ဆရာမင်းကိုနိုင် ရေးသားထားတဲ့ စာသားလေး ကူးယူပြီး စကစကို ဒဲ့မေးလာခဲ့တဲ့ မြနှင်းရည်လွင်

ဆရာမင်းကိုနိုင် ရေးသားထားတဲ့ စာသားလေး ကူးယူပြီး စကစကို ဒဲ့မေးလာခဲ့တဲ့ မြနှင်းရည်လွင်

မင်္ဂလာပါ ချစ် ပရိတ်သတ်ကြီးရေ MRTV-4 မှ ထုတ်လွှင့် ပြသတဲ့ ဇာတ်လမ်းတွဲ တစ်ခုဖြစ်တဲ့ အဆိပ်သွေး ဇာတ်လမ်းတွဲနဲ့ ပရိတ်သတ် အားပေးမှု့ကို

ပိုမိုရရှိလာခဲ့တဲ့ မြနှင်းရည်လွင်က လက်ရှိမှာ ခက်ခဲကြမ်းတမ်းတဲ့ လွတ်မြောက် နယ်မြေကို ရောက်ရှိနေပါတယ်။

သူမက အာဏာ စသိမ်းတဲ့နေ့မှစပြီး အခုလက်ရှိ အချိန်အထိ အာဏာရှင်ကို တိုက်ထုတ်ဖို့ ကြိုးစားအားထုတ်နေသူ တစ်ဦးပဲ ဖြစ်ပါတယ်။

ပြည်သူတွေ အားလုံးအမှန်တရား အတွက် လမ်းမပေါ်ထွက် ဟစ်ကြွေးကြတဲ့ အချိန်ကတည်းက ပြည်သူတွေနဲ့ အတူ ဆန္ဒပြခဲ့တဲ့ မင်းသမီးတစ်လက်ပဲ ဖြစ်ပါတယ်။

ဒါကြောင့် ပုဒ်မ ၅၀၅ ကနဲ့ တရား စွဲဆိုခံထားရပေမယ့် မြနှင်းရည်လွင်က လွတ်မြောက် နယ်မြေမှာ စစ်သင် တန်းတတ်ရောက်ပြီး လက်နက်ကိုင်စွဲပြီး ဆက်လက် တွန်းလှန်နေဆဲ ဖြစ်ပါတယ်။

ဒီနေ့မှာတော့ ဆရာမင်းကိုနိုင် ရေးသားထားတဲ့ စာပိုဒ်လေးထဲက စာသားတစ်ချို့ကို မြနှင်းက သဘောကျ နေတာပဲ ဖြစ်ပါတယ်။

မြနှင်းရည်လွင်က ဆရာမင်းကိုနိုင် ရေးသားထားတဲ့ စာ‌သားလေးကို သူမရဲ့ လူမှုကွန်ယက် စာမျက်နှာမှတဆင့် ပြန်လည် ကူးယူပြီး ရေးတင် ထားတာကို တွေ့ရပါတယ်။

အဆိုပါ စာသားလေးကို သူမနဲ့ အတူ ပရိတ်သတ်တွေက ကြိုက်နှစ်သက် နေကြတာကိုလဲ တွေ့ရပါတယ်။

ငါတို့ကို ခွင့်လွှတ် နိုင်လားလို့ မမေးခင် သူတို့ကို တောင်းပန်မှာလားလို့ အရင် မေးပါအုံး (မင်းကိုနိုင်) ဆိုတဲ့ စာသားလေးကို ပရိတ်သတ်တွေလည်း သိရ အောင် ပြန်လည် ဖော်ပြ ပေးလိုက်ပါတယ်။

သူမက တစ်ခါတလေ‌ တော်လှန်ရေး အတွက် အင် အားဖြစ်စေမဲ့ ကဗျာလေးတွေလဲ ပရိတ်သတ်တွေ အတွက် ဖတ်ပြတတ်ပါသေးတယ်။

လွတ်မြောက် နယ်မြေကို ရောက်ရှိနေတဲ့ မြနှင်းရည်လွင်ကို အားပေး ချစ်ခင်တဲ့ ပရိတ်သတ်တွေက သူမအတွက် အမြဲတမ်း ဂုဏ်ယူ လေးစားနေရတာပဲ ဖြစ်ပါတယ်။

ဒါကြောင့် အချို့ပရိတ်သတ်တွေက ပုံတူ ပန်းချီကားလေးတွေနဲ့ သူမကို ဂုဏ်ပြုထားပါသေးတယ်။

ပရိတ်သတ်တွေရဲ့ ပြည်သူ့ အချစ်တော် မင်းသမီးချော မြနှင်းရည်လွင် ပြန်လည် ကူးယူတင်ပြထားတဲ့ စာသားလေးက သူမရဲ့ ခိုင်မာတဲ့ စိတ်ဓာတ်ကို အ ကြွင်းမဲ့ ဖော်ပြပေးနေတာပဲ ဖြစ်ပါတယ်။

ပရိတ်သတ်တွေ အတွက် ပြန်လည် ဖော်ပြပေးလိုက်ပါတယ်။

အဆုံးထိ ဖတ်ပေးကြတဲ့ ပရိတ်သတ် တစ်ယောက်ခြင်းစီတိုင်း အထူး ကျေးဇူး တင်လျက်ပါ။

Add a Comment

Your email address will not be published. Required fields are marked *