ဆိုင်မှာတက်တူးလာထိုးတဲ့သူမရှိတာကြောင့် ဝက်ရဲ့အရေပြားပေါ်မှာတက်တူးထိုးပြီး မိတ်ခေါ်ခဲ့သည့်အမျိုးသမီး

ဆိုင်မှာတက်တူးလာထိုးတဲ့ သူမရှိတာကြောင့် ဝက်ရဲ့အရေပြားပေါ်မှာ တက်တူးထိုးပြီး မိတ်ခေါ်ခဲ့သည့် အမျိုးသမီး

နာမည်ကြီး တက်တူးဆရာ တစ်ယောက်ဖြစ်လာရန်အတွက် အိမ်မှာမွေးထားသော ဝက်တစ်အုပ်လုံးရဲ့ အရေပြားပေါ်တွင် တက်တူးထိုး လေ့ကျင့်ခဲ့သည့် အမျိုးသမီး

တရုတ်နိုင်ငံမှ အသက် ၃၀အရွယ် အမျိုးသမီးတစ်ဦးသည် တက်တူးထိုး ဝါသနာပါခဲ့ရာ မိသားစုမှ သဘောမကျတာကြောင့် ကန့်ကွက်ခြင်းများ ရှိသော်လည်း

ဂရုမစိုက်ပဲ အောင်မြင်တဲ့ ပရော်ဖက်ရှင်နယ် တက်တူးထိုးဆရာ တစ်ယောက်ဖြစ်အောင်သာ ကြိုးစားလေ့ကျင့်ခဲ့သည်။ အမျိုးသမီးသည် အခြားသော အလုပ်ကနေထွက်ပြီး

မိဘသဘောမတူသည့် ကြားက တက်တူးထိုး ဆိုင်ငယ်လေး ဖွင့်ခဲ့ချိန်တွင် သူမရဲ့ အရည်အချင်းကို မသိသည့်အတွက် မည်သူကမျှ လာမထိုးကြ၍ ရက်အတော်ကြာထိ

ဆိုင်မှာအလကားဖွင့်ထားသလို ဖြစ်နေခဲ့သည်။ ထို့ကြောင့် အမျိုးသမီးသည် သူမရဲ့တက်တူးလက်ရာကို ပြသရန်အတွက် အိမ်မှာမွေးထားသည့်

ဝက်အုပ်စုကြီးရဲ့ အရေပြားပေါ်တွင် တက်တူးပေါင်းစုံထိုးကာ အွန်လိုင်းပေါ်တွင် မျှဝေခဲ့သည်။ ထိုသို့ ထူးဆန်းသည့်အဖြစ်ကြောင့် လူအများရဲ့အာရုံစိုက်ခြင်းကို ခံရကာ

သူမရဲ့လက်ရာကိုလည်း သဘောကျခဲ့ကြ၍ ဆိုင်သို့နေ့စဉ် တက်တူးလာထိုးသူများ တန်းစီလျက် ဖြစ်လာခဲ့ပြီး အောင်မြင်တဲ့ လူတစ်ယောက်ဖြစ်လာရန် ဇွဲမလျှော့ပဲ ကြိုးစားလုပ်ဆောင်ခြင်းကသာ အဓိကကျကြောင်း ဆိုခဲ့သည်။ Crd

Tags:

Add a Comment

Your email address will not be published. Required fields are marked *