ဆိုင်ဝန်ထမ်းတစ်ဦး customerအတွက် ဖင်နိုက်တဲ့လက်ဗလာနဲ့ အာလူးကြော်ထည်ပေးခဲ့တဲ့ အမျိုးသမီးတစ်ဦးရဲ့အဖြစ်

ဆိုင်ဝန်ထမ်းတစ်ဦး customerအတွက် ဖင်နိုက်တဲ့လက်ဗလာနဲ့ အာလူးကြော်ထည်ပေးခဲ့တဲ့ အမျိုးသမီးတစ်ဦးရဲ့အဖြစ်

ကဲ ပရိတ်သတ်ကြီးရေ ခုပြောပြမယ့် အ ကြောင်းလေးကတော့ မကြာသေးခင်က ( McDonald ) အသင့်စား စားသောက်ဆိုင်ရဲ့ဝန်ထမ်းတစ်ဦးက သူမရဲ့ စားသုံးသူအတွက် အာလူးကြော် မထည့်ပေးခင် သူမဘောင်းဘီထဲ ဖင်နိုက်နေတဲ့ဗီဒီယို တစ်ခုကို (TikTok) မှာ တင်လာခဲ့ပါတယ်။

၎င်း တိုတောင်းတဲ့ ဗီဒီယိုဟာ အင်တာနက် အသုံးပြုသူတိုင်းကို ရွံ့ရှာသွားစေလာခဲ့ပါတယ်။ လွန်ခဲ့တဲ့ ဒီဇင် ဘာလ (၁၄) ရက်နေ့က မျှဝေခဲ့ ချိန်ကစပြီး ၎င်း ဗီဒီယိုက ( TikTok) မှာ ကြည့်ရှုသူပေါင်း (၂.၄) သန်းကျော်အထိ ကိုရောက်ရှိလာခဲ့ပါတယ်။

ဗီဒီယိုထဲအရ ၎င်း အလုပ်သမားက order မှာနေတဲ့စားသုံးသူအတွက် သူမရဲ့ဘယ်ဘက် လက်နဲ့ ဖင်နောက်ဘောင်းဘီထဲကို နိုက်ပြီး စားသုံးသူအတွက် ၎င်း လက်နဲ့ဘဲ အာလူးကြော် ထည့်ပေးလာခဲ့ပါတယ်။

၎င်း ဗီဒီယိုကို ဘယ်သူ တင်ခဲ့လည်းဆိုတာကို စုံစမ်းကြည့်တော့ (Missouri) ပြည်နယ် (Springfield) မြို့မှ အသက် (၂၁) နှစ် အရွယ် Kelsey Kwiatkowski အမည်ရှိတဲ့ ၎င်း ဆိုင်ရဲ့ဝန်ထမ်း တစ်ဦးလည်းဖြစ်တဲ့ သူမ ကိုယ်တိုင်ဟာ TikTok မှာ တင်လာခဲ့တာပဲ ဖြစ်ပါတယ်။

ဗီဒီယိုကို ရိုက်ကူးခဲ့တဲ့ လူကလည်း စား သုံးသူ တစ်ယောက်လည်း မဟုတ်ခဲ့ပါဘူး။ Kelsey က တမင် လူကြည့်များအောင် စတန့်ထွင်လာခဲ့ပုံပါဘဲ။

လူအများက နာမည်ကြီး အမှတ်တံဆိပ် အစား အသောက်ကို ကောင်းမွန်စွာ မလုပ် ဆောင်တာကြောင့် သူမအား ချက်ချင်း အလုပ် ထုတ် ပစ်ဖို့ အကြံပြုလာခဲ့ကြပါတယ်။

၎င်းက (Kelsey) ဆိုင်ထဲ အငြင်းပွားဖွယ် တစ်ခုခုရိုက်ထားခဲ့တာ ပထမဆုံးအကြိမ် မဟုတ်နေခဲ့ပါဘူး။ သူမက ဆိုင်ရဲ့ကောင် တာပေါ်ကို တက်ပြီး ကခုန်တဲ့ ဗီဒီယိုကို တင်ဖူးသလို ဆိုင်ထဲ ဆေးလိပ် ထိုင်သောက်နေတဲ့ ဗီဒီယိုကိုလည်း တင်လာခဲ့ဖူးပါသေးတယ်။

ဒီတော့ သူမက (TikTok) ပေါ် ကြည့် ရှုသူများအောင် တမင်လုပ်တဲ့ ရှုပ်ထွေးတဲ့ လိမ်လည်မှုဘဲလားတော့ သေချာမပြောနိုင်ပေမဲ့လည်း ၎င်း စတန့်တွေက သူမကို ပိုကြည့်ကောင်းသွားအောင် မလုပ်ပေးနိုင်တာကိုတော့ အသေအချာပြောနိုင်ပါတယ်။

ပ ရိတ်သတ်ကြီးအားလုံးလည်း သူမအပေါ် အမြင်လေးကို မှတ်ချက်ရေးသားခဲ့ပါအုံးနော်။ ဖတ်ရူ့အားပေးကြတဲ့ ပရိတ်သတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ် ခင်ဗျာ။

Credit

Tags:

Add a Comment

Your email address will not be published. Required fields are marked *