ဆင်းရဲသားတွေအတွက် အိမ်အလုံး (၉၀) ဆောက်လုပ်လှူဒါန်းလာခဲ့တဲ့ လုပ်ငန်းရှင် (အပြည့်စုံဖတ်ရန် ပုံကိုနှိပ်ကြည့်ပါ)

ဆင်းရဲသားတွေအတွက် အိမ်အလုံး (၉၀) ဆောက်လုပ်လှူဒါန်းလာခဲ့တဲ့ လုပ်ငန်းရှင်

မင်္ဂလာပါ ချစ်ပရိတ်သတ်ကြီးရေ ခုပြောပြမယ့် အကြောင်းလေးကတော့ အိန္ဒိယနိုင်ငံ မဟာရက်ရ်ှထရာက စီးပွား ရေးသမား သူ ဌေးတစ်ယောက်ဖြစ်တဲ့ အဂျေးမန်နော့က သူ့သမီးအတွက် အကြီးအကျယ် မင်္ဂလာ ဆောင်မယ့်အစား အဲသည်ပိုက်ဆံကို ဆင်း ရဲသားတွေအတွက် အိမ်အလုံး (၉၀) ဆောက်လုပ် လှူဒါန်းလာခဲ့ပါတယ်။

မန်နော့က သူ့သမီး ရှရီရာရဲ့ မင်္ဂလာဆောင်အတွက် ရင်းဂစ် သိန်း (၇၀) (၈၀) ဒေါ်လာ (၁၁၅,ဝဝဝ) လောက် သုံးဖို့ရည်ရွယ်ထားပေမဲ့လည်း ဒေသတွင်း နိုင်ငံရေး သမားတစ်ယောက်နဲ့ ဆွေးနွေးပြီးနောက် အဲပိုက်ဆံတွေကို သုံးဖို့ ပိုကောင်းမွန်တဲ့ နည်းလမ်းရှိကြောင်း ဆုံးဖြတ်လာခဲ့ပါတယ်။

မန်နော့က မြေနှစ်ဧကပေါ်မှာ အိမ် (၁၀၈) လုံးကို သူ့သမီး မင်္ဂလာ ဆောင်တဲ့ရက်မှာ အပြီးတည်ဆောက်ဖို့ ရည်မှန်းလာခဲ့ပါတယ်။ ဒါပေမဲ့ မင်္ဂလာပွဲကျင်းပတဲ့ နေ့ကြီးမှာ အိမ်အလုံး (၉၀) ကိုသာ ပြီးစီးအောင်ဆောက်နိုင်ခဲ့ပြီး သတို့သားနဲ့သတို့သမီးက အိမ်သော့တွေကို အသေအချာ ရွေးချယ်ထားတဲ့ ဆင်းရဲသားတွေလက်ထဲ ထည့်ပေးလာခဲ့ကြပါတယ်။

အိမ်သစ်ရဖို့အတွက် လူတွေက အချက်တချို့နဲ့ ကိုက်ညီဖို့လိုပါတယ်။ ဆင်းရဲသားဖြစ်ရမယ်။ ဆင်းရဲသား ရပ်ကွက်တွေမှာ နေထိုင်ရမယ် အရက် မူးယစ်ဆေးနဲ့လောင်း ကစားစွဲတဲ့ သူတွေ မဖြစ်ရပါဘူး။ မန်နော့ရဲ့ သမီးရှရီက သူ့အဖေရဲ့ အပြုအမူက သူ့အတွက် အကောင်းဆုံး မင်္ဂလာလက်ဖွဲ့ပဲလို့ ပြောပြလာခဲ့ပါတယ်။

ဒီဆုံးဖြတ်ချက်ကို ကျွန်မသိပ်သဘောကျပြီး မင်္ဂလာဆောင်အတွက် အကြီးဆုံး လက်ဖွဲ့အဖြစ် မှတ်ယူပါတယ်လို့ ပြောပြလာခဲ့ပါတယ်။

ပရိတ်သတ်ကြီးအားလုံးလည်း ၎င်း အလှူရှင်အတွက် သာဓုခေါ်ပေးကြပါအုံးနော်။ အချိန်ပေးဖတ်ရှုအားပေးကြတဲ့ ပရိတ်သတ်ကြီးအားလုံးလည်း ကျေးဇူးအထူးတင်ရှိပါ။ Credit

Tags:

Add a Comment

Your email address will not be published. Required fields are marked *