးသား

ဆော်ကြည်မလားလို့ ရေထဲ ခုန်ချပြီး ရေကူးပြစဉ် မိကျောင်းဆွဲခံရတဲ့ အမျိုးသား

မင်္ဂလာပါ ချစ်ပရိတ်သတ်ကြီးရေ အသက် 18 နှစ်အရွယ်သာရှိသေးတဲ့ Lee De Paauw အမည်ရ အမျိုးသားဟာ

သူ တိတ်တခိုး သဘောကျနှစ်သက်နေ တဲ့ Sophie Paterson သဘောကျနှစ်ခြိုက်မလားရယ်လို့ ရေထဲကို ခုန်ချကာ ရေးကူးစွမ်းရည် ပြသခဲ့ပါတယ်။

Sophie ဟာ အင်္ဂလန်နိုင်ငံ Yeovil, Somerset မှာ နေထိုင်သူဖြစ်ပါတယ်။

သူမ သြစတေးလျှကို အလည်အပတ်ရောက်ရှိနေစဉ်မှာ ဒေသခံ Lee က ပိုးပန်းခဲ့တာ ဖြစ်ပါတယ်။

Lee ဟာ ရေကူးနေစဉ်မှာ ဆယ်ပေအရှည်ရှိ မိ ကျောင်းကြီးက သူ့ဘယ်ဘက်လက်မောင်းကို ကိုက်ဆွဲပြီး၊ ရေနက်ရာကို ခေါ်သွားဖို့ ကြိုးစားခဲ့ပါတယ်။

Lee ဟာ အသံကုန်အော်ကာ အကူအညီတောင်းခံခဲ့ပေမယ့် ရုတ်တရက်တော့ Sophie အပါအဝင် လူတွေကကြောင်နေခဲ့ပါတယ်။

ဒါပေမယ့် Lee ဟာ ကိုယ်တိုင်က သတ္တိနည်းသူမဟုတ်လို့ မိကျောင်းကြီးကို ညာဘက်လက်သီးနဲ့ အချက်ပေါင်းများစွာ ထိုးနှက်ပြီး၊ လွတ်မြောက်အောင် လုပ်နိုင်ခဲ့ပါတယ်။

ဒီအဖြစ်အပျက်ဟာ ကွီးန်းစလန်းမှာမှာ တည်ရှိတဲ့ Johnstone မြစ်ထဲ မှာ ဖြစ်ခဲ့တဲ့ အဖြစ်အပျက်ပါ။

သူရဲ့အကြောင်းကို Lee က Nova FM’s Fitzy and Wippa အစီအစဉ်မှာ ဖွင့်ဟခဲ့ပါ တယ်။

Lee က “ကျွန်တော်က ဗြိတိန် ခရီးသွားမလေးကို ကိုယ်ရည်သွေးပြချင်ခဲ့တာပါ …

သူ့ဖုန်းနံပတ်လည်း ကျွန်တော်က ရထားတာကိုး …

သူ့နာမည်ကတော့ Sophie ဖြစ်ပါတယ် “လို့ ပြောခဲ့ပါတယ်။

သူက ဆက်လက်ပြီး ” မိကျောင်းက ကျနော့်ကို ခြောက်မီတာလောက်အထိ ဆွဲသွားတယ်ဗျ …

ကျွန်တော် လက်သီးနဲ့ အချက်ပေါင်းများစွာ ထိုးခဲ့တယ် …

သူ့နှာခေါင်းကို အားပြုထိုးတာပေါ့ …

နောက် ညာဘက်မျက်လုံးကို ထိုးတယ် …

အဲဒီတော့မှ မိကျောင်းက လွှတ်ပေးတာ “လို့ ဆိုပါတယ်။

ဒီအဖြစ်အပျက်ကို ကိုယ်တိုင်တွေ့ခဲ့ရတဲ့ အသက် 24 နှစ်အရွယ် ဗြိတိန်သူ Sophie က ဟုတ်မှန်ကြောင်း အတည်ပြုခဲ့ပြီး သူမရဲ့ ကိုယ်တွေ့ကို ပြန်ပြောပြပါတယ်။

သူမက ” သူ ခုန်ချသွားတာ သိပ်မြန်ပြီး သိပ်ကို ကြည့်ကောင်းပါတယ် ..

သူ ပြန်ကူးလာပြီး မကြာမီမှာပဲ မိကျောင်းက ဆွဲတာ … အော်သံတွေကတော့ ဆူညံနေတာပဲ …

ရေထဲမှာလည်း သွေးတွေက ချင်းချင်းနီသွာတယ် … “လို့ ပြောခဲ့ပါတယ်။

Lee ကို အနီးအနားက လူတွေက Department of Environment and Heritage Protection ဆေးရုံသို့ အမြန်ပို့ပေးခဲ့ကြပါတယ်။

ခွဲစိတ်မှု ခံယူပြီးနောက် အခုအခါမှာတော့ လက်က အတော်လေး အဆင်ပြေနေပါပြီ။

ဒီအဖြစ်အပျက် ဟုတ်မှန်ကြောင်းကိုလည်း ဆေးရုံရဲ့ပြောရေးဆိုခွင့်ရှိသူတစ်ဦးက အတည်ပြုခဲ့ပါသေးတယ်။

အဆုံးထိဖတ်ပေးကြတဲ့ ပရိတ်သတ် တစ်ယောက်ခြင်းစီတိုင်း အထူးကျေးဇူးတင်လျက်ပါ။

Tags:

Add a Comment

Your email address will not be published. Required fields are marked *