ဆင်းရဲပေမယ့် ဘဝကို ရိုးသားစွာ ဖြတ်သန်းနေတဲ့ မီးပွိုင့်နားက ပန်းရောင်းနေတဲ့ ကလေး (အပြည့်စုံဖတ်ရန် ပုံကိုနှိပ်ကြည့်ပါ)

ဆင်းရဲပေမယ့် ဘဝကို ရိုးသားစွာ ဖြတ်သန်းနေတဲ့ မီးပွိုင့်နားက ပန်းရောင်းနေတဲ့ ကလေး

မင်္ဂလာပါ ချစ်ပရိတ်သတ်ကြီးရေ ထားဝယ်မြို့ ရုံးကြီး ပွိုင့်နားက ပန်းရောင်းနေတဲ့ ကလေးလေးကို အရင်က မတွေ့ဖူးပါဘူး ။

ခုတွေ့နေရတာကမှ ၃ ရက် ၄ ရက်လောက်ရှိပြီဗျ ။

ပန်းဝယ်အုံးမှ ပဲဆိုပြီးတော့ စိတ်ကူးနေတာ ၁၈ ရက်နေ့ညကအားပေးဖြစ်ခဲ့တာပါ ။

သူနဲ့ စကားပြောကြည့်လိုက်တော့ ကျန်းမာရေး မကောင်းဖြစ်နေတဲ့ အမေ့ကို ရှာကျွေးနေတဲ့ သားအကြီးဆုံးတဲ့ဗျာ။

အောက်မှာကတော့ ညီလေးတွေ ညီမလေးတွေ ရှိသေးတယ်တဲ့ ။

သူ့ဘေးမှာရပ်နေတဲ့ မဇာဇာလင်းက ပန်းကူရောင်းပေးနေတာ ကျေးဇူးပါခင်ဗျာ။

(အရင်က ပြောင်းဖူးပြုတ် ရောင်းတယ်တဲ့ သနားလို့ ကူညီပေးနေတာတဲ့) စိတ်ကူးတုန်းကတော့ ပန်းအိုး တစ်အိုးစာပဲ ဝယ်မလို့ ။

နောက်တော့မှ သူအကြောင်းလည်း သိရတော့ သနားလည်း သနား သူ့စိတ်ဓာတ်ကိုလည်း လေးစားတာကြောင့် ပန်းတွေ အားလုံး ဝယ်လိုက်တာပါ ။

ဘယ်လောက် ကျလဲမေးတော့ တစ်သောင်း ငါးထောင်ကျပ်တဲ့ ။

ကျွန်တော်က ၂ သောင်း ပေးခဲ့လိုက်တယ်ဗျ။ သူလက်မခံဘူး ။

သူများ ပိုက်ဆံ အဲလို မယူချင်ဘူးတဲ့ ယူလိုက်ပါ ညီလေးရာဆိုပြီးတော့ အတင်းပေးမှ သူလက်ခံသွားတာပါ ။

အပြင်ထွတ်လို့ ရုံးကြီး မီးပွိုင့်နားမှာ ဒီခလေးလေး ပန်းရောင်းနေတာ တွေ့ရင်တော့ မလိုအပ်လည်း အားပေးလိုက်ကြပါအုံးခင်ဗျ ။

အဆုံးထိဖတ်ပေးကြတဲ့ ပရိတ်သတ်တစ်ယောက်ချင်းစီတိုင်း အထူး ကျေးဇူး တင်လျက်ပါ ။ Credit

Add a Comment

Your email address will not be published. Required fields are marked *