ဆရာဝန်အများစုရဲ့ လေးစား အတုယူအားကျရသော အသက်ရှင်နေဆဲဖြစ်တဲ့ သူရဲကောင်းကြီး ဒေါက်တာ နာဂသိန်းလှိုင်အကြောင်း (အပြည့်စုံဖတ်ရန် ပုံကိုနှိပ်ကြည့်ပါ)

ဆရာဝန်အများစုရဲ့ လေးစား အတုယူအားကျရသော အသက်ရှင်နေဆဲဖြစ်တဲ့ သူရဲကောင်းကြီး ဒေါက်တာ နာဂသိန်းလှိုင်အကြောင်း

မင်္ဂလာပါ ချစ်ပရိတ်သတ်ကြီးရေ ခုပြောပြမယ့် အကြောင်းလေးကတော့ အသက်ရှင်နေဆဲ ဟီးရိုး တစ်ယောက်အဖြစ် သိခွင့်ရခဲ့ပါတယ်။ လေးစား အားကျ ခွင့်ရခဲ့ပါတယ်။ သူက ဆရာဝန် ထုံဆေးပညာရှင် တစ်ယောက်ပြောရင် ပြတ်တယ် လုပ်ရင်ရှင်းတယ်။

တော်ရုံလူ မဖြုံတဲ့ နာဂတောင်တန်း ဒေသက ရိုးသားလှတဲ့ တိုင်းရင်းသားတွေဆီကို ရောက်တယ် ရိုးရိုးလေးပြောရရင် ဆေးလောကတစ်ခုရဲ့အရွေ့အတွက် တိုက်ပွဲ ဝင်လိုက်လို့ ဒီနိုင်ငံရဲ့ အခေါင်ဆုံးနဲ့အကြမ်းဆုံး နေရာတွေထဲကတစ်ခု ဖြစ်တဲ့ ဇင်္ဂလိန်ခန္တီးဒေသကို သူရောက်တယ်။ သူရောက်တဲ့ နေရာမှာ သူရပ်တယ်။ ခိုင်ခိုင် မာမာမြဲမြဲ မြံမြံ သူ့နှလုံးသားက သူ့သဘောထားအတွက် မာကျောတယ်။ သူ့ခံယူချက်အတွက် မာကျောတယ်။

ရိုးသားလှတဲ့ တိုင်းရင်းသားတွေနဲ့ကျပျော့ ပျောင်းတယ်နွေးထွေးတယ် တစ်ချိန်မှာတော့ သူကနာဂနတ် ဖြစ်လာခဲ့ပါတယ်။ ခန္တီးဒေ သရဲ့ပုံရိပ်ဖြစ် လာတယ်။ ရိုးသားလွန်းတဲ့တိုင်းရင်းသားတွေရဲ့ နှလုံးသားကပုံရိပ်အတိုင်း သူထင်ရှားလာတယ်။

နာဂနတ် (သို့မဟုတ်) ငယ်နာမည်က ဟုတ်ဝမ် အင်္ဂလိပ်ကျောင်းနေတုန်း နာမည်က အက်ဒဝပ်သွန်မဆင်ဟုတ်ဝမ် နောက်အ ထက်တန်း ကျောင်းမှာမောင်သိန်းလှိုင် ပြီးတော့ဒေါက်တာသိန်းလှိုင် ပြီးတော့ ဗမာတစ် နိုင်ငံလုံးဆိုင်ရာဆရာဝန်ငယ်များအ သင်းကအတွင်းရေးမှူး ဒေါက်တာသိန်းလှိုင်

ခန္တီးမှာတာ ဝန်ကျသွားတဲ့ဒေါက်တာသိန်းလှိုင် မြန်မာ့ဆေးလောကထဲကနာဂသိန်းလှိုင် သက်ရှိထင်ရှားရတနာထဲကရှားပါးရတနာလို့ဆိုရလောက်တဲ့ ဆရာကြီးနာဂ သိန်းလှိုင်ပါ။

ထက်လည်းထက် ချိုလည်းချိုတဲ့ ဓားသွားပေါ်ကပျားရည်စက်။အုပ်စိုးသူ လူတန်းစားကိုပျစ်ပျစ်နှစ်နှစ် ပြောတတ်သူတဲ့။ သူက သမိုင်းတစ်ခုလုံးစာကိုတာဝန်ကျေတဲ့တရုတ်စပ် မြန်မာတစ်ယောက်။

သူ့နာမည်ရေရွတ်ရတာတင် သူ့ပုံရိပ်တွေကိုလေးစားအားကျစေသူတစ်ယောက်။လူတစ်ယောက်တာဝန်၊ သမိုင်းပေး တာဝန်ကိုကျေပွန်သူတစ်ယောက်ဖြစ်တဲ့ မြန်မာပြည် ဆေးလောကသားတွေရဲ့စံပြ၊သူ့ကိုသိတဲ့လူငယ်တိုင်းရဲ့ဟီးရိုးကြီးဖြစ်တဲ့ ဆရာကြီးနာဂသိန်းလှိုင်။

ရှေ့ကတပ်ရတဲ့ဒေါက်တာဆိုတဲ့ဂုဏ်ပုဒ်ထက် နာဂသိန်းလှိုင်ဆိုတဲ့ဂုဏ် ပုဒ်က ပိုပြီး ကြီးကျယ်တယ်ထင်မိလို့ပိုပြီးလည်းချစ်မြတ်နိုးမိတာမို့ဒေါက်တာကိုမတပ်လိုက်တာခွင့်လွှတ်ပါ။

ထက်တဲ့ ဓားကိုထက်တဲ့ ကလောင်နဲ့သွေးထားတယ်။ ဆရာ ကြီးနာဂသိန်းလှိုင်အ ကြောင်းကို ဆရာညီ ပုလေးကရေးထားတယ်။ ထက်တဲ့ဓားနဲ့ထက်တဲ့ကလောင်စိတ်တွေဆာလောင်တိုင်း ဖတ်နေဖြစ့်မယ့် စာအုပ်ထက်မြက်တဲ့ ဓား သွားပေါ်က ချို မြမြပျား ရည်စက်မှာ ဖတ်ရှူနိုင်ပါတယ်။

ခုလိုအချိန်မျိုးမှာ တိုင်းပြည်အရေး စိတ်မအေးရပြီမို့ တတပ်တအား ပါဝင်လာတဲ့ ဆ ရာကြီးကို လေးစားဂုဏ်ပြု သောအားဖြင့် ဖတ်ရှု့အားပေးကြတဲ့ ပရိတ်သတ်ကြီးအား လုံးလည်း သာယာ ပျော်ရွှင်တဲ့ နေ့လေးဖြစ်ပါစေ ကျေးဇူးလည်းအထူးတင်ရှိပါတယ်။ Credit

Add a Comment

Your email address will not be published. Required fields are marked *