ဆရာဝန် တစ်ယောက်ဖြစ်ပေမယ့်လည်း စစ်ဘေးရှောင် စခန်းမှာ အမိုး အကာ လုံခြုံဖို့အတွက် ကိုယ်တိုင် တပ်ဆင်ပေးနေတဲ့ ပြည်သူတစ်ဦးရဲ့ စိတ်ဓာတ်

ဆရာဝန် တစ်ယောက်ဖြစ်ပေမယ့်လည်း စစ်ဘေးရှောင် စခန်းမှာ အမိုး အကာ လုံခြုံဖို့အတွက် ကိုယ် တိုင် တပ်ဆင်ပေးနေတဲ့ ပြည်သူတစ်ဦးရဲ့ စိတ်ဓာတ်

မင်္ဂလာပါ ချစ်ပရိတ်သတ်ကြီးရေ ခုပြောပြမယ့် အကြောင်းလေးကတော့ မန်မာပြည်မှာ စုပေါင်းနေထိုင်ကြတဲ့ သွေးချင်းညီအစ်ကို မောင်နှမတွေကတော့ တစ်ခုခုဆိုရင် အရမ်းစည်းလုံးကြပြီး အမြဲ ကူညီ ဖေးမပေးနေကြတာပဲ ဖြစ်ပါတယ်။

လက်ရှိမှာ ဆိုရင်လည်း ကရင်ပြည်နယ် ကချင်ပြည် နယ် ရ ခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တို့မှာ တချို့ တိုင်းရင်း သားတွေခမျာ စစ်ဘေး ဒုက္ခကို ခံစားနေရဆဲဖြစ်ပါတယ်။

ပြည်သူ လူထုကတော့ စစ်ဘေးရှောင်တွေကို တတ်နိုင်သလောက် ကူညီပေးပြီး သူတို့ရဲ့ ဒုက္ခတွေကို ကိုယ်ချင်းစာ နာလည်ပေးနေကြတာဖြစ်ပါတယ်။

ဆရာဝန် မလေးတစ်ယောက်ဆိုရင် ကချင်ပြည်နယ် စစ်ဘေးရှောင် စခန်းများကို ကိုယ်တိုင် သွားရောက်ပြီးအစစ အရာရာကူညီ ပေးနေတာပဲဖြစ်ပါတယ်။ တကယ့်ကို လေးစားဖွယ် စိတ်ဓါတ်လေးပါ။

ဖျားနာနေကြတဲ့ သက်ကြီး ရွယ်အို အဘိုး၊အဘွားတွေ ကလေးငယ်လေးတွေနဲ့ကိုယ်ဝန်ဆောင် မိခင်တွေကိုလည်း ဆေးကုသ ပေးနေတာပဲ ဖြစ်ပါတယ်။

ဆရာဝန်မလေးကတော့ မိန်းမသား တစ်ယောက်ဖြစ်ပေမယ့်လည်း အရမ်း ရဲရင့်ပြီး စစ်ဘေးရှောင်တွေနဲ့ အတူ ဒုက္ခအ ကြပ်အတည်းကို ရင်ဆိုင် ဖြေရှင်းပေးနေတာပဲ ဖြစ်ပါတယ်။

အခုဆိုရင်လည်း ဆရာဝန်မလေးက မိုးတွေ စရွာလာပြီဖြစ်လို့ စစ်ဘေးရှောင် စခန်းတွေအမိုး အကာ လုံခြုံဖို့အတွက် ကိုယ်တိုင် တပ်ဆင်ပေးနေတာဖြစ်ပါတယ်။

ဆရာဝန်မလေးကတော့ ဘက်စုံတော်ပြီး စစ်ဘေးရှောင် ပြည်သူတွေကို ကိုယ့်ရဲ့ မိသားစုဝင်တွေလိုမျိုး သေချာ ဂရုစိုက်ပေးတာပဲ ဖြစ်ပါတယ်။

အခုလိုမျိုး ဂရုဏာ စိတ်အပြည့်နဲ့ တိုင်းရင်းသား ညီအစ်ကို မောင်နှမတွေ အပေါ်မှာ ကာကွယ် စောင့် ရှောက်ပေးနေတဲ့ ဆရာဝန်မလေးရဲ့ ပုံရိပ်တွေကို ပီတိဖြစ်စွာနဲ့ ပြန်လည်မျှဝေလိုက်ပါတယ်။ ပရိတ်သတ်တွေ အားလုံးလည်း နှစ်သက် သဘောကြမယ်လို့ ထင်ပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *