ဆယ်စုနှစ်အတွင်း အဆိုးရွားဆုံး သဲမုန်တိုင်းကြောင့် တရုတ်မှာ ခြောက်ဦးသေဆုံးပြီး ၈၁ ဦးပျောက်ဆုံးနေ

ဆယ်စုနှစ်အတွင်း အဆိုးရွားဆုံး သဲမုန်တိုင်းကြောင့် တရုတ်မှာ ခြောက်ဦးသေဆုံးပြီး ၈၁ ဦးပျောက်ဆုံးနေ

ဆယ်စုနှစ်အတွင်း အဆိုးရွားဆုံး သဲမုန်တိုင်း တိုက် ခတ်မှုကြောင့် တရုတ်နိုင်ငံမှာ လူပေါင်းခြောက်ဦးထက် မနည်းသေဆုံးပြီး ဒါဇင်နဲ့ချီကာ ပျောက်ဆုံးမှုတွေ ဖြစ်ပွားနေတယ်လို့ သိရပါတယ်။

ပေကျင်း နဲ့ တရုတ်ပြည် မြောက်ပိုင်း၊ မွန်ဂိုလီးယား ဒေသဘက်မှာ ပြင်းထန် ဆိုးရွားတဲ့ သဲမုန်တိုင်းဒဏ်ကို ခံစားနေရတာဖြစ်ပြီး အရေးပေါ် အခြေအနေအထိ ဖြစ်နေတယ်လို့ သိရပါတယ်။

တရုတ် အနောက်မြောက် ဘက်ရှိ Xinjiang နဲ့ Gagnsu ကနေ မြောက်ပိုင်း Inner မွန်ဂို လီးယားနဲ့ Hebei တို့အထိမှာ တိုက်ခိုက်နေတယ် လို့လည်း Meteorological Centre က အတည်ပြုခဲ့ပါတယ်။

မွန်ဂိုလီးယား အမျိုသားအရေးပေါ် စီမံခန့်ခွဲမှု အေ ဂျင်စီကတနင်္လာ နေ့မှာ သဲမုန်တိုင်းကြောင့် သေဆုံးသူ ခြောက်ဦးနဲ ၈၁ ဦး အထိ ပျောက်ဆုံး နေတယ်လို့ ပြောကြားခဲ့ပါတယ်။

အဝါရောင် သဲမုန်တိုင်း သတိပေးချက်ကို တနင်္လာနေ့မနက်ပိုင်းမှာ တရုတ်အမျိုးသားမိုးလေဝသဌာနက ထုတ်ပြန်ခဲ့ပြီး ဘေးဒဏ်သင့်ပြည်သူတွေကို တံခါးနဲ့ ပြတင်းပေါက်တွေပိတ်ထားဖို့၊

မျက်နှာဖုံးနဲ့ ပဝါတွေတပ်ဆင်ဖို့ကိုလည်း သတိပေးခဲ့ပြီး ဒုတိယအနိမ့်ဆုံးသတိပေးချက်အဖြစ်နဲ့လည်း သတ်မှတ်ခဲ့ကာ မုန်တိုင်းဟာ ကြာသပတေးနေ့အထိ တိုက်ခတ်နိုင်တယ်လို့ ဆိုပါတယ်။

“တနင်္လာနေ့ကနေအစပြုခဲ့ပြီး အင်္ဂါနေ့မနက် ၈ နာရီမှာ လေအေးတွေနဲ့ လေပြင်းတိုက်ခတ်မှုတွေစတင်ခဲ့ပါတယ်၊သဲတွေနဲ့ ဖုန်မှုတွေဟာ Xinjiang , Inner Mongolia, Heilongjiang, Jilin, Liaoning,

Gansu, Ningxia,Shaanxi,Shanxi, Hebei, Beijing and Tianjinတို့အထိ သက်ရောက်မယ်လို့လည်းမျှော်လင့်ရပါတယ်” လို့ ဆင်ဟွာသတင်းဌာနက ကြေညာခဲ့ပါတယ်။

ပေကျင်းမြို့အတွင်း လေထု အရည်အသွေးဟာလည်း လယ်ဗယ် (၅၀၀) အထိ ရှိသွားခဲ့ပြီး တမြို့လုံးမှာ အဝါရောင် သဲမှုန်တွေ ဖုံးလွှမ်းနေခဲ့ပါတယ်။

လေထုအရည် အသွေး ကျဆင်းမှုဟာ တစ်နာရီကို (၇၃၂) မိုက်ခရိုဂရမ်အထိ ထိုးတက်သွားခဲ့ တယ်လို့လည်း ပေကျင်းအ ခြေစိုက် NGO ပြည်သူနဲ့ ပတ် ဝန်းကျင်ရေးရာ အင်စတီကျုက တီထွင်ထားတဲ့ app တစ်ခုက ဆိုပါတယ်။ Source ; therivernews

Tags:

Add a Comment

Your email address will not be published. Required fields are marked *