ဆုံးသွားတဲ့ မိခင်တစ်ဦးက မိသားစုနဲ့အတူ ဓာတ်ပုံရိုက်ချင်ခဲ့တဲ့ သူမရဲ့ဆန္ဒကို ဖြည့်ဆည်းပေးလိုက်တဲ့ ဓာတ်ပုံဆရာ (အပြည့်စုံဖတ်ရန် ပုံကိုနှိပ်ကြည့်ပါ)

ဆုံးသွားတဲ့ မိခင်တစ်ဦးက မိသားစုနဲ့အတူ ဓာတ်ပုံရိုက်ချင်ခဲ့တဲ့ သူမရဲ့ဆန္ဒကို ဖြည့်ဆည်းပေးလိုက်တဲ့ ဓာတ်ပုံဆရာ

မင်္ဂလာပါ စာဖတ် ပရိတ်သတ်ကြီးရေ မလေးရှားနိုင်ငံက မိခင် တစ်ဦးဖြစ်တဲ့ Adlean Nael’da ဟာ ဓာတ်ပုံရိုက်ရန် Zara Haleena လို့ ခေါ်တဲ့ ဓာတ်ပုံဆရာ အ မျိုးသမီးကို သူတို့ မိသားစု အတွက် ဓာတ်ပုံရိုက်ရန် တောင်းဆိုလာခဲ့ပါတယ် ။

ဒါပေမဲ့ Adlean ဟာ မိသားစု ပုံတူကို ရိုက်ကူးရန် အခွင့် အရေးမရရှိခဲ့ပါဘူး ။ ဘာလို့လည်း ဆိုတော့ Adlean ဟာ သူမရဲ့ အငယ်ဆုံး ကလေးကို မွေးဖွားပြီးနောက် ချက်ချင်းပင် သေဆုံးသွားခဲ့တာပဲ ဖြစ်ပါတယ်။

သို့ပေမဲ့ Zara က Adlean ရဲ့ နောက်ဆုံး ဆန္ဒကို ဖြည့်ဆည်းလိုပြီး ၅ လအကြာမှာ သူတို့ မိသားစု ဓာတ်ပုံကို ရိုက်ကူးပေးခဲ့ပါတယ် ။

Zara ဟာ Adlean က သူမရဲ့ မိသားစုနဲ့ အတူ ရှိနေသေးတဲ့ ဓာတ်ပုံတွေကို တည်းဖြတ်လာခဲ့ပါတယ် ။

“ Adlean ရဲ့ ကလေးတွေကို ဓာတ်ပုံ ရိုက်ဖို့ ပြင်ဆင်နေတုန်းမှာ ကျွန်မ ငိုနေပေမဲ့ မျက်ရည်တွေကို အမြန် သုတ်ခဲ့လိုက်တယ် ။

ကလေးတွေ အားလုံးက ဓာတ်ပုံရိုက်ဖို့ စိတ်လှုပ်ရှားနေကြပေမဲ့ သူတို့ မိခင်ဘယ်တော့မှ ပြန်လာတော့မှာ မဟုတ်ဘူး ဆိုတာကို သူတို့ နားလည်းတဲ့ တစ်နေ့ ဘယ်လို ခံစားရမလဲ ဆိုတာ စဉ် းစားကြည့်ရုံနဲ့ ဝမ်းနည်းစရာပါ ” လို့ ဓာတ်ပုံဆရာ Zara က ဆိုခဲ့ပါတယ် ။

Adlean ကလည်း ငြိမ်းချမ်းတဲ့ နေရာမှာ နားနေနိုင်ပါစေလို့ ဆုတောင်းပေးပါတယ် ။ အဆုံးထိဖတ်ပေးကြတဲ့ ပရိတ်သတ် တစ်ယောက်ခြင်းစီတိုင်း အထူး ကျေးဇူးတင်လျက်ပါ။ Credit

Add a Comment

Your email address will not be published. Required fields are marked *