ဆရာမ အလုပ်ကထွက်ပြီး ခိုကိုးရာမဲ့ ဘိုးဘွားတွေအတွက် ဂေဟာထောင်ပြီး ပြုစုပေးနေတဲ့ ကျောင်း ဆရာမလေး (အပြည့်စုံဖတ်ရန် ပုံကိုနှိပ်ကြည့်ပါ)

ဆရာမ အလုပ်ကထွက်ပြီး ခိုကိုးရာမဲ့ ဘိုးဘွားတွေအတွက် ဂေဟာထောင်ပြီး ပြုစုပေးနေတဲ့ ကျောင်း ဆရာမလေး

မင်္ဂလာပါ ချစ် ပရိတ်သတ်ကြီးရေ ကျောင်း ဆရာမ အလုပ်က ထွက်ပြီး ခိုကိုးရာမဲ့ ဘိုးဘွားတွေအတွက် ဂေဟာထောင်ပြီး စောင့်ရှောက်တယ် ဆိုတာဟာ တ ကယ် မွန်မြတ်တဲ့ အလုပ်ပါနော်။

မိန်းမချောလေး တစ်ယောက်ကလည်း စွန်ပစ်ခံ ဘိုး ဘွားတေကို စောင့် ရှောက်နေတာ ဖြစ်ပါတယ်။

၎င်း မိန်းကလေးကတော့ ဧရာဝတီ တိုင်းဒေသကြီး ဟင်္သာတမြို့ အင်္ဂပို လမ်းမကြီးဘေး သီလှကုန်းမှာ နေတာဖြစ်ပါတယ်။

သူမရဲ့ ဘဝကတော့ ရိုးရိုး ရှင်းရှင်းလေး ဖြစ်ပါတယ်။

သူမက ကျောင်းပြီးတော့ ကျောင်းဆရာမ အလုပ် ဝင်လုပ်ကိုင် ခဲ့တာဖြစ်ပါတယ်။

ထို့နောက် သူမရဲ့ ခံယူချက် အရ အလုပ်က ထွက်ပြီးတော့ ခိုလူံရာ ဂေဟာကို ဟင်္သာတမြို့ လယ်တီကွင်းရပ် အောင်ချမ်းသာ ဘုန်းကြီးကျောင်းနားမှာ

တည်ဆောက်ပြီးတော့ ဝန်ထမ်းတွေ ခန့်ပြီး ပြုစု စောက်ရှောက်သူတွေ မဲ့သွားတဲ့ သက်ကြီး အဘိုး

အဘွားတွေကို ခိုလူံရာ ဂေဟာမှာ ခေါ်ယူစောင့်ရှောက်ထားတာ ဖြစ်ပါတယ်။

အနယ်နယ် အရပ်ရပ်က အဘိုးဘွားတေကို သတင်း ကြားလျှင်လဲ သူမ ကိုယ်တိုင် လိုက်ပါပြီးသွားရောက် ခေါ်ယူ စောင့်ရှောက်တာ ဖြစ်ပါတယ်။

သက်ကြီး ဘိုးဘွားတွေတင် မကပါဘူးနော်။ လူလတ်ပိုင်းအရွယ်တွေ မိဘမဲ့ စွန့်ပစ်ခလေးတွေ လမ်းဘေး

မှာ အိမ်ခြေရာခြေမဲ့ နေသူတွေ စိတ် မနှံသူတွေပါ ခေါ်ပြီး စောင့်ရှောက်တာ ဖြစ်ပါတယ်။

တစ်ချို့ခေါ်ယူထားတဲ့ သူတွေထဲက ကျန်းမာရေး ချို့နေတဲ့သူတွေကို သေဆုံးသွားတဲ့ အခါမှာလည်း

ကောင်းမွန်စွာပဲ လူတစ်ယောက်ရဲ့ နောက်ဆုံး ခရီးကို ပို့ဆောင်ပေးခဲ့ဖြစ်ပါတယ်။

သူမရဲ့ နှလုံးလှတဲ့ မြင့်မြတ်တဲ့ စိတ်ထားက လူသားတိုင်း

မလုပ်နိူင်ဘူးဆိုတာ ကျတော် ကိုယ်တိုင်မြင်တွေ့ခဲ့ရတော့ ထုတ်ဖော် မပြောပြပဲ မနေနိူင်ပါဘူးနော်။

ဒါတင်မကသေးပါဘူး သံဃာ ဇိဝိတဒါန ဆေးရုံဆောက်ဖို့ ဟင်္သာတမြို့သစ်ဘက် မှာပဲ ခြံကွက်လပ်

တစ်ခုဝယ်ယူပြီး သံဃာ ဇိဝိတဒါနဆေးရုံ ဂေဟာကို ဆောက်လုပ် လှူဒါန်းထားပါတယ်။

သူမရဲ့ ရဟန်းရှင်ပြည်သူအများ စောင့်ရှောက်ရေး ဂေဟာတွေမှာ ဝန်ထမ်းတွေ ဆေးဘက်ဆိုင်ရာ ဆရာ မတွေကို လစာနဲ့ ခန့်ထားတာပါ။

ယခုလည်း ဟင်္သာတမြို့ ပြည်သူ့ဆေးရုံကြီးမှာ ကိုဗစ် Positive ဖြစ်နေတဲ့ လူနာတွေကို ထ္မင်းဟင်းနေ့စဉ် လှူဒါန်းနေတာဘဲ ဖြစ်ပါတယ်။

သူမရဲ့ အမည်ကတော့ မသင်းရွှေစင်လိူင်ပဲ ဖြစ်ပါတယ်။ လေးစား ဂုဏ်ယူ မိပါတယ်။

ပရိတ်သတ်ကြီးအားလုံးလည်း မသင်းရွှေစင်လိူင်ရဲ့ အလှူလေးကို သာဓုခေါ်ပေးကြပါအုံးနော်။

အဆုံးထိဖတ်ပေးကြတဲ့ ပရိတ်သတ် တစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအထူး တင်လျက်ပါ။ Credit

Tags:

Add a Comment

Your email address will not be published. Required fields are marked *